26.2 C
Yangon
spot_img

CATEGORY

News

မြောက်ဒဂုံဘေလီတံတားအနီး ကလူဂါကားတစ်စီးပေါ်မှ မောင်းနှင်သူ အမျိုး သား တစ်ဦး ကို သေနတ်သမားများက ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံး 

ရန်ကုန်၊ ဇွန် ၂၉  ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်နှင့် မြောက်ဒဂုံအစပ် မြောက်ဒဂုံ ဘေလီတံတားအနီးတွင် ယနေ့ ည ၇ နာရီ၄၀ မိနစ်အချိန်က ကလူဂါကားတစ်စီးပေါ်တွင် မောင်းနှင်သူ အမျိုးသား တစ်ဦးကို အမည်မသိ သေနတ်သမားများက ပစ်ခတ်ရာ သေဆုံးသွားကြောင်း ဒေသခံများက ပြောဆိုသည်။  ဇွန်လ ၂၉ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်အချိန်တွင် ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခြင်း ဖြစ်ပြီး အဆိုပါ ကလူဂါကားသည်မြောက်ဒဂုံ ဘေလီတံတားအဆင်းအတိုင်း ဆင်းလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း  သိရှိရသည်။  "မြောက်ဒဂုံ ဘေလီအဆင်း KIA showroom ရှေ့မှာ ကားမောင်းနေတာကို ပစ် သွားတာ။  အဲ့ဒီကားက မြောက်ဒဂုံထဲက လာတာ ဘေလီမီးပွိုင့်ကနေ  KIA Show Room ထောင့် အထွက်မှာ အပစ်ခံရပြီး ပွဲချင်းပြီးသေတာ။ ကားက  ဒီဘက် Show Room ဘက်ကားလမ်းကိုထိုးကျလာတာ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။  ယင်းနောက် စစ်ကောင်စီတပ်များရောက်ရှိလာပြီး လမ်းများအားလုံးကို ပိတ် ဆို့ပြီး စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း ၊ လက်ရှိအချိန်အထိ စစ်ဆေး မှုများ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။  လက်ရှိအချိန်အထိ အပစ်ခတ်ခံရ၍ သေဆုံးသူသည် မည်သူမည်ဝါဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

စစ်တပ်ထုတ် ဘီယာ၊ အရက်များရောင်းချသည့်အပြင် စစ်တပ်၊ရဲတို့နှင့် ပူးပေါင်း နေသည့်အတွက် ဗုံးခွဲသတိပေးခံခဲ့ရသည့် အလုံ SKYWAY CLUB & KTV မီးလောင်ပြာကျ 

ရန်ကုန်၊ ဇွန် ၂၉  စစ်တပ်ထုတ် မြန်မာဘီယာ၊ အရက်များရောင်းချပြီး စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသဖြင့်မကြာခဏ ဗုံးခွဲသတိပေးခံရသည့် အလုံမြို့ နယ်မှ SKYWAY CLUB & KTV ယနေ့ညပိုင်းတွင်  မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။  ဇွန်လ ၁၁ ရက်နေ့ ည ၁၀ နာရီ ခွဲအချိန်  ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်တွင် SKYWAY CLUB & KTV  မီးလောင်ခဲ့ခြင်းဖြစ်ပြီး ၁၁ နာရီမထိုးမီ အချိန် မီးအနည်းငယ်ထိန်းနိုင် ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။  ရန်ကုန်တိုင်း အလုံမြို့နယ်ရှိ  SKYWAY CLUB & KTV တို့ကို စစ်ကောင်စီထံ သို့ အခွန်ငွေများ ပေးအပ်နေသည့်အပြင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာနှင့် အရက်များကို ရောင်းချခြင်း၊ စစ်တပ်နှင့်ရဲများနှင့် နီးကပ်စွာ ပူးပေါင်းဆောင် ရွက်ခြင်းတို့ကြောင့် ယခုနှစ် မတ်လ( ၈) ရက် ည၈ နာရီ ၃မိနစ်အချိန်တွင် SKYWAY CLUB & KTV ကို  Dark Shadow တပ်ဖွဲ့က ဗုံးဖောက်ခွဲ သတိပေးခဲ့ ရသည့် KTV တစ်ခုဖြစ်သည်။

