26 C
Yangon
spot_img

CATEGORY

News

အကြမ်းဖက် စစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းများ ပိတ်ပင်နိုင်ရေး နိုင်ငံတကာ ခရီးသွားများ မြန်မာနိုင်ငံကို သဘိတ်မှောက်ကြဖို့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ တောင်းဆို

ရန်ကုန်၊ မေ ၁၇ မြန်မာနိုင်ငံဟာ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် စီးပွားရေးအကြပ်အတည်းနှင့် ရင်ဆိုင်နေရပါတယ်။ အာဏာသိမ်းမှု၏ အကျိုးဆက်အနေနဲ့ မြန်မာငွေကြေးတန်ဖိုးမှာ စံချိန်တင် ကျဆင်းခဲ့သလို နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုများ ရပ်တန့်နေပြီး၊ ရှိရင်းစွဲ နိုင်ငံတကာကုမ္ပဏီကြီးတွေကလည်း တစတစ ပြန်လည်ထွက်ခွာနေတာကြောင့် နိုင်ငံခြားငွေ အသည်းအသန်...

ရန်ကုန်တိုင်းရွှေအသင်းမှ ၆ ဦးကို စသုံးလုံးက ခေါ်ယူစစ်ဆေးပြီး ရွှေကုန်သည်များကို စစ်တပ်က ခြိမ်းခြောက်ဖမ်းဆီးဟုဆို၊ ရွှေအရောင်းအဝယ်အတွက် လိုက်နာရမည့် အချက် ၇ ချက် ထုတ်ပြန်ပြီး မလိုက်နာလျှင် အရေးယူမည်ဟုထုတ်ပြန်

ရန်ကုန်၊ မေ ၁၇ ရွှေရောင်းသူနှင့်ရွှေဆိုင်များ လိုက်နာရမည့် စည်းကမ်း ၇ ချက်ကို ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်လိုက်ပြီး လက်ရှိတွင် ရန်ကုန်တိုင်းရွှေအသင်းမှ ၆ ဦးကို အထူးစုံစမ်းစစ်ရေးဦးစီးဌာနက ခေါ်ယူစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း၊ စစ်တပ်က ရွှေကုန်သည်များကို ခြိမ်းခြောက်ဖမ်းဆီးလျက်ရှိကြောင်း ရွှေ ကုန်သည်များထံမှ သိရှိရသည်။ အခေါက်ရွှေများကို စီးပွားဖြစ် အဓိက...

Breaking News-မန္တလေးမှ ဆန်တက်လာသော နှစ်ထပ်စစ်သင်္ဘော ၃ စီးအနက်မှ ၁ စီး ရှော့ခ်တိုက်ဒုံးထိမှန်ပြီး စစ်သား ၁၀ ဦးခန့် သေဆုံးဖွယ်ရှိ

ရန်ကုန်၊ မေ ၁၇ မန္တလေးမှ ဆန်တက်လာသော နှစ်ထပ် စစ်သင်္ဘော ၃ စီးအနက်မှ ၁ စီးမှာ ရှော့ခ်တိုက်ဒုံးထိမှန်ပြီး စစ်သား ၁၀ ဦးခန့်သေဆုံးနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်နှင့် ဒေသခံများထံမှ သိရှိရသည်။ မေလ ၁၄ ရက်နေ့ မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ ထွက်ခွာလာသော စစ်အင်အား...

ဆောမြို့နယ်ရဲတပ်ဖွဲ့မှ ရဲ ၂ ဦး လက်နက်နှင့်ကျည်အပြည့်အစုံဖြင့် CDM ဝင်ပြီး ပြည်သူ့ဘက်တော်သားများအဖြစ် ပါဝင်လာ

ရန်ကုန်၊ မေ ၁၇ မကွေးတိုင်း၊ ဆောမြို့နယ်ရဲတပ်ဖွဲ့မှ ရဲ ၂ ဦး လက်နက်နှင့်ကျည်အပြည့်အစုံယူဆောင်လာပြီး ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ CDM ဝင်ကာ ပြည်သူ့ဘက်တော်သားများအဖြစ် ပူးပေါင်းပါဝင်လာကြောင်း သက်ဆိုင်ရာ ဒေသကာကွယ်ရေးနှင့်အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရှိရသည်။ မေလ ၁၆ ရက်နေ့ ရဲ ၂ ဦးက...

