- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

45074 POSTS
0 COMMENTS

ကျောက်ကြီး- မုန်း ကားလမ်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၆ ဦးသေဆုံး ၊ ရေဦးတွင်လည်း စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၅ ပဲခူးတိုင်း၊ ကျောက်ကြီး- မုန်း ကားလမ်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် ၆ ဦးသေဆုံးကြောင်း KNU ကရင်အမျိုးသားအစည်းအရုံး (ဗဟို)က သတင်းထုတ်ပြန်သည်။ စက်တင်ဘာလ ၂ ရက်နေ့ ၊ ကျောက်ကြီး-မုန်းကားလမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ်၏...

ပေါင်းတည်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ဒဏ်ရာရသူများကို ရွှေတောင် ကုတင် ၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၅ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၆ ဦးပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရသူများကို ရွှေတောင်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက် လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ...

ပွင့်ဖြူနှင့်မြိုင်မြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းနှင့် စခန်းများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၅ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီကုန်းရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၂၁ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖက ထုတ်ပြန် သည်။ စက်တင်ဘာလ ၄ ရက်နေ့က ပွင့်ဖြူမြိုနယ် ၊ မဲဇလီကုန်းရဲစခန်းမှ ထွက်လာသော အကြမ်းဖက်...

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးရောဂါ အထူးကုဆရာဝန်နဲ့ ပြသဖို တောင်း ဆိုပေမယ့် စစ်တပ်က ငြင်းဆန်ထားတယ်လို ဗြိတိန်အခြေစိုက် The Independent သတင်းဌာနကနေ သတင်းဖော်ပြထားပါတယ်။ ပဲခူးတိုင်း၊ ဥသျှစ်ပင်မြိုက...

ချောက်မြို့ပေါ်ရှိ ကိုရီးယားဘာသာစကား သင်တန်းကျောင်းကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး အသက် ၂၀ အရွယ် လူငယ် ၁၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီး

ရန်ကုန်၊ စက်တင်ဘာ ၅ မကွေးတိုင်း၊ ချောက်မြို့ပေါ်ရှိ ကိုရီးယားဘာသာစကား သင်တန်းကျောင်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး အသက် ၂၀ ဝန်းကျင် လူငယ် ၁၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ပြည်သူ့ညီနောင် -စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယမန်နေ့ စက်တင်ဘာလ...

မြန်မာနိုင်ငံအတွက် လူငယ်တိုင်း စစ်မှုထမ်းရမည့် စစ်မှုထမ်းဥပဒေ ပိုမိုလိုအပ်ဟု ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီ ထုတ်ပြော

ရန်ကုန်၊ စက်တင်ဘာ ၅ မြန်မာနိုင်ငံအတွက် လူငယ်တိုင်း စစ်မှုထမ်းရမည့် စစ်မှုထမ်းဥပဒေ ပိုမိုလိုအပ်ကြောင်း ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက စစ်တပ်လော်ဘီတစ်ဦးနှင့်အင်တာဗျူးတွင် ထုတ်ဖော်ပြောဆိုသည်။ စက်တင်ဘာလ ၃ ရက်နေ့ ကြံ့ဖွတ်ခင်ရီက ၎င်း၏ တယ်လီဂရမ်မှတစ်ဆင့် စစ်လော်ဘီတချို့နှင့် အင်တာဗျူး ရုပ်သံဖိုင်များ ထုတ်ပြန်လာပြီး ယင်းရုပ်သံ အင်တာဗျူးတွင် စစ်မှုထမ်းဥပဒေသည် မြန်မာနိုင်ငံအတွက်...

အုတ်ဖိုမြို့နယ်တွင် ပျူစောထီးများ လိုက်ပါလာသော ဆိုင်ကယ် ယာဉ်တန်းကို ပစ်ခတ် တိုက်ခိုက်မှု ပျူစောထီး ၁ ဦးသေဆုံးပြီး ဆိုင်ကယ် ၁ စီး သိမ်းဆည်းရရှိ

ရန်ကုန်၊ စက်တင်ဘာ ၅ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ပျူစောထီးများ လိုက်ပါလာသော ဆိုင်ကယ် ယာဉ်တန်းကို ပစ်ခတ် တိုက်ခိုက်ရာ ပျူစောထီး ၁ ဦးသေဆုံးပြီး ဆိုင်ကယ် ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူ...

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် တရားမဝင် မြန်မာနိုင်ငံသား ၄၃ ဦးကို ဖမ်းမိ၊ စမွတ်ဆာခွန်ခရိုင်တွင် တရားဝင် မြန်မာအလုပ်သမား ၄၇ ဦး လုပ်အားခ မရသည့်အပြင် အလုပ်ပါ အထုတ်ခံရ

ရန်ကုန်၊ စက်တင်ဘာ ၅ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် တရားမဝင် မြန်မာနိုင်ငံသား ၄၃ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်အချိန် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင် ၊ထောဖာဖူမြို့နယ် ဟိင်ဒတ်ကျေးရွာ အုပ်စု ၆ တွင်...

ကျောက်မဲနှင့် ပုလဲမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ပြည်သူ ၄ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့ နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ နံနက် အစောပိုင်း စစ်တပ်က ကျောက်မဲမြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ်...

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာနိုင်ငံမှာ အခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့ တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် အိုးအိမ်ပျက်စီး သေကြေတဲ့ အထိကို ဒုက္ခရောက်ခဲ့ရတဲ့ ငလျင်ဘေးသင့် ပြည်သူတွေအတွက်ကို နိုင်ငံတကာက လှူဒါန်းထားတဲ့ အမိုးအကာ၊...

Latest news

- Advertisement -spot_img