23 C
Yangon
spot_img

CATEGORY

News

စက်မှုဝန်ကြီးဌာန၊ အမှတ် ၅ အထည်စက်ရုံမှူး ဗိုလ်မှူးအောင်ဇော်ဦး လင်မယား ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၆ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ၊ စက်မှုဝန်ကြီးဌာန၊ အမှတ် ၅ အထည်စက်ရုံတွင် ယနေ့ နံနက် ၆ နာရီခွဲတွင် ပစ်ခတ်မှုဖြစ်ပွားပြီး စက်ရုံမှူး ဗိုလ်မှူးအောင်ဇော်ဦးနှင့်လင်မယား ပွဲချင်းပြီး သေဆုံးသွားကြောင်း‌ ဒေသသတင်းရင်းမြစ်နှင့်ဒေသခံများထံမှ သိရှိရသည်။ ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၆...

‘စစ်ခွေးတွေကို ပြန်တိုက်ချင်လို့ CDM ဝင်တာ’ ဟု ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့ထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ် ခမရ ၆ မှ တပ်သား စောဂျွန် ပြောဆို

ရန်ကုန်၊ ဩဂုတ် ၂၆ ပြည်သူတွေကို ဒုက္ခပေးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်လိုသည့်အတွက် CDM ပြုလုပ်လာခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံ၊ အုပ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ ၆ မှ တပ်သား စောဂျွန်က ပြောဆိုသည်။ CDM တပ်သား စောဂျွန် ဖွင့်ဟဝန်ခံထားသည့် တပ်တွင်းဖိနှိပ်ချုပ်ချယ်မှုများနှင့်...

ဗဟိုဘဏ်က စက်သုံးဆီအပါအဝင် သွင်းကုန်သမားများကို ဒေါ်လာ မရောင်းပေးတော့သည့်အပြင် ပြင်ပ ပုဂ္ဂလိကဘဏ်များ၏ ပို့ကုန်ရငွေ အရောင်းအဝယ်ကိုပါ ထိန်းချုပ်၊ လိုအပ်ချက်ကြီးမားနေပြီး ဒေါ်လာစျေး အမြင့်ဆုံးသို့ စံချိန်တက်မည်ဟုဆို

ရန်ကုန်၊ ဩဂုတ် ၂၆ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က စက်သုံးဆီ အပါအဝင် သွင်းကုန်စီးပွားရေးသမားများကို ဒေါ်လာ လိုသလောက် မရောင်းတော့သည့်အပြင် ပြင်ပပုဂ္ဂလိက ဘဏ်များ ပို့ကုန်ရငွေ ဒေါ်လာ အရောင်းအဝယ်များကိုပါ ဗဟိုဘဏ်သို့ သတင်းပေးပို့ အရောင်းအဝယ် လုပ်ရမည်ဆိုသော အမိန့်ကိုပါ ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ ဗဟိုဘဏ်က ပို့ကုန်ရငွေများ၏...

၅ နှစ်ကြာခဲ့ပြီဖြစ်သော ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအပေါ် တရားမျှတမှု ရရှိစေရေး ကျူးလွန်သူ မြန်မာစစ်တပ်ကို ကမ္ဘာက အရေးယူရန် အရပ်ဘက်အဖွဲ့ ၃၈၄ ခုက တောင်းဆို

ရန်ကုန်၊ ဩဂုတ် ၂၆ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့သော ရိုဟင်ဂျာများ လူမျိုးတုံးသတ်ဖြတ်မှု ငါးနှစ်ပြည့် အထိမ်းအမှတ်တွင် အရပ်ဘက်လူထုအဖွဲ့အစည်း ၃၈၄ ဖွဲ့က တရားမျှတမှု ရရှိစေရေး ကမ္ဘာက ဆောင်ရွက်ပေးရန်နှင့် ကျူးလွန်သူ မြန်မာစစ်တပ်ကို အရေးယူရန် တောင်းဆိုလိုက်ကြသည်။ ရိုဟင်ဂျာများနှင့်အတူ သွေးစည်းညီညွတ်စွာ ဆက်လက်ရပ်တည်သည့်အပြင်...

