32.2 C
Yangon
spot_img

CATEGORY

News

မူဆယ်မြို့ရှိ စစ်တပ်ပိုင် မြ၀တီဘဏ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ပစ်ခတ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ စစ်တပ်ပိုင် မြ၀တီဘဏ်ကို ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ညပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက် ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ "မန်၀င်းပေါက်နားက မူဆယ် မြ၀တီဘဏ်ကို...

စစ်ကိုင်းတိုင်း ကောလင်းမြို့နှင့်ရေဦးမြို့တွင် ပြည်သူများ အသံတိတ် သပိတ်ပါဝင်နေချိန် ပြည်သူ့ကာကွယ်ရေးတပ်များက မြို့အဝင်အထွက်တွင် လုံခြုံရေး ယူ စစ်ဆေးမှုများ လုပ်ဆောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြည်သူများ အသံတိတ် သပိတ်တွင် ပါဝင်နေချိန် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နှင့်ရေဦးမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက မြို့အဝင်အထွက် လုံခြုံရေးယူ စစ်ဆေးမှုများ ဆောင်ရွက်ကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကောလင်းမြို့တွင် ကောလင်းပြည်သူကာကွယ်ရေးတပ်(ပကဖ)သည် ကောလင်းမြို့ အရှေ့ဘက်အထွက်...

ပူတာအို၊ ဆွမ်ပီယန်ကျေးရွာရှိ စစ်ကောင်စီစခန်းကုန်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့များ တပ်စွဲထားသည့် စခန်းကုန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တပ်ဖွဲ့က ယနေ့ နံနက် ၁၀ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့ကာ စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။မြစ်ကြီးနား-ပူတာအို ကားလမ်းပေါ်ရှိ...

ကျောက်ပန်းတောင်းတွင် စစ်အာဏာရှင်ခေတ် ၂၀၀၂ နှင့် ၂၀၀၅ နှစ်သို့ ပြန်မသွားဟုဆိုကာ မိမိကိုယ်ကို မီးရှို့ ဆန္ဒပြ၊ အသက်အန္တရာယ်စိုးရိမ်ရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ကျောက်ပန်းတောင်းမြို့တွင် စစ်အာဏာရှင်ခေတ် ၂၀၀၂ နှင့် ၂၀၀၅ ခုနှစ်ကို ပြန်မသွားဟုဆိုကာ အမျိုးသားတစ်ဦးက မိမိကိုယ်ကို မီးရှို့ ဆန္ဒပြကြောင်း၊ လက်ရှိ အခြေအနေအရ အဆိုပါအမျိုးသားသည် ဆေးရုံတင်ပို့ထားသော်လည်း သေဆုံးဖွယ်ရှိကြောင်း ကျောက်ပန်းတောင်းဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ "ကျောက်ပန်းတောင်း၊ EPC ရုံးနားမှာ...

ပြည်မြို့၊ ဝက်ထီးကန်တွင် ရဲသတင်းကျောင်းရှေ့တွင် လုံခြုံရေး ယူနေသော ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ရဲတပ်ကြပ် ညွန့်ဝင်းသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃၁ ပဲခူးတိုင်း ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့၊ ရဲသင်တန်းကျောင်း ရှေ့ရှိ အ.ထ.က ကျောင်းဝင်းအတွင်း ယနေ့ ဇန်နဝါရီက ၃၁ ရက်နေ့ နံနက် ၈ နာရီ ၂၀မိနစ်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ် လက် အောက်ခံ ရဲတပ်ကြပ်...

လွိုင်ကော်-ဒီးမော့ဆို-ဒေါတမကြီး-ဘော်လခဲလမ်းကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထားမည်ဟု KNDF သတိပေး

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁ ကရင်နီပြည်နယ်၊ လွိုင်ကော်-ဒီးမော့ဆို-ဒေါတမကြီး-ဘော်လခဲ ဆက်သွယ်ထားသော ကားလမ်းကို ယနေ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်ထားမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က သတိပေးထုတ်ပြန်သည်။ယနေ့မှစ၍ အဆိုပါလမ်းပိုင်းတွင် ဖြတ်သန်းသွားလာခွင့်နှင့် ကုန်စည်များသယ်ဆောင်ခွင့်ကို ရက်အကန့်အသတ်ပိတ်မည်ဖြစ်ပြီး ကျန်းမာရေးကိစ္စကဲ့သို့ အရေးပေါ်ကိစ္စမျိုးကိုသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု...

