35 C
Yangon
spot_img

CATEGORY

News

မန္တလေး၊ ပုသိမ်ကြီးမြို့နယ်တွင် ခလရ ၄ မှ အရာခံဗိုလ်တစ်ဦးကို မြို့ပြပျောက်ကြား တပ်ပေါင်းစုက ပစ်ခတ်ရှင်းလင်း

ရန်ကုန်၊ ဧပြီ ၂၇ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်တွင် ခလရ ၄ မှ အရာခံဗိုလ်တစ်ဦးကို မြို့ပြပျောက်ကြား တပ်ပေါင်းစုက ဧပြီလ ၂၆ ရက်နေ့တွင် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ဒေသပျောက်ကြားအဖွဲ့များက သတင်းထုတ်ပြန်သည်။ နတ်ဆိုးမြေအောက် တော်လှန်ရေးအဖွဲ့၊ MDY မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်...

ဒဂုံဆိပ်ကမ်းတွင် အုပ်ချုပ်ရေးမှူးအိမ် ဗုံးပစ်ခံရမှု လာရောက်စစ်ဆေးသည့် စစ်တပ်ကို ဗုံး ၃ လုံးခွဲ ထပ်မံတိုက်ခိုက်ရာ ထိခိုက်မှုများနိုင်

ရန်ကုန်၊ ဧပြီ ၂၆ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ် ဗုံးပစ်ခံရ၍ လာရောက်စစ်ဆေး လုံခြုံရေး ယူပေးသည့် စစ်တပ်ကို ဗုံး ၄ လုံးခွဲ တိုက်ခိုက်ရာ ထိခိုက်မှုများနိုင်ကြောင်း တော်လှန်ရေး ရဲဘော်များထံမှ သိရှိရသည်။ ယနေ့ ည၇နာရီ၁၅မိနစ်ခန့်အချိန် ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ်၈၈...

ဖက်ဆစ် စစ်လော်ဘီ ဟန်ငြိမ်းဦးကြောင့် အဆိုတော်အောင်လနှင့်၀ိုင်းစုခိုင်သိန်းတို့ ပြန်လည် ဖမ်းဆီးခံရ၊ အပြစ်မရှိသော်လည်း အမှုတပ်ရန် ရဲတပ်ဖွဲ့ ဖိအားပေးခံနေရ

ရန်ကုန်၊ ဧပြီ ၂၆ အဆိုတော်အောင်လနှင့် ၀ိုင်းစုခိုင်သိန်းတို့ကို ဖက်ဆစ်စစ်လော်ဘီ ဟန်ငြိမ်းဦးက ခံဝန်ဖြင့် ပြန်လွှတ်မှုကို ကန့်ကွက်ကြောင်း တယ်လီဂရမ် လူမှုကွန်ရက်တွင် လှုံ့ဆော်ခဲ့ပြီးနောက် ဧပြီလ ၂၅ ရက်နေ့ ညပိုင်းတွင် စစ်တပ်က ပြန်လည် ဖမ်း ဆီးခဲ့ကြောင်း သိရှိရသည်။ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင်...

ရွှေပြည်သာတွင် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်၊ ဒဂုံမြောက်ပိုင်းတွင် ဗုံး ၅ လုံး ပေါက်ကွဲ၊ ဒဂုံဆိပ်ကမ်းအုပ်ချုပ်ရေးမှူးအိမ် ဗုံးပစ်ခံရ၊ ဗဟန်းရေတပ်အိမ်ရာ မိုင်းခွဲခံရမှု စစ်သား ၃ ဦး ထိမှန်၊ လှိုင်သာယာတွင် ဆိုင်ကယ်ဖမ်းနေသော စစ်အုပ်စု ဗုံးပစ်ခံရ

ရန်ကုန်၊ ဧပြီ ၂၆ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းတို့တွင် ယနေ့ညပိုင်း ဗုံး ၁၀ လုံးနီးပါးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဧပြီလ ၂၆ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန် ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ပြင်းအားအလွန်ကြီးသော ဗုံးပေါက်ကွဲမှု ၅ ကြိမ်ဖြစ်ပွားပြီး...

