26.9 C
Yangon
spot_img

CATEGORY

Editor Choice

ဟုမ္မလင်းမြို့ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြသပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်နေရ

ရန်ကုန်၊ သြဂုတ် ၂ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒ ပြသပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်ကို စစ်တပ်က သြဂုတ်လ ၁ ရက်နေ့ မန္တလေးမြို့တွင် ဖမ်းဆီးခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်နေရကြောင်း သိရှိရသည်။ ဟုမ္မလင်းမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ၄င်းသည် မန္တလေးမြို့ ဆေးခန်းတစ်ခုတွင် ဆေးကုသရန်စောင့်ဆိုင်းနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက...

အာဏာသိမ်းရန် စစ်တပ်၊ ကြံ့ဖွတ်၊ မဘသ၊ အမျိုးသားရေးသမားများ ပူးပေါင်းအကွက်ချ ကြိုတင်ကြံစည်ခဲ့ပြီး တပ်ထောက်ခံပွဲနှင့် လမ်းပေါ်ဆန္ဒပြပွဲများအတွက် ငွေကျပ် သိန်းထောင်ပေါင်းများစွာ သုံးစွဲခဲ့

------------------------------------------------------------------------------------------------------------------------------------------ မင်းအောင်လှိုင်၏ ညွှန်ကြားချက်နှင့်အတူ ဝီရသူ၊ သုစိတ္တ၊ ခင်ရီ၊ အေးနေဝင်း၊ စရဖ သန့်ဇင်ကျော်၊ ဘူးလက်လှဆွေ၊ မိုက်ကယ်ကျော်မြင့်၊ ခင်၀ိုင်းကြည်၊ မောင်မြင့် အပါအဝင် ဇတ်ကောင်များစွာပါဝင်ခဲ့ကြ ရန်ကုန်၊ ဩဂုတ် ၂ မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းရန် ကြိုတင်ကြံစည်မှုကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ နိုင်ငံရေးစင်မြင့်ပေါ်...

မင်္ဂလာဒုံ၊ ပုလဲမြို့သစ်မှ လက်နက်ကိုင်ခွင့်ရ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လင်မယား ပစ်သတ်ခံရ၊ မိုင်းပေါက်ကွဲသံများထွက်ပေါ်နေပြီး စစ်အင်အားတိုးချ

ရန်ကုန်၊ ဩဂုတ် ၂ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ပုလဲ၂ ပေါင်းကူဉာဏ ရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဝင်းနိုင်ထွန်းနှင့်ဟေမာထွန်းတို့ လင်မယား ၂ ဦး ယနေ့ နံနက် ၉ နာရီအချိန်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း‌ ဒေသခံများက ပြောဆိုသည်။ "ပုလဲမြို့သစ်က အုပ်ကြီးဝင်နိုင်ထွန်းလင်မယားကားအောက်ထဲ ဗုံးအပစ်ခံရပြီး သေနတ်နဲ့ပစ်သတ်ခံရတာ...

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် စီးနင်းလေ့ရှိသော MAI Airbus လေယာဉ် မနက်ဖြန် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ထွက်ခွာပြီး ဩဂုတ်လ ၅ ရက်နေ့ ပြန်လည်ရောက်ရှိမည်၊ IL 96 ရုရှားလေယာဉ်ဖြင့် ရုရှားကိုယ်စားလှယ်အဖွဲ့ ဩဂုတ်လ ၃ ရက်နေ့ နေပြည်တော် လာရောက်မည်

ရန်ကုန်၊ ဩဂုတ် ၁ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်စီးနင်းလေ့ရှိသော အထူးလေ ယာဉ် MAI Airbus A319 သည် နေပြည်တော်မှ နံနက် ၈ နာရီအချိန် မော်စကိုမြို့သို့ ထွက်ခွာမည်ဖြစ်ပြီး ဩဂုတ်လ ၅ ရက်နေ့တွင် နေပြည်တော်သို့ ပြန် လည် ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။ ယင်းခရီးစဉ်ကို...

စစ်ကိုင်းမှ ဗီဒီယို ရိုက်ကူးရေးသမား ဦးအေးကျော်ကို တပ်မ ၃၃ က နာရီပိုင်းအတွင်းဖမ်းဆီးသတ်ဖြတ်ပြီး အလောင်း စွန့်ပစ်၊ မိသားစုက အလောင်းပြန်ကောက်သဂြိုလ်ရ၊ စစ်ကိုင်းတွင် ပြည်သူ ၃ ဦးထက်မနည်းကို စစ်တပ်က သတ်ဖြတ် အလောင်းစွန့်ပစ်

ရန်ကုန်၊ ဇူလိုင် ၃၁ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အောင်ချမ်းသာမှ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးရေးသမား ဦးအေးကျော်ကို စစ်ကောင်စီတပ်က ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးသွားခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် အလောင်းကို စွန့်ပစ်ခဲ့သဖြင့် မိသားစု မိမိအစီအစဉ်ဖြင့် မိမိအလောင်းကောက်ယူသဂြိုလ်ရကြောင်း ဦးအေးကျော်၏ မိတ်ဆွေဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

