28 C
Yangon

ချင်းရွှေဟော်ရှိ ရော်ဘာတော စစ်တပ်ဗျူဟာကုန်း ၊ ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီစခန်းများအားလုံး ကျဆုံးသွားပြီး ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်

Must read

ချင်းရွှေဟော်ရှိ ရော်ဘာတော စစ်တပ်ဗျူဟာကုန်း ၊ ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီစခန်းများအားလုံး ကျဆုံးသွားပြီး ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်ရှိ ရော်ဘာတော စစ်တပ်ဗျူဟာကုန်း ၊ ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီစခန်းများအားလုံး ကျဆုံးသွားပြီး ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ချင်းရွှေဟော်မြို့မှ ပြည်သူများက ပြောဆိုသည်။

“မြို့ထဲမှာတော့ ကိုးကန့် တပ်တွေ တပ်စွဲထားတယ်။ မနက်ပိုင်းအစောပိုင်းက ပစ်ခတ်မှုတချို့ရှိပေမယ့် အခုတော့ ပစ်ခတ်မှု မရှိတော့ဘူး။ မြို့ထဲက ပြည်သူတချို့ ၀ ပြည်နယ်ဘက်ကို သွားနေကြတယ်။ သွားခွင့်ပေးထားတယ်။ ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်။ နယ်စပ်ဂိတ်ကတော့ ပိတ်ထား‌တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ချင်းရွှေဟော်တံတားလည်း ကျိုးသွားပြီဟု သတင်းများရရှိထားပြီး လားရှိုး- ချင်းရွှေဟော်လမ်းတလျှောက်တွင် လမ်းပန်းဆက်သွယ်ရေး အခြေအနေ မကောင်းကြောင်း၊ စစ်ဘေးရှောင်ရန် ပြည်သူများမှာ ၀ ပြည်နယ်ဘက်ကိုသာ အဓိက သွားနေရကြောင်း သိရှိရသည်။

“ချင်းရွှေဟော်တံတားတော့ ကျိုးသွားတယ်လို့ ကြားတယ်။ စစ်ခွေးတွေ လားရှိုးဘက်က တက်လာတယ်ဆိုတဲ့ သတင်းတွေကြောင့် အဲဒီဘက်ကို အသွားအလာ မလုပ်ရဲဘူး။ အခြေအနေကတော့ လာမယ့်ရက်ပိုင်းတွေ ဒီထက်ပိုဆိုးလာမယ်ထင်တယ်။ မြို့ထဲက ထွေအုပ်၊ အကောက်ခွန်ဝန်ထမ်းတွေနဲ့ စစ်ကောင်စီအရပ်ဘက်ဝန်ထမ်းတွေက မနေ့ညကတည်းက ပြေးကြတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ချင်းရွှေဟော ရော်ဘာတော ဗျူဟာကုန်းမှ ရဲကားများ တိမ်းမှောက်ပြီး ရဲများ သေဆုံးနေစဉ်။

(ဆင်ဆာဖြတ်တောက်ခြင်းမရှိသော ပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုပါရန်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article