ဖရူဆိုမြို့ရှိ စစ်ကောင်စီ၏ ခမရ ၄၂၈ တပ်ရင်းနှင့် မြို့မရဲစခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၆ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၈ တပ်ရင်းနှင့် မြို့မရဲစခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ယနေ့ ဧပြီလ ၂၆ ရက် ညနေ ၅ နာရီ ၅၀ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး...

ရေစကြိုတွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၆ ရေစကြို၊ စက်မှုဇုန်တွင် ကင်းလှည့်လာသော စစ်ကောင်စီတပ်ဖွဲ့ကို Southern YSO PDF က ယနေ့ ဧပြီလ ၂၆ ရက် ညနေ ၄ နာရီခွဲတွင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးကြောင်း သတင်းရရှိသည်။ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်...

ကော်ဘရာစစ်ကြောင်းထံ စစ်သား ၂ ဦး အလင်းဝင်၊ မန္တလေး နန်းတွင်း ခလရ ၁၂၁ မှ တပ်သား ကျော်ဇင်အောင် ရှေ့တန်းမှ ထွက်ပြေးပြီး ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ထံ ခိုလှုံ

ရန်ကုန်၊ ဧပြီ ၂၆ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့၊ ကော်ဘရာစစ်ကြောင်းထံ စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်ခဲ့သလို မန္တလေး နန်းတွင်း ခလရ ၁၂၁ မှ တပ်သားကျော်ဇင်အောင်သည်လည်း ရှေ့တန်းတနေရာမှ ထွက်ပြေးကာ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ထံ ခိုလှုံလာကြောင်း သတင်းရရှိသည်။သထုံအခြေစိုက် ခမရ ၁ မှ...

ဗန်းမောက်မြို့အဝင်ဂိတ်ကို PDF ဝင်ပစ်မှု စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး၊ လက်နက် ၃ လက်နှင့် လက်ပစ်ဗုံးအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဧပြီ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့အဝင်ဂိတ်ကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းသွားကြောင်း ဗန်းမောက်မြို့ခံတချို့ထံမှ သိရှိရသည်။ "မြို့အဝင်ဂိတ်မှာ စစ်သား၊ ရဲနဲ့ မီးသတ်နည်းနည်းပဲရှိတာ။ အဲဒါ PDF...

ပေါက်မြို့နယ် တောင်ဘက်ရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယ အကြိမ် မီးရှို့ဖျက်ဆီး ပြည်သူပိုင် နေအိမ် ၃ဝကျော် ပြာကျ

ရန်ကုန်၊ ဧပြီ ၂၆ မကွေးတိုင်း ပေါက်မြို့နယ် တောင်ဘက်ရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၄ ရက်နေ့ ညနေ ၄နာရီ ၂ဝမိနစ်ခန့်တွင် ဒုတိယအကြိမ် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၃ဝကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့...

ပဲခူးအင်းတကော်ရှိ ဦးပိုင်စက်မှုဇုန် အဝင်လုံခြုံရေးဂိတ်နှင့်စစ်တပ်ဂိတ်များကို မိုင်းဆွဲတိုက်ခိုက်၊ ပေါက်နှင့်ချောင်းဦးတို့တွင် တိုက်ခိုက်မှုများ လုပ်ဆောင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၆ ပဲခူးတိုင်း အင်းတကော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်မ ၇၇ လက်အောက်ခံ အင်းတကော်အခြေစိုက် ခမရ (၁၀၅)၊ ခမရ (၁၀၇) တို့၏ ဂိတ်တဲ နှင့် အင်းတကော် ဦးပိုင် စက်မှုဇုန် အဝင်လုံခြုံရေးဂိတ်တို့ကို ဧပြီ ၂၅ရက်နေ့ ည(၈)နာရီအချိန်ခန့်တွင်...

Latest news

- Advertisement -spot_img