ကွတ်ခိုင်ရှိ စစ်ကောင်စီဗျူဟာကုန်း တိုက်ခိုက်ခံရ၊ နမ့်ခမ်းရှိ စစ်ကောင်စီစခန်းကုန်းကိုလည်း KIA က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁ မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းမှု ၁ နှစ်ပြည့် ယနေ့ ဖေဖေါ်ဝါရီလ ၁ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်နှင့် နမ့်ခမ်းမြို့များရှိ စစ်ကောင်စီစခန်းများ တိုက်ခိုက်ခံရကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ၏ ခလရ ၄၅ အခြေစိုက်ရာ ဗျူဟာကုန်းကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တစ်ခုက...

မြစ်ကြီးနား အမှတ် ၃၀ ရဲတပ်ရင်းအနီး ဗုံးကွဲပြီးနောက် စစ်တပ်က ရမ်းကားပစ်ခတ်၍ ၇ နှစ် အရွယ် မောင်ဘုန်းခန့်ထည် ကျည်ထိ ကွယ်လွန်၊ စစ်တပ်က အလောင်း လုယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင်လည်း ယနေ့ နံနက် ၆ နာရီအချိန် လယ်ကုန်းရပ်ကွက် ရှိ အမှတ် ၃၀ ရဲတပ်ရင်း အနီး ဗုံးကွဲမှု ဖြစ်ပေါ် ပြီးနောက် စစ်တပ်က သေနတ်ဖြင့် ရမ်းသမ်း ပစ်ခတ်မှု...

ရန်ကုန် တိုက်ကြီးစစ်မှုထမ်းဟောင်း အိမ်ရာ၊ မြောင်းတကာရဲစခန်း၊ လှိုင်သာယာ၊ မရမ်းကုန်း၊ တာမွေ၊ မင်္ဂလာဒုံတို့တွင် ဗုံးများပေါက်ကွဲ၊ မြစ်ကြီးနားတွင် ဗုံးကွဲပြီးနောက် စစ်တပ်ရမ်းကားပစ်ခတ်၍ ၇ နှစ်ကလေးငယ် ၁ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရန်ကုန် တိုက်ကြီးစစ်မှုထမ်းဟောင်း အိမ်ရာ၊ မြောင်းတကာရဲစခန်း၊ လှိုင်သာယာ၊ မရမ်းကုန်း၊ တာမွေ၊ မင်္ဂလာဒုံတို့တွင် ဗုံးတွေ့ရှိမှုများနှင့် ဗုံးများပေါက်ကွဲမှုများ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။ ယနေ့နံနက် ၆ နာရီ...

စစ်အာဏာသိမ်းမှုအောက်တွင် နေထိုင်နေရသည့် မြန်မာပြည်သူများကို မေ့မထားဟု အမေရိကန်သမ္မတပြောဆို၊ ဒီမိုကရေစီ ပြန်မသွားလျှင် စစ်တပ်နှင့်နောက်လိုက်များကို ဒဏ်ခတ်အရေးယူမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင်နှင့် စစ်တပ်၏ စစ်အာဏာသိမ်းမှု လက် အောက်တွင် နေထိုင်နေရသည့် မြန်မာပြည်သူများကို မေ့လျော့ထားခြင်းမရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မြန်မာစစ်တပ်၏အာဏာသိမ်းမှု ၁ နှစ်ပြည့်အချိန်တွင် မိန့်ခွန်း တစ်ရပ် ထုတ်ပြန်ပြောဆိုလိုက်သည်။အဆိုပါ မိန့်ခွန်းတွင် အမေရိကန်သမ္မတက စစ်တပ်၏အာဏာသိမ်းယူခြင်းနှင့် အရပ်သားပြည်သူများကို...

Latest news

- Advertisement -spot_img