28 C
Yangon

ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်၊ ဆင်ပိုက်၊ ကိုးတန်းကောက်၊ ချိန်ကလိန်ဘက်များတွင် မိုခါ မုန်တိုင်းကြောင့် ကျွဲ၊ နွားအကောင်ရေ ၂၀၀၀ ကျော် သေဆုံး

Must read

ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်၊ ဆင်ပိုက်၊ ကိုးတန်းကောက်၊ ချိန်ကလိန်ဘက်များတွင် မိုခါ မုန်တိုင်းကြောင့် ကျွဲ၊ နွားအကောင်ရေ ၂၀၀၀ ကျော် သေဆုံး

ရန်ကုန်| မေ ၁၉

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင်ပြီးခဲ့သည့် မေ ၁၄ရက်နေ့က ဝင်ရောက်ခိုက်တိုက်ခဲ့သည့် အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်မှုကြောင့် ကျွဲ၊ နွား သေဆုံးမှု အကောင်အရေတွက် ၂၀၀၀ ကျော်ရှိကြောင်း သိရသည်။

အဆိုပါ ကျွဲ၊ နွားသေဆုံးမှုသည် ရသေ့တောင်မြို့နယ်များဖြစ်ကြသည့် ဒုံးပိုက်၊ ဆင်ပိုက်၊ ကိုးတန်းကောက်၊ ချိန်ကလိန်ဘက်မှ သေဆုံးမှုများဖြစ်ကြပြီး အခြားကျေးရွာများမှ သေဆုံးမှုများ၏ စာရင်းများ မရရှိသေးကြောင်း စာရင်းကောက်ယူနေသည့် စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

“ကျွဲ နွားအဓိက သေဆုံးတာကတော့ ရသေ့တောင်မြို့နယ်မှာ သေဆုံးတာများတယ်။ မနေ့က ကျနော်တို့ သွားရောက်ကြည့်ခဲ့တဲ့နေရာဖြစ်တဲ့ ဒုံးပိုက်၊ ဆင်ပိုက်၊ ကိုးတန်းကောက်၊ ချိန်ကလိန်ဘက်မှာ အဲ့ဒီနားပတ်ဝန်ကျင်းမှာဆိုရင် ကျွဲ၊ နွားအကောင်အရေ ၂၀၀၀ ကျော် သေဆုံးတယ်။ အဲ့ဒီဖက်တွေက ကျေးရွာဒေသခံတွေက ကောက်ယူထားတဲ့ စာရင်းတွေပေါ့နော်။ ရခိုင်ပြည်တစ်ပြည်လုံးအတိုင်းအတာနဲ့ဆိုရင် ပြောရခက်ပါတယ်။ လက်ရှိမှာ ဖုန်းလိုင်းအခက်ဖြစ်နေတယ်ဆိုတော့ အဲ့ဒါကိုတော့ မှတ်ချက်ပေးလို့ မရဘူး “ဟုပြောသည်။

ယခု စာရင်းသည် လက်တစ်လော ကောက်ယူထားသည့် ကျေးရွာ လေးရွာ၏ အနီးအနားက စာရင်းများဖြစ်ကြပြီး အခြားကျေးရွာများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ကျွဲ၊ နွား တိရစ္ဆာန် သေဆုံးမှုသည် ယခုထက် ပိုများလာနိုင်ကြောင်း စာရေးဆရာ ဝေဟင်အောင် က ပြောသည်။

ထို့အပြင် ရသေ့တောင်မြို့နယ်တစ်ခုလုံးတွင်လည်း ကျေးရွာအားလုံးနီးပါး ပျက်စီးဆုံးရှုံးမှုများ ရှိနေပြီး တစ်ချို့ နေရာတွင် ကျေးရွာများတောင် ရှာမတွေခြင်းများ ရှိကြောင်း စာရေးဆရာ ဝေဟင်အောင် က ဆက်လက် ပြောသည်။

“အိမ်ခြေတွေကတော့ ရခိုင်ပြည်အတိုင်းအတာအနေနဲ့ ၈ မြို့နယ်၊ ၉ မြို့နယ်လောက်မှာတော့ နေအိမ်တွေ တော်တော် ပျက်စီးမှုများပါတယ်။ ဘယ်လောက်လောက် ပျက်စီးသွားတယ်ဆိုတာကို လက်တစ်လော ပြောဖို့ခက်ပါတယ်။ မြို့နယ်တိုင်းရွာတိုင် မပျက်းဘူးဆိုတဲ့ အိမ်ဆိုတာ မရှိဘူး။ အနည်းပျက်တာနဲ့ အများပျက်တာပဲ ကွာတယ်”ဟုပြောသည်။

ရသေ့တောင်မြို့နယ်၊ ကျောက်ပန္ဒူ၊ မြိုယု၊ ပဲရုံ၊ အင်းဒင်၊ အောင်သုခ၊ ကိုးတန်းကောက်၊ ကြံတိုင်းအောင်၊ ချိန်ကလိန်၊ ဒုံးပိုက်၊ အောင်ဗလ၊ ဆင်ပိုက်၊ ပေါက်တောပြင်၊ သာစည်ကုန်း၊ ကုန်တန်း၊ မကျေးချောင်း၊ အငူမော် စသည့်ကျေးရွာများသို့ ကွင်းဆင်း လေ့လာချက်အရ ၎င်းတို့ ကျေးရွာများမှာ စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါးများအရေးပေါ် လိုအပ်နေသည်။

ပြီးခဲ့သည့် မေ ၁၄ရက်နေ့ အင်အားပြင်း ဆိုင်ကလုန်း မိုခါ သည် ရခိုင်ပြည်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်။ မောင်တော၊ အမ်း၊ ဂွနှင့် မာန်အာင်မြို့နယ်များသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောတို့တွင် နေအမ်၊ ဆေးရုံ၊ ဆေးခန်းများနှင့် ဘာသာရေးအဆောင်အအုံးများ ၉၀ ရာခိုင်းနှုန်း ပျက်စီးခဲ့ရပြီး လက်တစ်လော စာရင်းအရ လူ ၄၅၀ ဦး ထက်မနည်းသေဆုံးခဲ့ရသည်။

(Western News-WN သည် ရန်ကုန်​ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

ဓါတ်ပုံ- ဝေဟင်အောင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article