33 C
Yangon

ချမ်းမြသာစည်တွင် ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး အိမ် ဗုံးပစ်ခံရပြီး လူ ၁ ဦးသေဆုံး

Must read

ချမ်းမြသာစည်တွင် ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး အိမ် ဗုံးပစ်ခံရပြီး လူ ၁ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၉

မန္တလေးတိုင်း၊ မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်၊အောင် ပင်လယ်ရပ်ကွက်၊အကွက်(၁၂)/၅၅၊ ၅၂ (A)လမ်း၊၁၀၃လမ်းနှင့်၁၀၄လမ်းကြားတွင် ပျူစောထီး ခေါင်းဆောင် ရာအိမ်မှူး သန်းနိုင်၏ နေအိမ် ဗုံးပစ်ခံရပြီး သန်းနိုင်၏ မိခင် ဖြစ်သူ သေဆုံးကာ ဒဏ်ရာရရှိသူများရှိကြောင်း သိရှိရသည်။

မေလ ၁၉ ရက်နေ့ နံနက်၇ နာရီ ၁၅မိနစ်အချိန် ချမ်းမြသာစည်မြိုနယ်၊အောင် ပင်လယ်ရပ်ကွက်၊အကွက်(၁၂)/၅၅၊၅၂(A)လမ်း၊၁၀၃ လမ်းနှင့်၁၀၄ လမ်းအကြားတွင် ပျူစောထီး ရာအိမ်မှူး သန်းနိုင်၏ နေအိမ်အား လက် လုပ်ဗုံးဖြင့် ပစ်ခံခဲ့ရကြောင်း ၊ ဆိုင်ကယ်စီးလာသော လူငယ် ၂ ဦးက သန်းနိုင်နေ အိမ်ရှေ့အရောက်တွင် လက်လုပ်မိုင်းဖြင့် ပစ်ပြီးထွက် ပြေးသွား ခဲ့ခြင်းဖြစ်ကြောင်း ၊ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် နေအိမ်ရှေ့တွင် ထိုင်နေသည့် ရာအိမ်မှူးသန်းနိုင်၏ မိခင် ဒေါ်နီ အသက် ၆၇ နှစ်သေ ဆုံးသွားကြောင်း၊ ကိုဖိုးချစ် အသက် ၃၈နှစ်နှင့် မအေးအေးနွယ် ၃၇နှစ်တို့ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဒဏ်ရာရလူနာသုံးဦးကို မန္တလေးဆေးရုံ ကြီးသိုပိုဆောင်ပေးခဲ့သော်လည်း ဒေါ်နီ မှာ ရရှိခဲ့သော ဒဏ်ရာများဖြင့် ဆေးရုံအရောက်တွင် သေဆုံးသွား ခဲ့ကြောင်း၊ တိုက်ခိုက်မှုကို သိရသည်။

“ဒီမနက် ၆ နာရီ ၅၅ မိနစ်ဝန်းကျင်မှာ ဗုံးပစ်ခဲ့တာပါ။ ပျူသင်တန်းဆင်းထားတဲ့ ပျူစော ထီးတွေပါ။ ရပ်ကွက်ထဲမှာ နေဖူးတဲ့ အမျိုးသားတစ်ဦးပါ။ ရပ်ကွက် ထဲက လူတွေတိုးတိုးတိတ်တိတ် အပြင်ကို ခေါ်ချိန်းပြီး တိုင်ပင်ကြဖို့ သိရတာပါ” ဟု စစ်ဆင်ရေးကို တိုက်ခိုက်ခဲ့သော Urban Guerrilla Force-MDYမှ တာဝန် ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article