32 C
Yangon

၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်အာဏာရှင်စနစ် လုံးဝဖြုတ်ချနိုင်ရမည်ဆိုသော ယုံကြည်ချက် ခိုင်မာလာပြီး စစ်တပ်၏ ဘီလူးရုပ်ကို ခွာချနိုင်ခဲ့ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ပြော

Must read

၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်အာဏာရှင်စနစ် လုံးဝဖြုတ်ချနိုင်ရမည်ဆိုသော ယုံကြည်ချက် ခိုင်မာလာပြီး စစ်တပ်၏ ဘီလူးရုပ်ကို ခွာချနိုင်ခဲ့ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ပြော

■ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူလူထုတစ်ရပ်လုံး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရမည့်အချိန်ရောက်ပြီဟု နှိုးဆော်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်အာဏာရှင်စနစ် လုံးဝဖြုတ်ချနိုင်ရမည်ဆိုသော ယုံကြည်ချက် ခိုင်မာလာပြီး စစ်ကောင်စီ၏ ဘီလူးရုပ်ကို ခွာချနိုင်ခဲ့ကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန် ပြောဆိုလိုက်သည်။

အောက်တိုဘာလ (၂၇) ရက်နေ့မှစတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းမြောက်ဒေသမှ အစပြုခဲ့သော် လည်း ယခုအချိန်တွင် မြန်မာနိုင်ငံအနှံ ကျယ်ပြန့်သည်ထက်ကျယ်ပြန့်လာပြီး စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် မနေထိုင်လိုသောသူတိုင်းသည်လည်း ရရာလက်နက်၊ ရသည့်နည်းလမ်းပေါင်းစုံဖြင့် တော်လှန်တိုက်ပွဲဝင်နေကြပြီ ဖြစ်ကြောင်း၊ အဆိုပါ မြင်ကွင်းနှင့်အတူ ညီနောင်မဟာမိတ် ၃ ဖွဲ့အပါအဝင် တော်လှန်ရေး အဖွဲအစည်းများ၏ နေ့စဉ်နှင့်အမျှ အောင်ပွဲရလဒ်များကြောင့် ပြည်သူအပေါင်းစိတ်နှလုံးရွှင်ပြုံးရသော အခိုက်အတန့်များ ဖြစ်ပေါ်စေသည်မှာ အမှန်ပင်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောဆိုသည်။

“မဖြစ်နိုင်သည်မှာမရှိ” ဟူသောစကားသည် ၁၀၂၇ စစ်ဆင်ရေးကြောင့် တော်လှန်ရေးအဖွဲအစည်းများနှင့် စစ်ကောင်စီကို တော်လှန်နေကြသောသူတိုင်းအတွက် ယုံကြည်မှုခွန်အားကို ပိုမိုရရှိစေကာ “စစ်အာဏာရှင်စနစ်ကို ယခင်က မဖြုတ်ချ နိုင်ခဲ့သော်လည်း ယခုအချိန်တွင် လုံးဝဖြုတ်ချနိုင်ရမည်” ဟူသောယုံကြည်ချက်မှာ တစ်ရက်ပြီးတစ်ရက် ပိုမိုခိုင်မာလာ စေခဲ့ကြောင်း၊ ဤသည်မှာ သာ၍ မှန်ကန်ကြောင်း စစ်ကောင်စီ၏ နေ့စဉ်နှင့်အမျှ စွန့်လွှတ်၊ ဆုံးရှုးနေရသော စခန်းကြီး၊ စခန်းငယ်များက သက်သေပြနေခြင်းပင် ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ကြိုးပမ်းမှုသမိုင်းတလျှောက် ယနေ့အချိန်တွင် “မြန်မာ့တပ်မတော်” ဟု ခေါ်သော “စစ်ကောင်စီ” ကို အမြစ်ပြုတ်မသွားသည့်တိုင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲအစည်းများ၏ စည်းလုံးညီညွတ်မှု၊ ဟန်ချက်ညီတိုက်ပွဲဖော်ဆောင်နိုင်မှုတို့ကြောင့် ဘီလူးရုပ်ပေါ်သွားအောင် ပြုလုပ်နိုင်ခဲ့သည်မှာလည်း အမှန်ပင်ဖြစ်ကြောင်း၊ စစ်အာဏာ ရှင်စနစ်အမြစ်ပြုတ်ရေးအတွက်မူ ယခုထက် ဆက်လက် ကြိုးပမ်းရဦးမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်တွန်းသည်။

မြန်မာပြည်သူလူထုတစ်ရပ်လုံးကို ဆယ်စုနှစ်ပေါင်းများစွာ လက်နက်အားကိုးဖြင့် ဖိနှိပ်အနိုင်ကျင့်၊ မုဒိမ်းကျင့်၊ ခိုး၊ ဆိုး၊ လုယက်သတ်ဖြတ်မှုကြောင့် ပြည်သူတစ်ရပ်လုံးက မလိုလားသော စစ်ကောင်စီကို ယခုထက် ပိုမိုချိနဲ့ အားလျော့သွားစေရန်အတွက် တော်လှန်ရေးအဖွဲအစည်း အဟောင်း၊ အသစ်တို့သာမက မြန်မာပြည်သူလူထုတစ်ရပ်လုံးကလည်း လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တော်လှန်တိုက်ခိုက်ရမည့်အချိန်သို ရောက်လာခဲ့ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်တွန်း နှိုးဆော်ထားသည်။

ဓာတ်ပုံ- မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့မှ ‌MNDAA တပ်ဖွဲ့ဝင်များကို ယခုနှစ် ဇန်နဝါရီလအတွင်း လက်နက်များ ပေးအပ် တပ်ဆင်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article