35 C
Yangon

အဘစ်ကျေးရွာအခြေစိုက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ထွက်ပြေးနေရသည့် ပြည်သူများကို ဆန်နှင့် ရိက္ခာများ လှူဒါန်း

Must read

အဘစ်ကျေးရွာအခြေစိုက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ထွက်ပြေးနေရသည့် ပြည်သူများကို ဆန်နှင့် ရိက္ခာများ လှူဒါန်း

ရန်ကုန် ၊ ဇူလိုင် ၁၀

မုဒုံမြို့နယ် အဘစ်ကျေးရွာအခြေစိုက် အမြှောက်တပ် ၃၁၈ မှ ဝင်းရေးမြို့နယ်အတွင်းရှိ ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီးများ ကျရောက်၍ ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၊ J.O.C မှ စားနပ်ရိက္ခာများ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

စစ်ဘေးရှောင်ပြည်သူများကို လှူဒါန်းနိုင်ရန်အတွက် ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၊ J.O.C သို့ လှူဒါန်းလာသည့် ဆန်အိတ် ၂၀၀၊ ဆီနှင့် ခေါက်ဆွဲခြောက်များကို ဝင်းရော်ဒေသ အရေးပေါ်စစ်ရှောင်ကူညီရေးကော်မတီ(အောက်ပိုင်း) မှတစ်ဆင့် စစ်ဘေးရှောင် ပြည်သူတွေကို ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရှိရသည်။

အဘစ်ကျေးရွာအခြေစိုက် အကြမ်းဖက်စစ်တပ်၏ အမြှောက်တပ် ၃၁၈ မှ ၁၂၂ ဟောင်ဝစ်ဇာအမြှောက်များ, ၁၂၀ မမ စိန်ပြောင်းများနှင့် ခလယ်ကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ နန်းသိုင်းထွန်ရွာ၊ ပုလိန်မြို့ဟောင်းနှင့် ငြိမ်းချမ်းမြိုင်ရွာများကို နေ့စဉ်ပစ်ခတ်နေသည့်အတွက် ဒေသပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article