25 C
Yangon
spot_img

CATEGORY

News

ခင်ဦးမြို့နယ်၊ ကားဆိပ်ရွာကို စစ်တပ်က မီးရှို့ပြီး ပြည်သူများကို ဖမ်းဆီးရိုက်နှက် ၊ နတ်မောက်တွင်လည်း စစ်တပ်က ပြည်သူ ၁၅ ဦးကို ဖမ်းဆီးနှိပ်စက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၁၂ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၊ ကားဆိပ်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ အင်အား ၆၀ ခန့်ဖြင့် ယနေ့ နံနက် ၆ နာရီခန့်အချိန် ဝင်ရောက် မီးရှို့ခဲ့ပြီး ကားဆိပ်ရွာရှိ ပြည်သူများ ဖမ်းဆီးထားကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။ “မူးမြစ်အရှေ့ဘက် (ခင်ဦးမြို့နယ်)...

ရွှေဘိုမြို့နယ်၊ ဂွေးပင်ကုန်း၊ သဲကျွန်းနှင့် ရွာသစ်ကုန်းကျေးရွာများကို အကြမ်းဖက်စစ်သားများ မီးတင်ရှို့၊ ယနေ့ နံနက်ပိုင်းတွင် အိမ်ခြေ ၄၀၀ မီးလောင်ပြာကျ၊ ရွာပေါင်း ၁၉ ရွာမှ ပြည်သူ သောင်းချီ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ မေ ၁၂ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အရှေ့တောင်ဘက်ရှိ ဂွေးပင်ကုန်းရွာ၊သဲကျွန်းရွာနှင့် ရွာသစ်ကုန်းကျေးများကို အကြမ်းဖက်စစ်ကောင်စီ စစ်သားများသည် ယနေ့ မေလ ၁၂ ရက် နံနက်တွင် မီးတင်ရှို့နေခြင်းကြောင့် ယနေ့ နံနက်ပိုင်းတွင် အိမ်ခြေ ၄၀၀ ခန့် မီးလောင်ပြာကျခဲ့ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။"မနေ့ညက...

ပြင်ဦးလွင်-လားရှိုးလမ်းအတိုင်း စစ်ကားကြီး ၁၀ စီးထက်မနည်း အလုံပိတ်၍ ပြင်ဦးလွင်မှ ထွက်ခွာလာ

ရန်ကုန်၊ မေ ၁၂ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှ ပြင်ဦးလွင်-လားရှိုးလမ်းအတိုင်း စစ်ကားကြီး ၁၀ စီးထက်မနည်း အလုံပိတ်၍ ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ထွက်ခွာသွားသည်ကို မြင်တွေ့ရကြောင်း မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။"ပြင်ဦးလွင်ကနေ ထွက်လာတာ။ ပြင်ဦးလွင်-လားရှိုးလမ်းအတိုင်းပဲ ထွက်လာတာ။ အချိန်က...

နေပြည်တော် ဝန်ထမ်းများ၏ ဇနီးများ အခြေခံ စစ်ရေးပြနှင့် လက်နက်ငယ်ကျွမ်းကျင်မှုသင်တန်း ၁ လနီးပါးတက်ရမည်၊ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊ အမှတ် ၄ မီးသတ်စခန်းတွင် မေလ ၁၆ ရက်နေ့ သင်တန်းစမည်

ရန်ကုန်၊ မေ ၁၂ နေပြည်တော်ရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ဇနီးများ လာမည့် မေလ ၁၆ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အထိ ၁ လနီးပါး အခြေခံစစ်ရေးပြနှင့် လက်နက်ငယ်ကျွမ်းကျင်မှု သင်တန်းတက်ရောက်ရမည်ဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ...

Dark Shadow တစ်ဖွဲ့လုံး သေလည်းမသေ၊ အဖမ်းလည်းမခံရဘဲ စစ်ကောင်စီလက်မှ လွတ်မြောက်ပြီး Cobra စစ်ကြောင်းတွင် တပ်ဖွဲ့ဝင်များအဖြစ် ပါဝင်နေပြီ

ရန်ကုန်၊ မေ ၁၁ ရန်ကုန်မြို့တွင် ဖမ်းဆီးခဲ့ရသည်ဟု သတင်းထွက်ပေါ်သော Dark Shadow တစ်ဖွဲ့လုံးကို စစ်ကောင်စီတပ်က ဖမ်းဆီးရန် ကြိုးစားခဲ့ရာတွင် တစ်ဖွဲ့လုံး သေလည်းမသေ၊ အဖမ်းလည်းမခံရဘဲ စစ်ကောင်စီလက်မှ လွတ်မြောက်ပြီး Cobra စစ်ကြောင်းတွင် တပ်ဖွဲ့ဝင်များအဖြစ် ပါဝင်နေပြီဖြစ်ကြောင်း Dark Shadow ခေါင်းဆောင် ကိုချမ်းငြိမ်းသူက...

