30 C
Yangon
spot_img

CATEGORY

News

ရန်ကုန် လှိုင်သာယာတွင် လှည့်ကင်းစစ်ကားကို ဗုံးခွဲ၊ ကြည့်မြင်တိုင်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင် မီးစက်ကိုလည်း ဖောက်ခွဲ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရန်ကုန်ကြည့်မြင်တိုင်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင် မီးစက်နှင့် လှိုင်သာယာ လှည့်ကင်းစစ်ကားကို ဗုံးခွဲတိုက်ခိုက်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။ ယနေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန် လှိုင်သာယာမြိုနယ် အနောက်ပိုင်းတွင် တပ်ရင်း(၉)ဘက်သို့မောင်းနှင်လာသော ကင်းလှည့်စစ်ကားတစ်စီးကို အဝေးထိန်းဗုံး...

ထောင်ဒဏ် နှစ် ၈၀ ကျော် မတရားချမှတ်ခံထားရသည့် ကရင်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ်ထက်ဝက် လျှော့ပေါ့AA အဖွဲ့ဝင် ၄၆ ဦးနှင့် အကျဉ်းသား ၈၁၄ ဦး အကြမ်းဖက်မင်းအောင်လှိုင်က လွတ်ငြိမ်းခွင့်ပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ NLD ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သော ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် နှစ် ၈၀ ကျော် မတရားချမှတ်ထားရာမှ ယနေ့ အကြမ်းဖက် မင်းအောင်လှိုင်က ပြစ်ဒဏ်ကျကာလထက်ဝက်ကို လျှော့ပေါ့လွတ်ငြိမ်းခွင့်ပေးဟု ထုတ်ပြန်ကြေညာသည်။အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရားရုံးများတွင်...

မင်းအောင်လှိုင် ဗိုလ်ရှုခံရန် နာရီပိုင်းအလို နေပြည်တော်၊ တပ်ကုန်းမြို့မစျေးနှင့် ပျဉ်းမနားတွင် ဗုံးများပေါက်ကွဲ၊ ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်းတွင်လည်း ဗုံးများပေါက်ကွဲ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဗိုလ်ရှုခံရန် နာရီပိုင်းအလို နေပြည်တော်၊ တပ်ကုန်းမြို့မစျေးနှင့်ပျဉ်းမနားတို့တွင် ယခုည ဗုံးများပေါက်ကွဲကြောင်း နေပြည် တော် Ngwe Soe NPT - PDFမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည် ယခုည နေပြည်တော် သဇင်ဆောင်အနီးတွင်လည်းကောင်း၊...

ကောလင်းတွင် စစ်တပ်က ဖလဲရွာကို ဝင်ရောက် စီးနင်းကာ PDF ရဲဘော် ၇ဦးကို သတ်ဖြတ်၊ ပုလဲ တောင်ယမားဆည် တိုက်ပွဲတွင် PDF ရဲဘော် ၄ဦးကျဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ စစ်ကိုင်းတိုင်း ကောလင်းခရိုင် ကော်လင်းမြို့ ခံသာတိုက်နယ် ဖလဲကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၈ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာထဲရှိ PDF ရဲဘော် ၇ဦးကို ဖမ်းဆီးကာ အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။အဆိုပါ...

ရန်ကုန်ဆေးရုံကြီး နှလုံးအထူးကုဆရာဝန်ကြီးများ ကိုဗစ်ကူးစက်ခံနေရ၍ ပြင်လူဌာနကို ဖေဖော်ဝါရီ ၂၁ ရက်အထိ ပိတ်ထားမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ရန်ကုန်ဆေးရုံကြီး နှလုံးအထူးကုဆရာဝန်ကြီးများ ကိုဗစ်ကူးစက်ခံနေရ၍ ပြင်လူဌာနကို ဖေဖော်ဝါရီ ၂၁ ရက်အထိ ပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက တရားဝင် သတင်းထုတ်ပြန်သည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးဆေးကုဌာန မှ အထူးကုဆရာ ဝန်ကြီးများ ကိုယ်တိုင် ကိုဗစ်ရောဂါခံစားနေရပါသဖြင့် နှ လုံးဆေးကုပြင်ပလူနာဌာနကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ...

မြန်မာနိုင်ငံသား သန်း ၂၀ နီးပါး၏လုံခြုံရေးအတွက် တယ်လီနောမြန်မာကို စစ်အုပ်စုလက်ဝေခံ ကုမ္ပဏီသို့ ရောင်းချမှု ခွင့်မပြုဟု NUG ယာယီသမ္မတက နော်ဝေဝန်ကြီးချုပ်ထံ စာပို့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ တယ်လီနောမြန်မာကို အကြမ်းဖက် စစ်အာဏာရှင် လက်ဝေခံ Investcomသို့ ရောင်းမည့် ကိစ္စ လက်မခံကြောင်းနှင့် ခွင့်မပြုကြောင်း နော်ဝေဝန်ကြီးချုပ် Jonas Gahr Støre ထံ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ် ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်...

မတူပီ၊ ထယ်ဘွေးကျေးရွာ စစ်ကောင်စီတပ်စခန်းကို CDF ဝင်တိုက် စစ်သား ၄ ဦး သေဆုံး၊ ဖလမ်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရပြီး ၅ ဦး သေဆုံး

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၁ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝ ကားလမ်းပေါ်ရှိ ထယ်ဘွေးကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို ယနေ့ ဖေဖေါ်ဝါရီ ၁၁ ရက်၊ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် CDF မတူပီက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကြောင်း၊...

တန့်ဆည် ကာပေါင်းကျရွာကို စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကာပေါင်းကျရွာကို ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၃နာရီခန့်က စတင်ကာ ပေချောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က ကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်းကာ မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့...

တန့်ဆည် ပေချောင်ရွာရှိ ပြည်သူပိုင် နေအိမ်များ၊ ဆန်စက်နှင့် ဆိုင်ကယ်များကို စစ်တပ်က ၂ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ပေချောင်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၉ရက်နှင့် ၁ဝရက်နေ့တို့တွင် ဝင်ရောက်စီးနင်းကာ ၂ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ်များ၊ ဆန်စက်နှင့် ဆိုင်ကယ်များကို ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အဆိုပါ...

ယင်းမာပင်ရှိ ရဲတပ်ရင်း၂၈နှင့်အောင်ဇေယျစစ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်၊စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ် ရွှေတောင်ဦး အောင်ဇေယျတပ်ကုန်းနှင့် ရဲတပ်ရင်း၂၈တို့ကို အမိမြေတော်လှန်ရေးတပ်ဖွဲ့၊ချိုမိုင်မိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊RFFပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်ပျောက်ကြားရဲဘော်တို့က ယနေ့နံနက်ပိုင်းက ပူးပေါင်းတိုက်ခိုက်သည်။ရဲတပ်ရင်း၂၈နှင့်အောင်ဇေယျတပ်ကုန်း နှစ်နေရာကို မိုင်းလုံးစနစ်ဖြင့်အဓိကထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ရင်း၂၈နှင့်အောင်ဇေယျတပ်ကုန်းကို စစ် ကြောင်းဖြင့် ဝင်ရောက်လာသော စစ်ကောင်စီလက်အောက်ခံရဲတပ်သားများကို မိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊မိုင်းဖြင့်တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်သား၁၀ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း၊စစ်ကူလာရောက်သည့် ၂၈တပ်ရင်းမှ ရဲတပ်သားများ ထပ်မံမိုင်းဆွဲခံရမှုကြောင့် ၄...

Latest news

- Advertisement -spot_img