30.2 C
Yangon
spot_img

CATEGORY

News

ရွှေညဝါဆရာတော်ကြီး၊ စာရေးဆရာ မောင်သာချို၊ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်တို့ပြန်လည် လွတ်မြောက်

ရန်ကုန်၊ နိုဝင်ဘာ ၁၇ အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားသော ရွှေညဝါဆရာတော်ကြီး၊ စာရေးဆရာ မောင်သာချို၊ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ပြောခွင့် ရ ပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်တို့ ယနေ့ ပြန်လည်လွတ်မြောက်လာကြောင်း နိုင်ငံ ရေး အသိုင်းအ၀ိုင်းက အတည်ပြုသည်။ "ရွှေညဝါဆရာတော်ကြီး၊ ဦးမြအေး၊ ဒေါက်တာမျိုးညွှန့်၊ စာရေးဆရာ မောင်...

အင်းစိန်အကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ဦးမြအေး ပြန်လွတ်လာ၊ မြန်မာပြည်သူများနှင့် အမြဲတမ်းအတူရှိနေမည်ဟု ဦးမြအေး ပြောဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၇ အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးမှု ခံထားရသည့် ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ဦးမြအေးသည် ယနေ့ အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း Assistance Association for Myanmar-based Independent Journalists က ဓာတ်ပုံများဖြင့် သတင်းဖော်ပြထားသည်။ ဦးမြအေးကို အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းသည့်...

ဆောမြို့နယ်တွင် လက်နက်နှင့်တကွ CDM ပြုလုပ်လာသော ရဲ ၄ ဦးကို ဂုဏ်ပြုဆုငွေ ပေးအပ်ပွဲ ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၇ မကွေးတိုင်း၊ ဆောမြို့နယ် မြို့မရဲစခန်းမှ ဒုတပ်ကြပ် ၁ ဦးနှင့် ရဲတပ်သား ၃ ဦး လက်နက်နှင့်တကွ ဂန့်ဂေါခရိုင် PDF တပ်ဖွဲ့ထံ CDM ပြုလုပ်လာကြောင်း သိရသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာက ထုတ်ပြန်ခဲ့ပြီး...

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး လွတ်မယ်လို့သတင်းထွက်နေပေမယ့် အိမ်မရောက်သေးဟု သမီးဖြစ်သူ ပြော

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမြအေး ဒီနေ့မှာပြန်လည်လွတ် မြောက်လာဖို့ရှိတယ် လို့သတင်းတွေထွက်ပေါ်နေပါတယ်။ အဲဒါနဲ့ပက်သက်ပြီး သူရဲ့သမီးဖြစ်သူကတော့ " အဖေ ဦးမြအေး လွတ်ပြီလို့ သတင်းကြားပါတယ်။ အခုထိတော့ အိမ်မရောက်သေးပါဘူး။ လုပ်ငန်းစဥ်တွေများလို့ ညနေလောက်မှ ထွက်လာလို့ရမယ်လို့လဲပြောကြပါတယ်" လို့သူရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ လူကိုယ်တိုင်အိမ်ပြန်ရောက်ပြီး မိသားစုနဲ့ပြန်တွေ့ရမှ သက်ပြင်းချနိုင်မှာမို့...

ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေး မစ္စတာရှောင်တာနယ် ၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုမင်း ၊ ဂျပန်ရုပ်ရှင်ဒါရိုက်တာ မစ္စတာToru Kubota ၊ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးတို့ကို ပြန်လွှတ်ပေး၊ နိုင်ငံတကာ၏ ပြင်းထန် သော ဖိအားကို စစ်ကောင်စီ ရှောင်လွဲရန် ရည်ရွယ်ပုံရ

ရန်ကုန်၊ နိုဝင်ဘာ ၁၇ နိုင်ငံတကာ၏ ပြင်းထန်သော ဖိအားသော ရှောင်လွဲနိုင်ရေး အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေး မစ္စတာရှောင်တာနယ် ၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုမင်း ၊ ဂျပန်ရုပ်ရှင်ဒါရိုက်တာ မစ္စတာToru Kubota ၊ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးတို့ကို ပြန်လွှတ်ပေးလိုက်ကြောင်း...