လက်ပံတောင်းတောင်စီမံကိန်းမှ ကြေးနီ သယ်ကားများကို လုံခြုံရေးယူပေးရန်နှင့် မိုင်းရှင်းရန် ထွက်လာသည့် ရဲ ၈ ဦး မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၅ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် လက်ပံတောင်းတောင်စီမံကိန်းမှ ကြေး နီသယ်ကားများကို လုံခြုံရေးယူပေးရန် ထွက်လာသည့် ရဲ ၈ ဦးကို ယနေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ရာ ရဲ ၃ ဦး ပွဲချင်းပြီး သေဆုံးပြီး...

ခင်ဦးတွင် လမ်းမှားလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားသူရိန်ကို လက် နက်နှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်၊ ဩဂုတ် ၂၅ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်သား သူရိန်ကို လက် နက်နှင့်အတူ ယနေ့ အရှင် ဖမ်းဆီးရမိကြောင်း Khin-U Dynamite Squadမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ "သူက လမ်းမှားရင်းနဲ့ ကျွံ့လာလို့ ကျနော်တို့ ဖမ်းလိုက်တာပါ။ သူ့မှာ လက် နက်တစ်လက်လည်းပါတယ်။...

မြိုင်မြို့နယ်တွင် အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦး အရပ်ဝတ်ဖြင့် ဖမ်းဆီးရမိစဉ် ထွက်ပြေး၍ ပစ်ခတ်ရာမှ သေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၅ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ် ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦးသည် အရပ်ဝတ်ဖြင့် ဝင်ရောက်လာ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းစဉ် တိုက်ခိုက်ပြီး ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရှိရသည်။ "ဆိုင်ကယ်နဲ့ဝင်လာတာ။ ခုခံတိုက်ခိုက်လို့ ပစ်ခတ်တာ သေဆုံးသွားပါတယ်"...

ရန်ကုန်၊ တွံတေးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော မီးသတ်ရုံးနှင့် ဘန်ကာတို့ ဝင်ရောက် တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး၊ ရန်ကုန်နှင့် မန္တလေးတွင်လည်း ရဲစခန်းနှင့် မြို့နယ် ထွေအုပ်ရုံးတို့ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး ရဲ ၁ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ သြဂုတ် ၂၅ ရန်ကုန် တောင်ပိုင်းခရိုင် တွံတေးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အင်အား ၂၀ ဦးခန့် တပ်စွဲထားသည့် မီးသတ်ရုံးနှင့် လုံခြုံရေး ဘန်ကာကို ယနေ့ သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၄ နာရီခန့်တွင် အထူးစစ်ဆင်ရေး တပ်ဖွဲ့ (S.O.F)မှ...

တောင်ကုတ်တွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဖက်က ၁၄ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ သြဂုတ် ၂၅ ရခိုင်ပြည် တောင်ကုတ်မြို့နယ် ချောင်းသုံးခွကျေးရွာဖက်တွင် ရက္ခိုင့်တပ်တော် AAနှင့် စစ်ကောင်စီတပ်တို့ ယနေ့သြဂုတ်လ ၂၅ ရက် ညနေပိုင်းအချိန်၌ တိုက်ပွဲဖြစ်ပွားခဲ့ကြကြောင်း ဒေသသတင်းရင်းမြစ်များမှတစ်ဆင့်သိရသည်။ တိုက်ပွဲမှာ ညနေ ၄ နာရီအချိန်ခန့်က ချောင်းသုံးခွနှင့် ကြိမ်တောချောင်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကြာချိန်အားဖြင့် မိနစ် ၂၀ ခန့်ရှိကြောင်း...

Breaking News- ကျွန်းလှမြို့နယ်၊ ဆိပ်ဖူး၊ ရှမ်းကုန်း၊ သိုက်ပင်ဆိပ်၊ နောင်ဦး၊ တည်ပင်ဆိပ် ကျေးရွာများကို စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေပြီး စစ်အင်အား ၁၅၀ ချထား၊ ပြည်သူများ ထွက်ပြေးနေရ

ရန်ကုန်၊ ဩဂုတ် ၂၅ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ဆိပ်ဖူး၊ ရှမ်းကုန်း၊ သိုက်ပင်ဆိပ်၊ နောင်ဦး၊ တည်ပင်ဆိပ် ကျေးရွာများကို စစ်တပ်က ဩဂုတ်လ ၂၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူများက...

Latest news

- Advertisement -spot_img