38 C
Yangon

ဘားအံမြို့နယ်၊ သထုံ- ဘားအံလမ်းပေါ်ရှိ ဘုရင့်ညီနောင်ဂူလမ်းထိပ်တံတား မိုင်းပေါက်ကွဲမှုကြောင့် ပျက်စီး

Must read

ဘားအံမြို့နယ်၊ သထုံ- ဘားအံလမ်းပေါ်ရှိ ဘုရင့်ညီနောင်ဂူလမ်းထိပ်တံတား မိုင်းပေါက်ကွဲမှုကြောင့် ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၁၀

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သထုံ-ဘားအံလမ်းမကြီးပေါ်ရှိ ဘုရင့်နောင်ညီနောင်ဂူလမ်းထိပ်တံတား မိုင်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့ ညသန်းခေါင်အချိန်၊ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် အစောပိုင်း ဘားအံမြို့နယ်၊ သထုံ-ဘားအံ လမ်းမကြီးပေါ်တွင်ရှိနေသော

ဘုရင်ညီနောင်ဂူနှင့် ဝါးပိုးတောလမ်းဆုံ အကြားရှိတံတားတွင် မိုင်းပေါက်ကွဲပြီး တံတား ပျက်စီးသွားကြောင်း၊ တံတားလက်ရန်များနှင့် တံတားပေါ်ရှိ လမ်းပေါက်ပြဲမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

“အခုတော့ စစ်တပ်နဲ့ လမ်းတံတားဘက်က လူတွေ ခဏ လာကြည့်နေတယ်။ ကားသေးတွေနဲ့ ဆိုင်ကယ်တွေကိုတော့ ပေးဖြတ်တယ်။ ကားကြီးတွေ ဖြတ်မရဘူး။ ဖြစ်တာက မနေ့ညသန်းခေါင်ယံပိုင်း မိုးရွာနေတဲ့အချိန် အုန်းဆိုတဲ့ အသံကြီးကြားလိုက်တယ်။ တံတားကတော့ ခိုင်ခံမှုတော့ ထိသွားပုံရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် တံတား ပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က ကင်းပုန်းများ ချရန် လုပ်ဆောင်နေသည်ကို မြင်တွေ့ရပြီး ပေါ်ပေါ်တင်တင် စစ်တပ်က မလာရောက်ရဲကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article