30 C
Yangon

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် စီးနင်းလေ့ရှိသော MAI Airbus လေယာဉ် မနက်ဖြန် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ထွက်ခွာပြီး ဩဂုတ်လ ၅ ရက်နေ့ ပြန်လည်ရောက်ရှိမည်၊ IL 96 ရုရှားလေယာဉ်ဖြင့် ရုရှားကိုယ်စားလှယ်အဖွဲ့ ဩဂုတ်လ ၃ ရက်နေ့ နေပြည်တော် လာရောက်မည်

Must read

ရန်ကုန်၊ ဩဂုတ် ၁

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်စီးနင်းလေ့ရှိသော အထူးလေ ယာဉ် MAI Airbus A319 သည် နေပြည်တော်မှ နံနက် ၈ နာရီအချိန် မော်စကိုမြို့သို့ ထွက်ခွာမည်ဖြစ်ပြီး ဩဂုတ်လ ၅ ရက်နေ့တွင် နေပြည်တော်သို့ ပြန် လည် ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းခရီးစဉ်ကို VIP ခရီးစဉ် အမည်တပ်ထားပြီး ခရီးစဉ်သည် နေပြည်တော်မှ မော်စကိုသို့ ပျံသန်းမည်ဖြစ်ကြောင်း၊ ယင်းခရီးတွင် အကြမ်းဖက် မင်းအောင် လှိုင် သွားရောက်မည်လော(သို့မဟုတ်)အခြား အကြမ်းဖက် စစ်ခေါင်းဆောင် တစ်ဦး သွားရောက်မည်လော ဆိုသည်ကို အတိအကျ မသိရှိရသေးပေ။

MAI သတင်းရင်းမြစ်ကမူ မင်းအောင်လှိုင်၏ ခရီးစဉ်ဖြစ်နိုင်သည်ဟု ပြော ဆိုသော်လည်း စစ်တပ်သတင်းရပ်ကွက်ကမူ မင်းအောင်လှိုင် မဟုတ်သော စစ်ခေါင်းဆောင် တစ်ဦး၏ ခရီးစဉ်ဖြစ်နိုင်သည်ဟုဆိုသည်။

အကြမ်းဖက်မင်းအောင်လှိုင်သည် ဇူလိုင်လ ၁၀ ရက်နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့ အထိ ဘုရား ထီးတင် ရုရှားခရီးစဉ် အဖြစ်သွားရောက်ခဲ့သေးသည်။

လက်ရှိတွင် ရုရှားမော်စကိုမှ နေပြည်တော် လေဆိပ်သို့ ရုရှား ကုန်တင်လေ ယာဉ် များ ဆက်တိုက်ဆိုသလို လာရောက်လျက်ရှိသည့်အပြင် ဩဂုတ်လ ၃ ရက်နေ့တွင် ရုရှား IL96 လေယာဉ်ဖြင့် ရုရှားနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ နေပြည်တော် လာရောက်ရန်ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- MAI Airbus A319 လေယာဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article