28.2 C
Yangon
spot_img

CATEGORY

News

ရွှေပြည်သာလူကယ်ပြန်ရုံးတွင် တပ်စွဲထားသော စစ်တပ်ကို ဗုံး၊ မိုင်းတို့ဖြင့်တိုက်ခိုက်၊ အရှေ့ဒဂုံတွင် ယခုည ပစ်ခတ်သံတချို့ ကြားရပြီး လှိုင်မြို့နယ်တွင် ပြည်သူများ ဖမ်းဆီးနှိပ်စက်ခံနေရ

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရုံးတွင် တပ်စွဲထားသော စစ်တပ်ကို ဗုံး၊ မိုင်းတို့ဖြင့် ယနေ့ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးပျောက်ကျားတပ်ဖွဲ့က ပြောသည်။ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၇ မိနစ်အချိန် ရွှေပြည်သာမြို့နယ် လူကယ်ပြန်ရုံးတွင် တပ်စွဲထားသော စစ်တပ်ကို...

ရှားတောတွင် ထောက်ပို့ စစ်ရဟတ်ယာဉ်ကို ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံး၊ မြ၀တီနှင့်ကျိုက်ထိုတို့တွင်လည်း တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေဆုံး

By ရန်ကုန်ခေတ်သစ် ကရင်နီပြည်နယ်၊ ရှားတောတွင် ရိက္ခာနှင့်လက်ခဲယမ်းလာပို့သည့် ထောက်ပို့စစ် ရဟတ်ယာဉ်ကို ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ရာ စစ် သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ မြ၀တီနှင့်ကျိုက်တို့တွင်လည်း တိုက်ပွဲဖြစ်ပြီး စစ် သား ၄ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ် ပြန်သည်။ ကျိုက်ထိုတွင် ပစ်ခတ်မှုဖြစ်‌ပြီး စစ်သား ၂...

နတ်မောက်တွင် စစ်တပ်က ကိုအောင်ကျော်ကျော်ကို ဖမ်းဆီးပြီး စစ်ကြောရေးတွင် သတ်ဖြတ်၊ ရုပ်အလောင်းကို အမှိုက်ပုံတွင် စွန့်ပစ်

ရန်ကုန်၊ အောက်တိုဘာ ၂၀ မကွေးတိုင်း နတ်မောက်မြို့ ဒေသခံ ပြည်သူ ကိုအောင်ကျော်ကျော်ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောရေးတွင် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ကိုအောင်ကျော်ကျော် ဖမ်းဆီး မခံရမှီ အောက်တိုဘာလ ၁၈ ရက်နေ့တွင် နတ်မောက်မြို့ မြို့မကွက်သစ်ရပ်ကွက်ရုံး၏ ငါးပြေမပျောက်တပ်ဖွဲ့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး စစ်ထွက် ဝင်းအောင်၏...

ကရင်ပြည်နယ်တွင် ထောက်လှမ်းရေးလုပ်နေသည့် ဒုအရာခံဗိုလ် စိုးမြင့်ဆိုသူကို ပစ္စတိုသေနတ်၊ လက်ပစ်ဗုံး၊ ကားတစ်စီးနှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်၊ အောက်တိုဘာ ၂၀ ကရင်ပြည်နယ်အတွင်းသို့ ကယ်ရီသမား ဟန်ဆောင်ပြီး ထောက်လှမ်းရေး လာလုပ်သည့် ဒုအရာခံဗိုလ်စိုးမြင့် ဆိုသူကို ပစ္စတို၊ လက်ပစ်ဗုံး၊ ကားတစ်စီးနှင့်အတူ ဖမ်းဆီးရမိကြောင်း Lion Battalion Commando Special Force က သတင်းထုတ်ပြန်သည်။ ဗိုလ်မှုး အယ်ဆေးဝါးဦးဆောင်သည့် Lion Battalion Commando...

ကန်ပက်လက်နှင့် ကယားတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၁ ဦးသေဆုံး၊ မတ္တရာတွင် စစ်ကြောင်း မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၀ ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် အကြမ်းဖက် စစ်တပ်နှင့် CDF တို့ တိုက်ပွဲဖြစ်ပွားပြီး ၄ ဦးသေဆုံးကြောင်း သိရသည်။ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၄ နာရီခန့်တွင်ကင်းပုန်း နေရာယူထားသော CDF-Kanpetlet ရဲဘော်များနှင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းတို့ ထိတွေ့...

