28 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

24660 POSTS
0 COMMENTS

အမေရိကန်၊ဝါရှင်တန်ဒီစီရှိ အကြမ်းဖက် စစ်ကောင်စီ သံရုံးရှေ့တွင် စစ်အာဏာရှင် စနစ် ချေမှုန်းရေ ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၂၁ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ အကြမ်းဖက်စစ်ကောင်စီသံရုံးရှေ့တွင် စစ်အာဏာရှင် စနစ် ချေမှုန်းရေး အတွက် အမေရိကန်ရောက် မြန်မာများက ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့ ( အမေရိကန်စံတော်ချိန် ဩဂုတ်လ ၂၀ ရက်နေ့) တွင် ဆန္ဒပြကြသည်။

သံတောင်ကြီး၊ ရေသိုးကလေးကျေးရွာတွင် အကြမ်းဖက်စစ်တပ်၏ ခမရ ၅၀၄ စစ်ကြောင်းမှ တပ်သား ၂ ဦးကို အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းပြီး ပြန်လွှတ်ပေး

ရန်ကုန်၊ ဩဂုတ် ၂၁ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ရေသိုးကလေးကျေးရွာတွင် အကြမ်းဖက်စစ်တပ်၏ ခမရ ၅၀၄ မှ စစ်သား ၂ ဦးကို KNDO တပ်ဖွဲ့က ယမန်နေ့ ဩဂုတ်လ ၁၉ ရက် ညပိုင်းတွင် ဖမ်းဆီးမိပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းကာ ၎င်းစစ်သား ၂...

စစ်အာဏာရှင်ဆန့်ကျင်ရေး ပဲခူးတွင် ‘တော်လှန်နေ့မဲ့ မျိုးဆက်’ စာသား ချိတ်ဆွဲ ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၂၁ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ပဲခူးမြို့၊ ရန်ကုန်-မန္တလေး ကားလမ်းမတွင် ယနေ့ ဩဂုတ်လ ၂၁ ရက် နံနက်၌ 'တော်လှန်နေမဲ့ မျိုးဆက်' ဘန်နာကို ချိတ်ဆွဲပြီး ဆန္ဒပြကြသည်။

ဖလမ်းမြို့တွင် ကုတင် ၅၀ ဆံ့ဆေးရုံ CNO က ဖွင့်လှစ်

ရန်ကုန်၊ သြဂုတ် ၂၁ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် Chin National Organization (CNO) အဖွဲ့ ကျန်းမာရေးဌာနက ကြီးမှူးသည့် Suangdawn ကုတင် ၅၀ ဆံ့ ဆေးရုံဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း ချင်းအမျိုးသား...

ရှားတောမြို့နယ်၊ တငူးဆို အအကြမ်းဖက်စစ်တပ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့ မီးရှို့ရှင်းလင်း၊ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်စခန်း ၈ ခုကို ကရင်နီတပ်ဖွဲ့ သိမ်းပိုက်

ရန်ကုန်၊ ဩဂုတ် ၂၁ ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်၊ တငူးဆိုဒေသရှိ အကြမ်းဖက်စစ်တပ်၏ ခြေကုပ်စခန်း ပွိုင့် ၅၃၅၀ စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က မီးရှို့ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ တငူးဆို စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ဗျူဟာမြောက် တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်သားများ စခန်းမှ ဆုတ်ခွာသွားသဖြင့် စခန်းကို မီးရှို့ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ကရင်နီတပ်မတော်...
00:11:09

Khit Thit သတင်းဌာန ဩဂုတ် ၂၁ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၂၁ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့်သွား မှာဖြစ်ပါတယ်။ဒီအစီအစဉ် မှာတစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။

မကွေးတွင် ဖမ်းဆီးရမိပြီး သေဆုံးသွားသော ဗိုလ်ဆန်းဝင်းအောင်မှာ နေပြည်တော် စစ်တပ် ထောက် လှမ်းရေးအတွက် အရေးပါသူဖြစ်ပြီး ဒရုန်းနှင့် GPS ၊ Spy ပစ္စည်းများနှင့်အသုံးပြုနည်း ပို့ချသူသင်တန်းဆရာဖြစ်

ရန်ကုန်၊ ဩဂုတ် ၂၁ မကွေး၊ မြိုင်-ပခုက္ကူလမ်းပိုင်းတွင် ဩဂုတ်လ ၂၀ ရက်နေ့ ဖမ်းဆီးရမိပြီး သေဆုံးသွားသော ဗိုလ်ဆန်းဝင်းအောင်သည် နေပြည်တော် စစ်ကောင်စီ၏ ထောက် လှမ်းရေးအတွက် အရေးပါသူဖြစ်ပြီး ဒရုန်းနှင့် GPS သင်တန်းများပို့ချသူ၊ Spy ပစ္စည်းများနှင့်သင်တန်းပို့ချသူဖြစ်ကြောင်း သိရှိရသည်။ ဩဂုတ်လ ၂၀ ရက်နေ့ မကွေးတိုင်းတွင်...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိ

ရန်ကုန်၊ဩဂုတ် ၂၁ မြန်မာနိုင်ငံတစ်ဝန်း ဩဂုတ်လ ၂၀ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး ၆ ဦး ဖမ်းမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင်...

စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ဧရာ၀တီနှင့် ကရင်နီပြည်နယ်တို့တွင် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်မှုများ အရှိန်မြင့်တက်လာ

ရန်ကုန်၊ ဩဂုတ် ၂၁ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ဧရာ၀တီနှင့် ကရင်နီပြည်နယ်တို့တွင် အကြမ်း ဖက် စစ်ကောင်စီတပ်များ ကို ခုခံတိုက်ခိုက်မှုများ အရှိန်မြင့်တက်လာကြောင်း‌ ဒေသ ကာကွယ်ရေးတပ်များထံမှ သိရှိရသည်။ ဝက်လက်တွင် စစ်ယာဉ်တန်းမိုင်းဆွဲခံရ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ဩဂုတ်လ ၁၉ ရက်နေ့တွင် စစ်ကိုင်းမြို့ ၃၃...

မြ၀တီတွင် ဗုံးနှစ်လုံးပေါက်ကွဲပြီးနောက် မြ၀တီမြို့လုံခြုံရေး စစ်တပ်နှင့် BGF က တင်းကျပ်ပြီး လမ်းတချို့ပိတ်ဆို့စစ်ဆေး၊ တမူးမြို့နယ်နှင့်ခရိုင်တရားရုံးတွင်လည်း ဗုံးပေါက်

ရန်ကုန်၊ ဩဂုတ် ၂၀ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ဗုံးနှစ်ပေါက်ကွဲပြီးနောက် မြ၀တီမြို့ကို စစ်တပ်နှင့်BGF က လုံခြုံရေးတင်းကျပ်ထားပြီး လမ်းတချို့ကိုလည်း ပိတ်ဆို့ထားကြောင်း မြ၀တီဒေသခံများက ပြောသည်။ ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် ဧရာ၀တီဓာတ်ဆီဆိုင်အနီးတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာမှုမရှိကြောင်း...

Latest news

- Advertisement -spot_img