39 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၁ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ကရင်ပြည်နယ်၊ မြဝတီမြိုနယ်၊ ဥကရစ်ထစခန်းကို စစ်ကူလာတဲ့တပ်မ ၄၄ စစ်ကြောင်းတွေကို ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းက KNDO ဗိုလ်ကြီးအယ်စေးဝါးဦးဆောင်တဲ့အဖွဲက တိုက်ခိုက်ရာ အကြမ်းဖက်စစ်သားတွေ အတုံးအရုန်း သေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ပါတယ်။

  • လူသတ်အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေထားရှိတဲ့ ရန်ကုန်၊မှော်ဘီ လေတပ်စခန်း၊ ထောင်ထားတဲ့ဗုံး မပေါက်ကွဲခဲ့ပေမယ့် လေတပ်အရာရှိနဲ့ စစ်သားအများအပြား ဖမ်းဆီးခံရပြီး စစ်ကြောရေးပိုဆောင်ခံထားရတယ်လို မှော်ဘီ လေတပ်သတင်းရင်းမြစ်က ပြောပါတယ်။
  • ရန်ကုန်လှည်းတန်းပေ ၅၀ လမ်းမှာ မနေ့က ည ၈ နာရီခွဲလောက်က စစ်တပ်က ဝင်ရောက်ရမ်းကားပြီး လမ်းဘေးစျေး သည်တွေရဲ့ စျေးဗန်းများကို မီးရှိကာ စျေးသည်တွေကို ရိုက်နှက်နေတယ်လို ဒေသခံတွေက ပြောပါတယ်။
  • ကရင်နီပြည်နယ်၊ လွိင်ကော်-လောပိတလမ်းမကြီးပေါ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရိက္ခာသယ်ပိုတဲ့ကား ၁ စီးကို ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းက ကင်းလှည့်နေတဲ့ KNDF တပ်ရင်း ၁၀ တပ်ဖွဲက တွေ့ရှိပြီး ပစ်ခတ်ရှင်းလင်းရာ စစ်ကောင်စီ ဘက်က ဗိုလ်ကြီး ၁ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article