အတည်မပြုနိုင်သော တိုက်ပွဲသတင်းများကို ဖြန့်ဝေခြင်းမပြုကြရန် KNDO က ပြည်သူကို မေတ္တာရပ်ခံ

ရန်ကုန်၊ ဇွန် ၂၉ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ် များနှင့် KNDO ၊ KNU ၊ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲများဖြစ်ပွား လျက်ရှိနေချိန်တွင် အတည်ပြုမနိုင်သော တိုက်ပွဲသတင်းများကို ဖြန့်ဝေခြင်း မပြုကြရန် မေတ္တာရပ်ခံကြောင်း KNDO တရားဝင် ကြေညာချက်...

မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် စစ်တပ် သတင်းပေးဟု စွပ်စွဲသတ် မှတ်ခံရသူ ၁ ဦး ဓားဖြင့် အထိုးခံရပြီး သေဆုံး၊ တောင်သာ တံတားကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၂၉ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အောင်ချမ်းအေး ရပ်ကွက် ၃၆လမ်း ၊၇၁-၇၂လမ်းကြားရှိ ရွှေရည်ဝင်း ခေါင်ရည်ဆိုင်တွင် စစ်တပ် သတင်းဟု သတ် မှတ်ခံရသော ဆီးဂဲလ် ဆိုသူကို ဇွန်လ ၂၈ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်တွင်...

Breaking News- ဥကရစ်ထစခန်းအနီးကို ဗုံးကျဲပြန်လာသော စစ်ကောင်စီ၏ YAK 130 တိုက် လေယာဉ် ၁ စင်း အင်ဂျင်ထဲ ငှက်ဝင်၍ သုံးမရသည်အထိ ပျက် စီးသွား

ရန်ကုန်၊ ဇွန် ၂၉ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ စစ်ကောင်စီ၏ ဥကရစ်ထစခန်းကို KNDO နှင့် PDF ပူးပေါင်း တပ်များက သိမ်းပိုက် နိုင်ရေး တိုက်ခိုက်လျက်ရှိပြီး ယင်းတိုက် ခိုက် မှုများကို စစ်တပ်က တိုက်လေယာဉ်များဖြင့် အသုံးပြု၍ ခုခံလျက် ရှိရာမှ ယနေ့ နံနက်ပိုင်း...

မြန်အောင်နှင့် ပင်းတယတွင် ရဲနှင့်စစ်သားများ ပစ်ခတ်ခံရပြီး စစ်သား ၁ ဦး သေဆုံး၊ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ကျည်ထိမှန်

ရန်ကုန်၊ ဇွန် ၂၉ ဧရာ၀တီတိုင်း၊ မြန်အောင်မြို့နယ်တွင် ရဲများ ပစ်ခတ်ခံရပြီး ရှမ်းပြည်နယ်၊ ပင်းတယတွင်လည်း စစ်တပ်ဂိတ်တစ်ခု ပစ်ခတ်ခံရကာ စစ်သား ၁ ဦ သေဆုံး သွားကြောင်း၊ စစ်တပ်က ရမ်းသမ်းပစ်ခတ်သဖြင့် ပြည်သူ ၃ ဦးကျည်ထိ မှန်ဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေးတပ်များနှင့် ဒေသခံများထံမှ သိရှိရသည်။ ဇွန်လ...

မင်းတပ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်၏ ရမ်းသမ်း ပစ်ခတ်မှု‌ကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် လက်နက်ကြီးထိ၍ သေဆုံး၊ သေဆုံးသူ ကလေး ၏ ညီနှင့်မိခင်မှာလည်း စစ်တပ်၏လက်နက်ကြီးကျည်ထိ၍ အပြင်း အထန်ဒဏ်ရာရရှိခဲ့

ရန်ကုန်၊ ဇွန် ၂၉ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ယနေ့ နံနက်ပိုင်း အကြမ်းဖက်စစ် ကောင် စီ တပ်များနှင့် CDF မင်းတပ်တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး စစ်တပ် ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် တစ်ဦး လက်နက်ကြီးကျည်ထိ၍...