သင်္ဃန်းကျွန်းတွင် ဗုံးဆင်ရင်းသေဆုံးသူ ၂ ဦးမှာ မဘသ၊ အမျိုးသားရေးသမား များဖြစ်ပြီး သု၀ဏ္ဏ မဘသ ထွန်းကျော်၏ တပည့် များဖြစ်၊ မဘသနှင့် အမျိုး သားရေးသမားများက လူထုအကြားတွင် ဗုံးခွဲမှုများ လုပ်ဆောင်၍ PDF ကိုနာမည်ဖျက်

ရန်ကုန်၊ ဇူလိုင် ၃၁ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏ ၂၉ ရပ်ကွက်၊ ကောက်သွယ် ၁ လမ်းရှိ အိမ်ပိုင်ရှင် သိန်းဦး၏ နေအိမ်တွင် ယနေ့ နံနက်ပိုင်း ဗုံးဆင်ရင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယင်းဗုံးပေါက်ကွဲမှုတွင် သေဆုံးခဲ့သူ ၂ ဦးမှာ စစ်တပ်ထောက်ခံသူ၊ မဘသနှင့်...

ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့၏ နေအိမ်ရှေ့သို့ သွားရောက် ဆဲဆို ခဲဖြင့်ပေါက်ခဲ့မှုကို စစ်မှုထမ်းဟောင်း၊ မဘသ၊ မျိုးစောင့်လူငယ်နှင့် ကြံ့ဖွတ်ပါတီက ဦးစီးလုပ်ဆောင်ခဲ့၊ ပါဝင်သူများ၏ နာမည်စာရင်းများနှင့် ငွေကြေးစိုက်သူများကို ဖော်ထုတ်ခြင်း

ရန်ကုန်၊ ဇူလိုင် ၂၈ အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင် သတ်ဖြတ်လိုက်သော ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်တို့၏ နေအိမ်များရှေ့သို့ ဇူလိုင်လ ၂၇ ရက်နေ့က လူအုပ်စုဖြင့် ဆဲဆိုခြင်း၊ ခဲဖြင့်ပေါက်ခြင်းများကို လုပ်ဆောင်ရာတွင် စစ်မှု ထမ်းဟောင်းများ၊ မဘသ ၊ မျိုးစောင့်လူငယ်နှင့် ကြံ့ဖွတ်ပါတီတို့က ဦးဆောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူများနှင့် သိရှိထားသော...

ပေါက်မြို့နယ်၊ ကျားပစ်ကန်ကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက် နက်ကြီးကျည်ထိမှန်၍ အသက် ၆ နှစ်အရွယ် မသိမ့်သိမ့်ဖြူ သေဆုံး၊ အသက်မပြည့် သေးသည့် အခြေခံပညာကျောင်းသား ၂ ဦးဖြစ်သည့် မောင်လမင်းမောင်မောင်နှင့် မောင်မိုးယံထက်ကို ပါးစပ်ထဲ သေနတ်ပြောင်းတေ့၍ စစ်တပ်က ပစ်သတ်

ရန်ကုန်၊ ဇူလိုင် ၂၈ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျားပစ်ကန်ကျေးရွာကို စစ်တပ်က ယမန်နေ့ ဝင်ရောက်စီးနင်းရာတွင် လက်နက်ကြီးများဖြင့် ကျေးရွာကို ပစ်ခတ်ခဲ့ပြီး အသက် ၆ နှစ်အရွယ် မသိမ့်သိမ့်ဖြူမှာ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဇူလိုင် ၂၇ ရက်နေ့ တွင်...

ရုရှား IL76TD ကုန်တင်လေယာဥ် နေပြည်တော်သို့ ၃ ကြိမ် ဆက်တိုက်လာရောက်နေ၊ စစ်လေယာဉ်အစိတ်အပိုင်းနှင့် လက်နက်များ ပို့ဆောင်ဖွယ်ရှိ၊ လက်ငင်းငွေချေရ၍ စစ်တပ်ကဒေါ်လာများ လိုက်သိမ်းဟု သုံးသပ်

ရန်ကုန်၊ ဇူလိုင် ၂၇ ရုရှား IL76TD ကုန်တင်လေယာဉ်သည် ရုရှားနိုင်ငံမှ နေပြည်တော်သို့ ယခုရက်ပိုင်းအတွင်း ဇူလိုင်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ နေ့စဉ် ဆက်တိုက် အသွားအပြန် ၃ ကြိမ်လာရောက် လျက်ရှိပြီး စစ်လေယာဉ်အစိတ်အပိုင်းများနှင့်လက်နက်ခဲယမ်းများ ပို့ဆောင်ဖွယ်ရှိကြောင်း သိရှိရသည်။ ဇူလိုင်လ ၂၅...

တိုင်းပြည်အတွက် အသက်ပေးခဲ့သူ အာဇာနည်တို့ အတွက် မင်းအောင်လှိုင်၊ စိုးဝင်း၊ စစ်ခေါင်းဆောင်များနှင့် အကြမ်းဖက်စစ်တပ်ကို မဖြစ်မနေ အမြစ်ဖြတ် ချေမှုန်း သေဒဏ်စီရင်ရမည်

အယ်ဒီတာ့အာဘော် ============ By ရန်ကုန်ခေတ်သစ် အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီက ဇူလိုင်လ ၂၅ ရက်နေ့တွင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်ပြီးဖြစ်ကြောင်း ကြေညာသည်။ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို ဇူလိုင်လ ၂၂ ရက်နေ့တွင် မိသားစုဝင်များနှင့် ပေးတွေ့ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း...

Latest news

- Advertisement -spot_img