ကောလင်းတွင် စစ်ကြောင်းများ ဝင်လာခြင်းကြောင့် ပြည်သူ ၄၅၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရ၊ ဝက်လက်တွင်လည်း စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်

ရန်ကုန်၊ နိုဝင်ဘာ ၁၇ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ တောင်မော်တိုက်နယ် အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာခြင်းကြောင့် ပြည်သူ ၄၅၀၀ ခန့် ထွက်ပြေး တိမ်းရှောင်နေရကြောင်း Kawlin Revolution -IR အဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀...

မရမ်းကုန်း ၃ ရပ်ကွက် နေအိမ်ရာပေါင်းများစွာကို ကျူးကျော်ဟုဆိုကာ ၃ ရက်အတွင်း စစ်တပ်၊စည် ပင်နှင့်ထွေ/အုပ်က ဖယ်ရှားခိုင်း

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရန်ကုန်တိုင်း၊ မရမ်းကုန်း ၃ ရပ်ကွက်၊ ကံသာဇေယျုံလမ်းရှိ အိမ်ခြေ ၁၀၀ ကျော်ကို ကျူးကျော်ဟု ဆိုကာ နိုဝင်ဘာ ၁၆ ရက်နေ့မှ စ၍ ၃ ရက်အတွင်း ဖယ်ရှားပေးရန် အကြမ်းဖက်စစ်တပ်၊ စည်ပင်နှင့်ထွေ/အုပ်က အင်အားပြ လာရောက် ခြိမ်းခြောက်သွားကြောင်း...

Yangon Time Investment အမည်ရ ရင်းနှီးမြှုပ်နှံမှု အယောင်ဆောင် ကုမ္ပဏီက ရှယ်ယာခေါ်ထားသည့် ငွေကျပ်သိန်းထောင်ချီကို လိမ်လည်သွားပြန်

ရန်ကုန်၊နိုဝင်ဘာ ၁၇ Yangon Times Investment အမည်နှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီအမည်ခံ ကုမ္ပဏီသည် နိုဝင်ဘာ ၁၄ ရက်နေ့မှ စ၍ ငွေကြေးရင်းနှီးမြှုပ်နှံမည့်သူများကို အတိုးအမြတ်ငွေနှင့်အရင်းငွေများ ငွေပေးချေခြင်းမပြုဘဲ တိမ်းရှောင်နေကြောင်း ငွေကြေးရင်းနှီးမြှုပ်နှံသူများထံမှ သိရှိရသည်။ “ Yangon Times Investmentပါ သူ့ဆီမှာလည်းတော်တော်များများပါသွားကြပါတယ်။ လွန်ခဲ့တဲ့ သုံးလေးရက်ထဲက မူမမှန်နေတာပါ။...

တန့်ဆည်နှင့် မြောင်တွင် စစ်တပ် စစ်ကြောင်းများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး၊ မြောင်နှင့် စစ်ကိုင်းတွင် အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးများ ပစ်ခတ်ခံရပြီး ၇ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၆ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်တပ် စစ်ကြောင်း ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း LPDF တပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်နှင့် ၃ နာရီခန့်တွင် အင်အား...

မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းတွင် စစ်ဆေးရေးဂိတ်ကို မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်၊ မြောက်ဒဂုံလ၀ကရုံးကိုလည်း ဗုံးခွဲတိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းတွင် ပြည်သူများကို စစ်ဆေးရေးလုပ် နေသော စစ်တပ်ဂိတ်ကို မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Young Defense Power Force အဖွဲ့က ပြောသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီ...

Latest news

- Advertisement -spot_img