ဒုစစ်ခေါင်းဆောင် စိုးဝင်း အမိန့်အရ တစ်နိုင်ငံလုံး တက္ကသိုလ်၊ ကောလိပ်၊ ကျောင်း တွေမှာ ဌာနပေါင်းစုံ ဝန်ထမ်းမှန်သမျှ အမှိုက်ကျူံးခိုင်းနေလို့ နိုင်ငံရေးယတြာလားလို့ မေးခွန်းထုတ်

ရန်ကုန်၊ မေ ၁၁ အကြမ်းဖက် စစ်ခေါင်းဆောင် စိုးဝင်းအမိန့်အရ တစ်နိုင်ငံလုံး တက္ကသိုလ်၊ ကော လိပ်တွေမှာရှိတဲ့ အမှိုက်တွေကို စီမံချက်နဲ့ ရှင်းလင်းနေရတယ်လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောဆိုပါတယ်။ စစ်ကောင်စီရဲ့ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ ရှမ်းပြည်နယ် (တောင်ပိုင်း)...

ထားဝယ်မြို့နယ်၊ ကင်ပွန်းချုံရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် EDF တိုက်ပွဲဖြစ်၊ စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်ရရှိ၊ စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီး ဘုန်းကြီးကျောင်းအတွင်း ပေါက်ကွဲပြီး ပြည်သူ ၁ ဦး သေဆုံး

ရန်ကုန်၊ မေ ၁၁ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ကင်ပွန်းချုံရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် Eastern Defense Force - EDF တပ်ဖွဲ့ကြား ယမန်နေ့ မေလ ၁၀ ရက် ညနေပိုင်းတွင် ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးကာ လက်နက် ၁...

ကလေးမြို့တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲရာနေရာများကို CNDFနှင့် ပူးပေါင်းအဖွဲ့ဝင်ပစ်၊ စစ်သား ၇ ဦးခန့်သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ရန်ကုန်၊ မေ ၁၁ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားရာ နေရာ ၃ ခုကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF နှင့် ပူးပေါင်းအဖွဲ့က မေလ ၁၀ ရက် ညပိုင်းတွင် ဝင်ရောက်ပစ်ခတ်ရာ စစ်သား ၇ ဦးခန့်သေဆုံးပြီး ၅ ဦး ဒဏ်ရာရကြောင်း...

ရေစကြိုတွင် စစ်တပ်က ကျေးရွာ ၉ ရွက်ကို ၂ ရက်ဆက်တိုက် မီးရှို့ ဖျက်ဆီး နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ၊ ရေဦးရှိ ကျေးရွာ ၂ ရွာကို လည်း စစ်တပ် မီးရှို့နေ

ရန်ကုန်၊ မေ ၁၁ မကွေးတိုင်း ရေစကြိုမြို့နယ်တွင် ကျေးရွာ ၉ ရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁ဝ ရက်နှင့် ၁၁ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အကြမ်းဖက်...

မန္တလေးတွင် တာဝါတိုင်နှင့် မလွတ်ဟုအကြောင်းပြကာ တာဝါနှင့် ဝေးသည့် အိမ်များပါ ဖျက်ဆီးနေ

ရန်ကုန်၊ မေ ၁၁ မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊ရဲဘော်ကွက်‌သစ်ရပ်ကွက်တွင်အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများ စုပေါင်းကာ ယနေ့ မေ ၁၁ ရက် နံနက် ၉ နာရီမှ စတင်ကာ ပြည်သူများ နေအိမ်ကို ဖျက်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။"ဖြစ်တဲ့ကိစ္စက တာဝါတိုင်နဲ့မလွတ်ဘူးဆိုပြီးဖျက်တာဗျ။ အခုကလွတ်တဲ့ အိမ်တွေပါ လိုက်ဖျက်တာ။ ပြီးတော့အရင်ကလည်းဖျက်ပြီးပြီဗျ။...

Latest news

- Advertisement -spot_img