ရေစကြိုတွင် စစ်တပ်က ကျေးရွာ ၁၁ ရွာကို မီးတင်ရှို့ခဲ့သဖြင့် ပြည်သူပိုင် နေအိမ် ၁၄၅ လုံး မီးလောင် ပြာကျ ၊ စစ်ရှောင်ပြည်သူများ အရေးပေါ် အကူ အညီလိုအပ်နေ

ရန်ကုန်၊ မေ ၁၆ မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ ကျေးရွာ ၁၁ ရွာကို စစ်တပ်က မေလ ၇ ရက်နေ့မှ မေလ ၁၆ ရက်နေ့အထိ ၁၀ ရက်တာကာလ ဆက်တိုက် မီးရှို့ ဖျက်ဆီးခဲ့သဖြင့် ပြည်သူပိုင်နေအိမ် ၁၄၅ လုံး...

မိုးဗြဲအင်းအရှေ့ဘက်ကမ်း ဆောင်နန်ခဲကျေးရွာကို စစ်ကောင်စီတပ်နှင့် PNO များ မီးတင်ရှို့

ရန်ကုန်၊ မေ ၁၆ ရှမ်း-ကရင်နီအစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်ခဲကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် PNO ပြည်သူ့စစ်တပ်ဖွဲ့များက ယနေ့ မေလ ၁၆ ရက် ညနေ ၅ နာရီတွင် မီးတင်ရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။"စစ်ကောင်စီနဲ့ PNO တွေ ဒီညနေ ၅ နာရီမှာ ဆောင်နန်ခဲကို...

ရန်ကုန်တိုင်း သန်လျင်တွင် မီတာဖတ် EPC ဒုလက်ထောက်ကြီးကြပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး၊ ခရမ်းတွင်လည်း သွေးသောက်အဖွဲ့ဝင်နှင့်စစ်တပ်ပေးဟုသတ်မှတ်ခံရသူများ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၆ ရန်ကုန်တိုင်း သန်လျင်တွင် မီတာဖတ် EPC ဒုလက်ထောက်ကြီးကြပ်ရေးမှူး ယနေ့ ပစ်ခတ်ခံရ၍ သေဆုံးသွားပြီး ခရမ်းတွင်လည်း သွေးသောက်အဖွဲ့ဝင်နှင့်စစ်တပ်ပေးဟုသတ်မှတ်ခံရသူများ ပစ်ခတ်ခံရကာ ၂ ဦးသေဆုံးသွားကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။ ရန်ကုန်တိုင်း ၊သန်လျင်မြို့ ၊အမှုထမ်းရပ်ကွက်ထဲတွင် ယနေ့ နံနက်ပိုင်း ...

ရန်ကင်း မြို့မရဲစခန်း၏ ကင်းစခန်းကို ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့ ပစ်ခတ်၊ ရဲ ၂ ဦး သေဆုံးဟုဆို၊ တောင်ဒဂုံ ၅၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ဖောက်ခွဲခံရ

ရန်ကုန်၊ မေ ၁၆ ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ မြို့မရဲစခန်းအရှေ့ ကင်းစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ Yangon-e UG က ယနေ့ မေလ ၁၆ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး...

ခင်ဦး၊ အင်းပတ်ရွာကို ရွာလုံးကျွတ် မီးတင်ရှို့နေသော စစ်တပ်ကို KUPDF တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ မိုင်းဆွဲခြင်းဖြင့် တိုက်ခိုက်၊ စစ်သား ၄ ဦးခန့် သေဆုံးဖွယ်ရှိ

ရန်ကုန်၊ မေ ၁၆ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်းပတ်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ဒုတိယ အကြိမ်မြောက် ရွာလုံးကျွတ် မီးရှို့ဖျက် ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ်...

မြိုင်မြို့နယ် လက်ယက်မရွာတွင် စစ်တပ် သတ်ဖြတ်ထားသော ရုပ်အလောင်းများတွေ့ရှိပြီး ရွာလုံးကျွတ် စစ်တပ်က မီးရှို့ဖျက်ဆီးထားခဲ့

ရန်ကုန်၊ မေ ၁၆ မကေွးတိုင်း မြိုင်မြို့နယ် လက်ယက်မရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁၄ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်း၌ စစ်တပ် သတ်ဖြတ်ခဲ့သော ရုပ်အလောင်းများတွေ့ရှိခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းမှ မေလ ၁၅...

Latest news

- Advertisement -spot_img