28 C
Yangon

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒကစ(တနိုင်း)က စေလွှတ်လိုက်သည့် ရှေ့တန်းရောက် စစ်သား ၅၀ ကျော် စစ်မတိုက်ဘဲ ထွက်ပြေး၍ ဒကစမှူး ဗိုလ်မှူးချုပ် ဒေါသထွက်၊ ထွက်ပြေး စစ်သားများကို ချော့မော့ပြန်ခေါ်ပြီး ချုပ်နှောင်ထား

Must read

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒကစ(တနိုင်း)က စေလွှတ်လိုက်သည့် ရှေ့တန်းရောက် စစ်သား ၅၀ ကျော် စစ်မတိုက်ဘဲ ထွက်ပြေး၍ ဒကစမှူး ဗိုလ်မှူးချုပ် ဒေါသထွက်၊ ထွက်ပြေး စစ်သားများကို ချော့မော့ပြန်ခေါ်ပြီး ချုပ်နှောင်ထား

ရန်ကုန်၊ အောက်တိုဘာ ၁၉

ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)က ရှေ့တန်းပို့ဆောင်ထားသည့် စစ်သား ၅၀ ကျော်မှာ စစ်မတိုက်ဘဲ ထွက် ပြေးသွား၍ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မြတ်မင်းမိုးက အကြီးအကျယ်ဒေါသထွက်နေကြောင်း သိရှိရသည်။

မကြာသေးခင်က လွိုင်ကော် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူး (ဒကစမှူး) အဖြစ်မှ တနိုင်း ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူး အဖြစ် တာဝန် ရွှေ့ပြောင်း လာသော ဗိုလ်မှူးချုပ် မြတ်မင်းမိုးက ကချင်ပြည်နယ်၊ တနိုင်းဘက်ရှိ ရှေ့တန်းစစ်မြေပြင်သို့ စစ်သား ၅၀ ကျော်ကို ရွေးချယ်စေလွှတ်ခဲ့ကြောင်း ၊ ထိုသို့ ရွေးချယ်စေလွှတ် ရာတွင် စစ်သားများအားလုံးသည် စစ်မတိုက်ဘဲ ထွက်ပြေးသဖြင့် ဒကစမှူး အကြီးအကျယ် ဒေါသ ထွက်ခဲ့ကြောင်း၊ ယင်းနောက် ထွက်ပြေး စစ်သားများကို ချော့မော့၍ နောက်တန်းသို့ ပြန်လည်ခေါ်ယူကာ စစ်စည်းကမ်းအရ အရေးယူရန် လက်ရှိတွင် ချုပ်နှောင်ထားကြောင်း သိရှိရသည်။

“ဒကစ(တနိုင်း) လက်အောက် တပ်ရင်းတွေက စစ်သားတွေကို ဒကစမှူးက ရွေးချယ်ပြီး ရှေ့တန်းလွှတ်တယ်။ အဲဒီမှာ သူလွှတ်လိုက်တဲ့သူတွေက စစ်မတိုက်ဘဲ ရှေ့တန်းကနေ ထွက်ပြေးကြလို့ ချော့မော့ပြီး ပြန်ခေါ်တယ်။ အခုတော့ အကုန်လုံး မပခ အချုပ်ထဲထည့်ထားတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။

ဒကစမှူးအဖြစ် အသစ်ပြောင်းရွှေ့လာသော ဗိုလ်မှူးချုပ် မြတ်မင်းမိုးသည် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များ၊လ က်ရုံးတပ်ဖွဲ့များနှင့် ဆက်ဆံရေး အဆင် မပြေကြောင်း၊ ဒကစမှူး ဗိုလ်မှူးချုပ် မြတ်မင်းမိုးကလည်း တပ်ရင်းတပ်ဖွဲ့များကို နယ်မြေရှင်းလင်းရေး လုပ်ရန်၊ KIA ၊ PDF စခန်းများကို သိမ်းယူရန် အလွန် ဖိအားပေးနေကြောင်း၊ ဒကစမှူးက အစည်းအဝေးများတွင် တပ်ရင်း မှူးများနှင့် အရာရှိစစ်သည်များကို ဆဲဆို ဆက်ဆံသဖြင့် တပ်တွင်း စည်းလုံးမှု ပျက်ပြားနေကြောင်း သိရှိရသည်။

” လွိုင်ကော်ကနေ ပြောင်းလာတဲ့ ဒကစမှူးက အခုတနိုင်းမှာ အတော်ကို မိုက် ရိုင်းတယ်။ ဒကစ မှူး က အရာရှိ စစ်သည်တွေကို မိုက်မိုက်ရိုင်းရိုင်း ပြောဆို ဆက်ဆံ တာ ကြောင့် ရှေ့တန်း ရောက်တဲ့ အချိန်မှာ အာခံမှုတွေ ဆက်တိုက်ဖြစ်နေတယ်။ ဒကစ တနိုင်းလက်အောက်ခံ တပ်တွေကလည်း ဒကစမှူး အမိန့်ကို မလိုက်နာကြလို့ တပ်တွေ ထဲ စည်းလုံးမှု ပျက်နေတယ်။ ဒကစမှူးကလည်း သူ့ပစ္စည်းတွေတောင်မှ PDF နဲ့ KIA က ကြားဖြတ် သိမ်းတော့ အတော်ကို မခံမရပ်နိုင်အောင်ကို တပ်တွေကို တိုက်ခိုက်ရေးလုပ်ဖို့ ဖိအားပေးနေတယ်” ဟု ဒကစ(တနိုင်း)နှင့်နီးစပ်သော စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

လွန်ခဲ့သည့် ဩဂုတ်လ ၉ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ထီးချိုင့်-ပကဖ)က ထီးချိုင့်မြို့နယ်အတွင်း ကုန်ကားများကို စစ်ဆေးရာ ယာဥ်အမှတ် 6B/54571 ဖြင့် လွိုင်ကော်မှ တနိုင်းကို တပ်ပြောင်းရွှေ့ လာသည့် စစ်ကောင်စီ ၏ ဒကစမှူး ဗိုလ်မှူးချုပ် မြတ်မင်းမိုး ၏ တပ်သုံးပစ္စည်းများနှင့် အိမ်ထောင်သုံးပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article