25.6 C
Yangon
spot_img

CATEGORY

News

နိုင်ငံတစ်ဝန်း တန်ဆောင်တိုင် မီးထွန်းပွဲ ပျော်ပွဲရွှင်ပွဲ၊ စတိတ်ရှိုးနှင့်စျေးပွဲတော်များ မဖြစ်မနေ ကျင်း ပရန် စစ်ကောင်စီက ခိုင်းစေ ၊ ဗုံးကွဲခြင်းနှင့် ပစ်ခတ်ခံရလျှင် PDF လက်ချက်ဟု ကြေညာရမည်ဟု တပါတည်း အမိန့်ပေး

ရန်ကုန်၊ နိုဝင်ဘာ ၂ မြန်မာနိုင်ငံတစ်ဝန်း တန်ဆောင်တိုင် မီးပုံးပျံပွဲ၊ မီးထွန်းပွဲ၊ ပျော်ပွဲရွှင်ပွဲ၊ စတိတ်ရှိုး၊ စျေးပွဲတော်များ မဖြစ်မနေ ကျင်းပရန် တိုင်းနှင့်ပြည်နယ်စစ်ကောင်စီများကို နေပြည်တော်က ညွှန်ကြား ခိုင်းစေထားပြီး ပွဲတော်များတွင် ဗုံးကွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားလာလျှင် PDF များ၏ လက်ချက်ဟု ကြေညာရန် ပြင်ဆင်ခိုင်းထားကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရပ်ကွက်ထံမှ...

မင်းအောင်လှိုင်နှင့် စိုးဝင်းတို့၏ ရန်ကုန်နေအိမ် အနီးကပ် လုံခြုံရေး ယူထားသည့် အင်းလျားလမ်း စစ်တပ်ဂိတ် ပစ် ခတ်ခံရ၊ ည ၈ နာရီမှစတင်၍ အင်းလျားလမ်း ဖြတ်သန်းခွင့် စတင်ပိတ်

ရန်ကုန်၊ နိုဝင်ဘာ ၂ အကြမ်းဖက် မင်းအောင်လှိုင်နှင့် စိုးဝင်းတို့၏ ရန်ကုန်နေအိမ်များ တည်ရှိရာ အင်းလျားလမ်း လုံ ခြုံရေးယူထား သည့် စစ်တပ်ဂိတ်ကို အောက်တိုဘာ ၃၁ ရက်နေ့ညပိုင်းတွင် ပစ်ခတ်ခံရသဖြင့် ညပိုင်း အင်းလျားလမ်းဘက်သို့ ကားဖြတ် သန်းခွင့် စတင်ပိတ်ပင်လိုက်ကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။ အောက်တိုဘာလ ၃၁...

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်ရုံးထဲရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ဗုံးဖောက်ခွဲ၊ မင်္ဂလာဒုံတွင်လည်း ဗုံးပေါက်

ရန်ကုန်၊ နိုဝင်ဘာ ၁ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်အတွင်းရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ဗုံးဖောက်ခွဲခဲ့ကြောင်း Mother Son Yangon Force တပ်ရင်း ၁ မှ ဗိုလ်နိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာ ၁ ရက်နေ့ ည ၈...

ထီးလင်း၊ ကျားခဲရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၁၄ လုံးပြာကျ

ရန်ကုန်၊ နိုဝင်ဘာ ၁ မကွေးတိုင်း ထီးလင်းမြို့နယ် ကျားခဲကျေးရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၄ လုံးပြာကျခဲ့ကြောင်း ယောအလင်းတန်း အဖွဲ့ထံမှ သိရသည်။ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကျားခဲကျေးရွာ၌ ညအိပ်တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ပြည်သူပိုင်...

ထီးလင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၅ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ရင်းမှူး အပါအဝင် ၅ သေဆုံးကြောင်း YDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၁ ရက်နေ့တွင် ထီးလင်းမြို့နယ် ကျားခဲကျေးရွာရှိ နေအိမ်...

AA နှင့်စစ်တပ် ၆ ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ နိုဝင်ဘာ ၁ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်၀ဒေသတွင် အောက်တိုဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် AA တို့အကြား ၆ ရက်တာတိုက်ပွဲများအတွင်း စစ် ကောင်စီဘက်မှ ၂၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း AA က...

သထုံတွင် ရော်ဘာမြေ ခြံတစ်ကွက်လျှင် ငွေကျပ် ၈ သိန်းနှုန်းဖြင့် ဒုတပ်ရင်း မှူး ဗိုလ်မှူးရန်လင်းအောင် နှင့် ဗိုလ်ကြီးထက်သူအောင်က ရောင်းစား၊ တစ် ဆင့် ပြန်လည် ရောင်းချမှုများကို ပြည်သူများ သတိပြုရန်လို

ရန်ကုန်၊ နိုဝင်ဘာ ၁ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ အ.မ.တ (၄၀၂) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ရန်လင်းအောင် နှင့် ဗိုလ်ကြီး ထက်သူအောင်တို့က ရော်ဘာမြေ ခြံတစ်ကွက်လျှင် ငွေကျပ် ၈ သိန်းနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ခိုင်မာမှုမရှိသော်လည်း ဝယ်ယူသူများပြားကြောင်း ဒေသခံများက ပြောသည်။ အမှတ်(၆၀၆)...

ကယားနှင့် မြောင်မြို့နယ်တို့တွင် အောက်တိုဘာလအတွင်း တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၆၈ ဦးသေဆုံးပြီး ပြည်သူ့ ကာကွယ်ရေး ရဲဘော် ၈ ဦးကျဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁ ကယားနှင့် မြောင်မြို့နယ်တို့တွင် အောက်တိုဘာလအတွင်း တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၆၈ ဦးသေဆုံးပြီး ပြည်သူ့ ကာကွယ်ရေး ရဲဘော် ၈ ဦးကျဆုံးကြောင်း သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များက ပြောသည်။ ကယားပြည်နယ်၏ အောက်တိုဘာလ တိုက်ပွဲများ ကယားပြည်နယ်တွင် ၁ လတာ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း...

ကော့ကရိတ် လမ်းဟောင်းတွင် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပြီး KNLA ပူးပေါင်းတပ်မှ တစ်ဦး ကျဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁ ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ လမ်းဟောင်းတွင် အကြမ်းဖက်စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား နိုဝင်ဘာလ ၁ ရက် ယနေ့ နေ့လယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ကော့ကရိတ်-မြဝတီလမ်းဟောင်းဘက်သို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ရန်ကုတ်ကျေးရွာအနီးတွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။ "စခ ဘက်က စစ်ကြောင်းတက်လာတာပါ၊...

ကန့်ဘလူ၊ ရွှေဘို၊ မုံရွာနှင့် မင်းကင်းတို့တွင် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁ စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ရွှေဘို၊ မုံရွာနှင့် မင်းကင်းမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးကြောင်း‌ ပြည်သူ့ကာကွယ်ရေးတပ်များ၏ ပြောဆိုချက်အရ သိရှိရသည်။ ကန့်ဘလူတွင် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင်အောက်တိုဘာလ ၃၁ ရက်နေ့ စစ်သားနှင့်ပျူစောထီးများ မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း...

Latest news

- Advertisement -spot_img