39 C
Yangon

ခင်ဦးတွင် စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် လည်ပင်းကျည်ထိမှန်သော အသက် ၃ နှစ်အရွယ်သမီးငယ် ဆေးကုသမှု ခံယူနေရ

Must read

ရန်ကုန်၊ ဇူလိုင် ၁

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်ရှိ မြင်းဒေါင်းကျေးရွာနှင့် သာဂရ ကျေးရွာ အနီးရှိ တံတားလုံခြုံရေးစောင့် စစ်ကောင်စီတပ်သားက ဇွန်လ၂၉ရက်နေ့ နံနက် ၉ နာရီကျော်အချိန်တွင် ရမ်းသမ်းပစ်ခတ်မှုကြောင့် ၃ နှစ်အရွယ် သမီးငယ် လေးတစ်ဦးနှင့် ဖခင်ဖြစ်သူတို့ သေနတ်ကျည်ထိမှန်ခဲ့ပြီး ကလေးငယ် မှာ ရရှိဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

“သူတို့က မြင်းဒေါင်းကို ဈေးဝယ်လာတယ်လို့အကြောင်းပြပြီး ရွာသားတွေကို စစ်ဆေးတာတွေလုပ်တယ်။အဲဒီလိုလုပ်ပြီးတော့ သေနတ်တွေ ရမ်းပစ်တာ တွေလုပ်တယ်ဗျ။အဲဒီလိုပစ်ခတ်လို့ ကလေးချီမပြီး လမ်းလျှောက်နေတဲ့ သားအဖ နှစ်ဦးကျည်ထိမှန်ခဲတယ်။ ကလေးအဖေက နားရွက်ဖောက် ထွက်ပြီး ကျည်ထိမှန်တယ်။ ကလေးကတော့ မိန်ကလေးပါ။လည်ချောင်း ဖောက်ထွက် ဒဏ်ရာရတယ်” ဟု ခင်ဦးမြို့နယ် ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် အဆိုပါ သမီးငယ်သည် ဆေးကုသမှု ခံယူနေရပြီး အခြေအနေ‌ ကောင်းမွန်ကြောင်း၊ လည်ပင်း ကျည်ရှပ်ထိခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်က ပစ်ခတ်ပြီးနောက် မြင်းဒေါင်းရွာအတွင်းသို့ ဝင်ရောက်ကာ Good Day ကုန်စုံဆိုင်ရှိ 8k/9538 လိုက်ထရပ်ကားနှင့် ငွေ၂သိန်း၊လက်စွပ်တစ်ကွင်း၊လက်ကိုက်ဖုန်းများကိုလည်း လုယက်ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article