28 C
Yangon
spot_img

CATEGORY

News

အကြမ်းဖက်စစ်ကောင်စီတပ်က မီးတင်ရှို့၍ အရာတော်မြို့နယ်၊ မလဲသာကျေးရွာ ရွာလုံးကျွတ် ပြာကျ

ရန်ကုန်၊ မေ ၄ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီတပ် တပ်ဖွဲ့ဝင်များက မေလ ၂ ရက်နေ့တွင် အရာတော်မြို့နယ်၊ မလဲသာကျေးရွာကို ဝင်ရောက်ကာ အကြောင်းမဲ့ မီးတင်ရှို့မှုကြောင့် ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့ရသည်။မလဲသာကျေးရွာသည် အိမ်ခြေ ၁,၀၀၀ နီးပါး ရှိသော ရွာကြီး ၁ ရွာဖြစ်ပြီး အရာတော်မြို့နယ်နှင့် မြင်းမူမြို့နယ်...

ပြင်ဦးလွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းတွင် ကျောင်းသားများ ထွက်ပြေးမည်စိုးရိမ်၍ စည်းကမ်းများ ဖြေလျှော့၊ CDM လုပ်လျှင် မိဘ၊ ဆွေမျိုးများ ဖမ်းဆီး သတ်ဖြတ်ခံရမည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ မေ ၄ မန္တလေးတိုင်း၊ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းတွင် ကျောင်း သားများထွက်ပြေးမည်ကိုစိုးရိမ်၍ စည်းကမ်းများစွာကို ဖြေလျှော့လိုက်ပြီး ဗိုလ်လောင်းကျောင်းသားများ ထွက်ပြေးခြင်း၊ CDM လုပ်ခြင်းများ ပြုလုပ်ပါက မိဘ ဆွေမျိုးများကို ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများခံရနိုင်သည်ဟု ကျောင်းစစ်အာဏာပိုင်များက တရားဝင် ပြောဆို ခြိမ်းခြောက်ထားကြောင်း သင်တန်း သားများထံမှ...

ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းနှင့် ဆိပ်ခွန်ရွာကြားတွင် စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ တိုက်ခိုက်၊ စစ်သား ၃၀ ခန့် ထိခိုက်သေဆုံးနိုင်

ရန်ကုန်၊ မေ ၄ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းနှင့် ဆိပ်ခွန်ရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက မေလ ၂ ရက်နှင့် ၃ ရက်တွင် လိုက်လံ တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရကာ စစ်သား ၃၀ ခန့်...

ကလေးမြို့တွင် အိမ်ခြေ ၉ဝဝ ခန့်ရှိ အရှေ့စည်းရွာကို စစ်တပ်က မီးရှို့၍ ရွာလုံးကျွတ် ပြာကျ၊ ကျေးရွာနေ ပြည်သူ ၃ဦးကိုလည်း စစ်တပ်က သတ်ဖြတ်

ရန်ကုန်၊ မေ ၄ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း အရှေ့စည်းရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကာ ကျေးရွာနေ ပြည်သူ ၃ဦးကိုလည်း စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။...

ချောင်းဦး၊ ကင်မွန်းတော်ရွာမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့ ၂ ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရပြီး ၁၂ ဦး သေဆုံး

ရန်ကုန်၊ မေ ၄ စစ်ကိုင်းတိုင်း ၊ချောင်းဦးမြို့နယ် ကင်မွန်းတော်ရွာမှ ပျူစောထီးများနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၂၉ ရက်နှင့် မေလ ၁ ရက်နေ့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၁၂ ဦး သေဆုံးကြောင်း ချောင်းဦး PDF က...

ယင်းမာပင်-ပုလဲ လမ်းပိုင်းတွင် တပ်စွဲထားသော စစ်တပ် စခန်းနှင့် စစ်ကြောင်းများ တိုက်ခိုက်ခံရကာ စစ်သား ၃ဦးသေဆုံး၊ ဟားခါးတွင်လည်း စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၁၃ဦး သေဆုံး

ရန်ကုန်၊ မေ ၃ စစ်ကိုင်းတိုင်း ယင်းမာပင်-ပုလဲ လမ်းပိုင်းရှိ လယ်ငေါက်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ပုလဲဖက်မှ လာသည့် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ မေလ ၃ရက်နေ့ ညနေ ၅နာရီခန့်တွင် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား...

လောင်းလုံး မြောင်းပေါက်ရွာသား ကိုသားကြီးကို စစ်တပ်က ဖမ်းဆီးပြီး စွန်ရဲအဖွဲ့က သတ်ဖြတ်၊ စွန်ရဲအဖွဲ့ လည်ဆွဲဖြင့် ရုပ်အလောင်းကို စွန့်ပစ်၊ လောင်းလုံးသပိတ် ကော်မတီ အဖွဲ့ဝင်များနှင့် ဆန္ဒပြ လူငယ်များ ကိုလည်း စွန်ရဲအဖွဲ့က သတ်ဖြတ်မည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ မေ ၃ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာအုပ်စု မြောင်းပေါက်ရွာနေ ပြည်သူ ကိုသားကြီးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားပြီးနောက် တစ်လကျော်အကြာ ယနေ့ မေလ ၃ ရက်နေ့တွင် ကျေးရွာအနီးအနား၌ စွန်ရဲအဖွဲ့ လည်ဆွဲဖြင့်...

မြင်းမူတွင် ကျေးရွာ ၃ရွာကို မီးရှို့ ဖျက်ဆီးခဲ့သော စစ်တပ် စစ်ကြောင်းကို PDF အဖွဲ့များ ဝင်တိုက်ရာစစ်သား ၂၁ ဦးသေဆုံး၊ ကော့မှူး ငှက်အော်စမ်းရွာတွင်လည်း စစ်ယာဉ်တန်း မိုင်း ဆွဲခံရပြီး စစ်ဗိုလ် ၁ဦး အပါအဝင် ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၃ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် ဝက်ကျ၊ ကန်ရင်းနှင့် မလဲသာ ကျေးရွာများကို ဝင်ရောက် စီးနင်း မီးရှို့ခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၁ ဦးသေဆုံးခဲ့ကြောင်း People's...

ရွှေဘို ညောင်ပင်သာရွာသား ကိုပြည့်ဖြိုးအောင် အပါအဝင် ပြည်သူ ၅ဦးကို စစ်တပ်က ပစ်သတ်၊ ရွာထိပ်တွင် စစ်တပ်က ဗုံးများ ထောင်ထားခဲ့ပြီး ရုပ်အလောင်းများ ကောက်မရ

ရန်ကုန်၊ မေ ၃ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ညောင်ပင်သာကျေးရွာကို အကြမ်းဖက် စစ်တပ်က မေလ ၂ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာသား ကိုပြည့်ဖြိုးအောင် အပါအဝင် ပြည်သူ ၅ဦးကို စစ်တပ်က ပစ်သတ် ခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သော Shwebo Daily...

ကလေးမြို့တောင်ပိုင်းကို စစ်တပ်က Mi35 ရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်ပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေ

ရန်ကုန်၊ မေ ၃ စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းတွင် စစ်ကောင်စီတပ်များ အထိနာလျက်ရှိပြီး စစ်ကောင်စီတပ်များက ကလေးမြို့တောင်ပိုင်း Mi35 ရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်လျက်ရှိသည့်အပြင် လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ "ညနေ ၃ နာရီလောက်စပြီး ပစ်နေတာ။ ပြန်သွားလိုက် လာပစ်လိုက်နဲ့...

Latest news

- Advertisement -spot_img