30 C
Yangon

မုံရွာမြို့နယ်ရှိ မအူကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

Must read

မုံရွာမြို့နယ်ရှိ မအူကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၃၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းဖိုရမ်၊ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက် လုပ်ငန်းအဖွဲ့ ခေါင်း ဆောင် ကိုစိုးဝင်းဆွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင် ၂၉ ရက် ညနေ ၇ နာရီ ၁၁ မိနစ်ခန့်က မုံရွာမြို့အထွက် မအူစစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်သားများမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မအူကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၁၅ နှစ်အရွယ် မထက်အိမှာ ဦးခေါင်းကျည်စထိမှန်သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးအပါအဝင် ၂ ဦးအပြင်းအထန်ဒဏ်ရာ(စိုးရိမ်ရ)ရကြောင်း၊ ကျန်အမျိုသမီးတစ်ဦးလည်း ဆေး ဝါးကုသမှုခံယူနေရကြောင်း သိရသည်။

“လက်နက်ကြီးနဲ့ ပစ်တာကတော့ တစ်ချက်ပဲဗျ၊ ဒါပေမယ့် ရွာနဲ့ သူတို့စစ်ဆေးရေးဂိတ်နဲ့ကလည်း ကပ် နေတာ၊ လူနေအိမ်တွေကလည်း ထူထပ်တယ်၊ စိပ်တယ်၊ စိပ်တဲ့အခါကျတော့ လက်နက်ကြီး တစ်ချက် ဆိုရင်ပဲ တစ်ချက် ထိရောက်တယ်၊ အရပ်သားပြည်သူတွေနေထိုင်အိမ်တွေအပေါ်ကို တိုက်ရိုက်ကျ ရောက်တယ်၊ အိမ်ကနေ နောက်ဖေးပေါက်ကို ထွက်ဖို့ခြေလှမ်းနေတဲ့ မထက်အိပေါ့ ၁၅ နှစ်ပဲရှိသေး တယ်၊ သူကနေရာမှာပွဲချင်းပြီး ဆုံးသွားတာ၊ သူ့အိမ်နားက အမျိုးသမီး ၃ ယောက်ကလည်း တစ်ခါ တည်းဆေးရုံတင်ရတယ်၊ အဲဒီမှာ နှစ်ယောက်က အခြေအနေမကောင်းဘူးစိုးရိမ်ရတဲ့အခြေအနေမှာရှိ တယ်၊ စိုးရိမ်ရတဲ့အထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်းပါတယ်၊” ဟု စစ်ကိုင်းဖိုရမ်၊ စစ်ကိုင်း ပြည် သူ ဖေးမကူကွန်ရက် လုပ်ငန်းအဖွဲ့ ခေါင်း ဆောင် ကိုစိုးဝင်းဆွေက ရန်ကုန်ခေတ်သစ်သ တင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ မအူစစ်ဆေးရေးဂိတ်သည် လမ်းပေါ်တွင် သွားလာနေသော ပြည်သူများကို အလွန်အကျွံ စစ် ဆေးခြင်း၊ ရမ်းကားခြင်း၊ ငွေတောင်းခံခြင်း၊ အမျိုးသမီးများကို ကာအိန္ဒြေပျက်ပြားအောင်သည်အထိ ထိပါးနှောက်ယှက်တို့ လုပ်ဆောင်နေကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ယင်းအကြမ်း ဖက်စစ်တပ်ဂိတ်မှ မအူကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အသက် ၄၅ နှစ်အရွယ် မနွဲ့ဝင်း သေဆုံးခဲ့ကြောင်း သိရသည်။

“ဒါက ဘာမှတိုက်ပွဲဖြစ်ပွားတာလဲမဟုတ်ဘူး၊ လူနေရပ်ကွက်ထဲကို တမင်သက်သက်ပစ်တာဗျ၊ ဒီလိုပဲ ရှေ့မှာလည်း မကြာခဏပစ်တယ်၊ ဒဏ်ရာရကြာတွေရှိတယ်၊ အဲလိုပဲ ဒီလ ၁၀ ရက်နေ့မှာဆိုရင် မနွဲ့ဝင်း သေသွားတယ်၊ ဘာမှမဆိုင်ပဲ လက်နက်ကြီးနဲ့ ရမ်းပစ်လိုက်လို့ သေသွားရတာ၊ အားတိုင်း ယားတိုင်း ဘာမှ ပြသနာလဲမရှိပဲနဲ့ အရပ်သားပြည်သူတွေနေထိုင်တဲ့အိမ်တွေကို လိုက်ပစ်ပြီးတော့ လူ့ အသက် တွေကို ကြက်ကလေး၊ ငှက်ကလေးလို သတ်ဖြတ်နေတာ၊ တော်တော်လေးကို ဆိုးတယ်ဗျ” စစ်ကိုင်း ဖိုရမ်၊ စစ်ကိုင်း ပြည် သူ ဖေးမကူကွန်ရက် လုပ်ငန်းအဖွဲ့ ခေါင်း ဆောင် ကိုစိုးဝင်းဆွေက ရန်ကုန်ခေတ် သစ်သ တင်း ဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article