27 C
Yangon
spot_img

CATEGORY

News

ခင်ဦးတွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၃၁ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ဦးသေဆုံးကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးနှင့် တော်လှန်ရေးရဲဘော်တချို့ထံမှ သိရှိရသည်။ ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် ခန့် ပျူစောထီး ပျဥ်ထောင်ကျေးရွာမှ စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများသည် လက်နက်ကြီးများဖြင့် ရွှေကူတဲစုကျေးရွာသို့...

စက်သုံးဆီတင်သွင်းမှုအတွက် နိုင်ငံခြားငွေစျေးကွက်မှ တစ်ဆင့် ဒေါ်လာ သန်း ၂၀၀ ကျော် ဗဟိုဘဏ်က ရောင်းပေးမည်ဟုဆို၊ စံချိန်တင် ငွေလဲနှုန်း ဆက်မတက်ရန် အယောင်ပြ ထုတ်ပြန်ချက်ဖြစ်နိုင်ပြီး မည်သည့်အာမခံချက်နှင့် ရှင်းလင်းချက်မှ မပါဝင်ဟုဆို

ရန်ကုန်၊ ဩဂုတ် ၃၁ အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က စက်သုံးဆီ တင်သွင်းသည့် လုပ်ငန်းရှင်များကို နိုင်ငံခြားငွေစျေးကွက်မှတစ်ဆင့် ဒေါ်လာ သန်း ၂၀၀ ကျော်ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ယနေ့ ညနေပိုင်းတွင် ထုတ်ပြန် ကြေညာသည်။ စစ်ကောင်စီဗဟိုဘဏ်က စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စည်ဈေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်မှတဆင့်...

ဇေယျာတိုင်းရဲ့၅/ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၃၁ အရာတော်မြို့နယ်တွင် ဇေယျာတိုင်းရဲ့ ၅/ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရွှေနှင့်ဒေါ်လာ စံချိန်တင်စျေးတက်ချိန် စသုံးလုံးနှင့်စစ်ထောက် လှမ်းရေးများက ရှာဖွေ စုံစမ်းစောင့် ကြည့် အဖမ်းအဆီး သတင်းများကြောင့် ရွှေကုန်သည်နှင့် နာမည်ပေါက် ဒေါ်လာဝယ်ရောင်းတချို့ တိမ်းရှောင်ရ

ရန်ကုန်၊ ဩဂုတ် ၃၁ ရန်ကုန်မြို့ စျေးကွက်တွင် ရွှေနှင့်ဒေါ်လာ အမြင့်ဆုံးထိုးတက်ချိန် စသုံးလုံးနှင့် စစ်ထောက်လှမ်းရေးများက ရွှေစျေးကွက်နှင့် ဒေါ်လာဝယ်ရောင်း နာမည်ပေါက်သူတချို့ကို လိုက်လံ စုံစမ်း ရှာဖွေမှုများ လုပ်ဆောင်သဖြင့် ရွှေကုန်သည်တချို့နှင့် နာမည်ပေါက် ဒေါ်လာဝယ်ရောင်းတချို့ ရှောင်တိမ်းရကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယနေ့တွင် အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၄၅၀၀...
00:06:54

Khit Thit သတင်းဌာန၏ ဩဂုတ်၃၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၃၁ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ - မြန်မာရဲတပ်ဖွဲ့ နဲ့ ထိတွေ့ ဆက်ဆံပေး နေမှု ၊ မှန်သမျှဟာ သူတို့ရဲ့ ရာဇဝတ်မှုတွေကို ရဲရဲတင်းတင်း ဆက်လက် ကျူးလွန်ဖို့ အားပေး/အားမြှောက် ပြုနေတာပဲ...

ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် တစ်ပတ်အတွင်းဖြစ်ပွားသော တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၄၀ ကျော် သေဆုံးဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထုတ်ပြန်

ရန်ကုန်၊ ဩဂုတ် ၃၁ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် မန္တလေး PDF ကြား ဩဂုတ်လ ၂၄ ရက်မှ ၃၀ ရက်နေ့အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်...

အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၆၃၊ ခမရ ၃၆၆ နှင့် ပျူစောထီးများက မော်လိုက်မြို့နယ်၊ ကုန်းခါတွန်နှင့် ရေခါတွန်ရွာများကို မီးတင်ရှို့ကာ ပစ္စည်းများ ခိုးယူပြီး ပြန်ရောင်း၊ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီး စုစုပေါင်း ရွာသား ၉ ဦးကို သတ်ဖြတ်

ရန်ကုန်၊ ဩဂုတ် ၃၁ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၆၃၊ ခမရ ၃၆၆ တပ်ဖွဲ့များနှင့် လက်ပါးစေ ပျူစောထီးများသည် စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ရှိ ကုန်းခါတွန်ကျေးရွာနှင့် ရေခါတွန်ကျေးရွာကို ဩဂုတ်လ ၂၁ ရက်နေ့တွင် အကြောင်းမဲ့ မီးတင်ရှို့ဖျက်ဆီးကာ တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူ ရောင်းချပြီး ကုန်းဝါးရုံသာကျေးရွာမှ...

ချင်းပြည်နယ်၊ ဟားခါးမှ လမ်းဦးစီးဌာန Non CDM ခရိုင်အရာရှိများအပါအဝင် အမျိုးသား ၁၁ ဦး ဖမ်းဆီးခံရပြီး ဆောက်လုပ်ရေး ဧည့်ရိပ်သာ မီးလောင်ကျွမ်း

ရန်ကုန်၊ ဩဂုတ် ၃၁ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ပြည်နယ်လမ်းဦးစီးဌာနဝင်းအတွင်းရှိ ဆောက် လုပ်ရေးဧည့်ရိပ်သာ ယနေ့ နံနက် အစောပိုင်း မီးလောင်ကျွမ်းသွားပြီး Non-CDM လမ်းဦးစီးဌာန အရာရှိများအပါအဝင် ဝန်ထမ်း အမျိုးသား ၁၁ ဦး ဖမ်းဆီးခံရကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။ ဩဂုတ်လ ၃၁ ရက်နေ့...

လောက်ကိုင်တွင် ကြံ့ခိုင်ရေး အမတ်ဟောင်း ဦးခင်မောင်လွင်၊ ကိုးကန့်တရုတ်နှင့် ရဲတပ်ဖွဲ့ ပေါင်းကာ ပြည်သူများ နေအိမ်ကို အဓမ္မ အင်အား ဘူဒိုဇာနှင့် ထိုးကာ ဖျက်ဆီး၊ ပြည်သူ ၈၀ ကျော် နေစရာမဲ့ ဖြစ်

ရန်ကုန်၊ ဩဂုတ် ၃၁ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်၊လောက်ကိုင်မြို့တွင် ဩဂုတ်လ ၂၉ နှင့် ၃၀ ရက်နေ့များတွင် ကြံ့ဖွတ် အမတ်ဟောင်း ဦးခင်မောင်လွင်မှ ကိုးကန့်တရုတ်လူများနှင့် ပူးပေါင်းကာ ဈေးဟောင်းအနီးရှိ နေအိမ်များကို အင်အားသုံး ဘူဒိုဇာနှင့် ထိုး၍ ဖြိုခွင်းကာ မြေအပိုင်သိမ်းယူရန် ကြိုးပမ်းနေသည့်အတွက် လူဦးရေ ၈၀...

ရေစကြိုတွင် စစ်ယာဉ်တန်းများ ၂ ကြိမ် မိုင်းခွဲခံရပြီး စစ်သား ၂၅ ဦးသေဆုံး၊ မြို့လယ်တွင် ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင်ထွန်းအောင်ကျော်နှင့်အဖွဲ့ဝင် ၅ ဦးထံမှ လက်နက် ၅ လက်ရရှိ

ရန်ကုန်၊ ဩဂုတ် ၃၁ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများကို ဩဂုတ်လ ၂၉ ရက်နှင့် ၃၀ ရက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရကာ ကား ၂ စီး မီးလောင်ပျက်စီးသွားကြောင်း ရေစကြို PDF က သတင်းထုတ်ပြန်သည်။ ဩဂုတ်လ...

Latest news

- Advertisement -spot_img