25 C
Yangon

သာယာဝတီမြို့ရှိ သုံးဆယ်ရဲတပ်ဖွဲ့စခန်းကို တော်လှန်ရေး အဖွဲ့များက ဝင်ရောက် တိုက်ခိုက်မှု ရဲတပ်ဖွဲ့ဘက်မှ သေဆုံးထိခိုက်မှုရှိ

Must read

သာယာဝတီမြို့ရှိ သုံးဆယ်ရဲတပ်ဖွဲ့စခန်းကို တော်လှန်ရေး အဖွဲ့များက ဝင်ရောက် တိုက်ခိုက်မှု ရဲတပ်ဖွဲ့ဘက်မှ သေဆုံးထိခိုက်မှုရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ပဲခူးတိုင်း သာယာဝတီမြို့နယ် သုံးဆယ်ရဲတပ်တပ်ဖွဲ့စခန်းကို နိုဝင်ဘာ ၂၀ ရက်နေ့ ည ၉ နာရီ ၁၂ မိနစ်အချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦးအနည်းဆုံး သေဆုံးနိုင်ပြီး ဒဏ်ရာရသူအချို့ရှိနိုင်ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ စစ်ရေးတာဝန်ခံ ကိုတံခွန်က ပြောကြားသည်။

ရှမ်းမြောက်ညီနောင် သုံးဖော်၏ ၁၀၂၇ စစ်ဆင်ရေးကို ဂုဏ်ပြုကြိုဆိုသည့်အနေနှင့် ပဲခူးတိုင်းနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ထံမှ သိရှိရသည်။

“အင်အားက ခန့်မှန်း ၃၀ ကျော်ပါ။ သူတို့ဘက်က ကျွန်တော်တို့ ပစ်ခတ်ချိန်မှာ အလစ်ဖြစ်သွားတော့ ချက်ချင်း မပစ်ဘဲ ပတ်ပြေးနေကြတာပါ။ ကျွန်တော်တို့ စခန်းထဲထိ ဝင်မတိုက်ပါဘူး။ အပေါက်ဝ တပ်သားတွေကိုပဲ တိုက်ခိုက်ပြီး ဆုတ်ခွာခဲ့ပါတယ်။ ရဲတစ်ဦးကတော့ သေချာပေါက် သေလောက်တဲ့ ဒဏ်ရာရပါတယ်” ဟု သာယာဝတီဂဠုန်တပ်ဖွဲ့မှ ဂဠုန်စစ်ရေးတာဝန်ခံ ကိုတံခွန်မှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

တိုက်ခိုက်မှုဖြစ်စဉ်အပြီးနောက် ရဲများသည် လမ်းများပိတ်၍ မသက်ဆိုင်သည့် ကားများကို စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ရဲများ၏ ထိခိုက်သေဆုံးမှုကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း ၊ ယင်းတိုက်ခိုက်မှုကို သာယာဝတီဂဠုန်တပ်ဖွဲ့နှင့် သာယာဝတီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပူးပေါင်းအဖွဲ့တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက်ရဲများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article