ဒူဘိုင်းတွင် အိမ်ဖော် မြန်မာအမျိုးသမီး မချီမာဆဲ လစာမရသည့်အပြင် နှာ ခေါင်း သွေးလျှံမှု ဆက်တိုက်ဖြစ်နေမှု ဆေးကုသခွင့် မရ ၊ မြန်မာပြည် ပြန်ရန် ခွင့်တောင်းသော်လည်း ပွဲစား စည်သူအောင်က သိန်းရာကျော် အထိ လျှော်ကြေးတောင်း

ရန်ကုန်၊ အောက်တိုဘာ ၂၀ ဒူဘိုင်းတွင် အိမ်ဖော်လုပ်သူ မြန်မာအမျိုးသမီး မချီမာဆဲသည် လက်ရှိအလုပ်လုပ်နေသော နေအိမ်တွင် လုပ်ခလစာမရသည့်အပြင် နှာခေါင်းသွေးလျှံမှု ဆက်တိုက်ဖြစ်နေ၍ ပြန်ခွင့်တောင်းသော်လည်း ဒူဘိုင်းပို့ဆောင်သူ တရားမဝင် ပွဲစား စည်သူအောင်က သိန်းရာကျော် အထိ လျှော်ကြေးတောင်းနေကြောင်း သိရှိရသည်။ ဒူဘိုင်းတွင် ၂၀၂၂ ခုနှစ် မတ်လမှ စတင်ကာ...

ဝက်လက်၊ ရွာတော်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၂၀ ပြာကျ၊ ပြည်သူ ၄ ဦး ဖမ်းဆီး သတ်ဖြတ်ခံရ

ရန်ကုန်၊ အောက်တိုဘာ ၂၀ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွာတော်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၂၀ ပြာကျခဲ့ကြောင်း သိရသည်။ ရွာတော်ကျေးရွာကို အကြမ်းဖက် စစ်တပ်က အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၃၀ ခန့်ဖြင့် ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင်...

ရွှေတောင်မြို့နယ် အကသ ကျောင်းသား ကိုဖုန်းပြည့်ပိုင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ၊ ထားဝယ်တွင် ပြည်သူ ၄ ဦးဖမ်းဆီးခံရပြီး ၁ ဦး ခေါင်းရိုက်ခွဲခံရ

ရန်ကုန်၊ အောက်တိုဘာ ၂၀ ပဲခူးတိုင်း ရွှေတောင်မြို့နယ် အကသ ကျောင်းသား ကိုဖုန်းပြည့်ပိုင်‌ကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။ ကိုဖုန်းပြည့်ပိုင်ကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်ခရိုင် တရားရုံးမှ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပုဒ်မ(၅၀)...

ဂန့်ဂေါတွင် ရဲတပ်သား ၁ ဦး လက်နက်နှင့်အတူ CDM လုပ်အလင်းဝင်မှု ကျပ်သိန်း ၅၀ ချီးမြှင့်၊ ချင်းပြည်နယ်တွင် စစ်တပ် စနိုက်ပါ သမားတစ်ဦး CDM ဝင်

ရန်ကုန်၊ အောက်တိုဘာ ၂၀ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ကျေးရွာ ရဲစခန်းမှ ရဲတပ်သား တစ်ဦး လက် နက်အပြည့်အစုံဖြင့် CDM လုပ် အလင်းဝင်လာသဖြင့် ယနေ့ ငွေကျပ် သိန်း ၅၀ ချီးမြှင့်ကြောင်း ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်းက သတင်းထုတ်ပြန်သည်။ ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းမှ၊...

အင်းတော်တွင် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ ခြင်းကြောင့် နန့်သာရွာထဲ မီးလောင်နေ၊ အောင်းကုန်းရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၁၀ လုံးကျော်ပြာကျ

ရန်ကုန်၊ အောက်တိုဘာ ၂၀ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နန့်သာရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲခြင်းကြောင့် ရွာထဲ၌ မီးလောင်နေကြောင်း Indaw Revolution -IR အဖွဲ့ထံမှ သိရသည်။ နန့်သာရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက စတင်ကာ...

Latest news

- Advertisement -spot_img