25 C
Yangon

ကရင်နီပြည်နယ်တွင် ပြည်သူလူထုအား ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ရာဇဝတ်သား စစ်လေယာဥ်မှူး ဗိုလ်မှူး ၁ ဦးကို ဖမ်းဆီးရမိဟု NUG ကြေညာ

Must read

ကရင်နီပြည်နယ်တွင် ပြည်သူလူထုအား ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ရာဇဝတ်သား စစ်လေယာဥ်မှူး ဗိုလ်မှူး ၁ ဦးကို ဖမ်းဆီးရမိဟု NUG ကြေညာ

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ကရင်နီပြည်နယ်တွင် ပြည်သူလူထုအား ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ရာဇ ဝတ်သား စစ်လေယာဥ်မှူး ဗိုလ်မှူး ၁ ဦးကို ဖမ်းဆီးရမိကြောင်း NUG က ကြေညာသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အပြစ်မဲ့ ပြည်သူလူထုကို ဗုံးကျဲ သတ်ဖြတ်နေသည့် စစ်ရာဇဝတ်သား စစ်လေယာဥ်မှူး ၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တော်လှန်ရေးအင်အားစုများ၏ ပစ်ခတ်မှုကြောင့် ပျက်ကျ ခဲ့သည့် K-8 အမျိုးအစား စစ်လေယာဥ်မှ လေထီးခုန်ထွက်လျှက် ထွက်ပြေးပုန်းအောင်းနေသည့် စစ်လေယာဥ်မှူးဖြစ်သူ ဗိုလ်မှူး ——– (စစ်တက္ကသိုလ် အပတ်စဥ် ၄၄) အား ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ နေပြည်တော် တိုင်းစစ်ဌာနလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ KNDF နှင့် KAတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ရှာဖွေ ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

(Facebook လူမှုကွန်ရက်စည်းမျဉ်းများအရ နာမည်နှင့် ဓာတ်ပုံကို မဖော်ပြနိုင်ဘဲ ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/147200 တွင် အပြည့်အစုံသွားရောက် ဖတ်ရှုနိုင်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article