ရခိုင်ပြည်နယ်တွင် AA က တရားစီရင်ရေးစနစ် လည်ပတ်နေပုံကို ရုပ်သံဖိုင်နှင့် တကွ ထုတ်ပြန်၊ ဘူးသီးတောင်တွင်စပါးကောက်လှိုင်း ၇၀၀ ကျော်မီးရှို့ခဲ့သည့် ဖြစ် စဉ်ကို စတင် စိစစ် စစ်ဆေး 

ရန်ကုန်၊ ဇွန် ၂၉  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဖြစ်ပွါးခဲ့သည့် ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းအုပ်စု၊ ကန္ဒ(ကင်းဒါး)မွတ်ဆလင်​ကျေးရွာတွင် စပါးကောက်လှိုင်း ၇၀၀  မီးရှို့ခံခဲ့ရသည့်ဖြစ်စဥ်နှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းနေသည့် ဗွီဒီယို တစ်ခု ကို ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်လိုက်ခြင်းဖြင့် AA က ရခိုင်ပြည် နယ် တွင် တရားစီရင်ရေးစနစ် လည်ပတ်နေကြောင်း ထုတ်ဖော်လိုက်သည်။  ယင်းဗွီဒီယိုသည် ၅ မိနစ်ခန့် ကြာမြင့်ပြီး ရက္ခိုင့်တပ်တော် (AA) ယူနီဖောင်း အပြည့် အစုံဝတ်ဆင်ထားသော မွတ်ဆလင် စစ်သားတစ်ဦးက မွတ်ဆလင် ဘာသာစကားဖြင့် ၎င်းဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် မွတ်ဆလင်အမျိုးသားတစ်ဦးကို မေးမြန်းထားသည်ကို တွေ့ရှိရသည်။ အဆိုပါဗွီဒီယိုဖိုင်ကို ရက္ခိုင့်တပ်တော် AA ၏ တရားဝင် Arakan Army Website က  ဇွန် ၂၈ ရက်နေ့ ညနေပိုင်းတွင်ထုတ်ပြန်ခဲ့သည်။  ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ည ၇ နာရီအချိန်ခန့်က  လယ် သမား ၂ ဦး ပိုင်ဆိုင်သော စပါးကောက်လိုင်းစည်း ၇၀၀ ခန့် တစ်ပြိုင်နက်တည်း မီးရှို့ခံလိုက်ရပြီး လယ်ပိုင်ရှင်များဖြစ်ကြသော  ဦးမာမောက်တွင်စပါး ကောက် လှိုင်းစည်း ၃၀၀၊ ဦးမူဂျီရင်မားတွင် စပါးကောက်လိုင်းစည်း ၄၀၀ ဆုံးရှုံးခဲ့သည်။  ယင်းအပြင် ၂၀၂၁ ခုနှစ်အတွင်း ဒီဇင်ဘာ ၁၀ ရက်နေ့က မြောက်ဦးမြို့နယ်၊ ထိပ်ဝ ပြင်ကျေးရွာတွင် ရိတ်သိမ်းခြွေလှည့်စက်နှစ်လုံး မီးရှို့ခံရမှု၊ ဒီဇင်ဘာ ၁၁ ရက်နေ့က မြောက်ဦးမြို့နယ်၊ လောင်းကြက်ကျေးရွာတွင် ရိတ်သိမ်းထားသော စပါးပုံများ မီးရှို့ခံရမှု၊ ဒီဇင်ဘာ ၁၄ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ စည်မော် ကျေး ရွာ တွင် လယ်သမား ၃ဦး ပိုင်ဆိုင်သော ရိတ်သိမ်းပြီးသောစပါးများ တလင်း ပြင်တွင် မီးရှို့ခံရမှု စသည့်ဖြစ်စဥ်များ ဖြစ်ပွားခဲ့သည်။ အလားတူ ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ နာဂရာကျေးရွာ အုပ်စု၊ ပေါက်တောမွတ်ဆင်ကျေးရွာတွင် တလင်းပြင်၌ စုပုံထားသော ကောက် လှိုင်း စည်း တစ်ထောင်ကျော်ခန့် မီးရှို့ခံရမှုနှင့် ဒီဇင်ဘာ ၂၀ ရက်နေ့ကမြောက် ဦး မြို့နယ်၊ မုချာကျေးရွာတွင် နွား ၅ ကောင် ဓားဖြင့် အခုတ်ခံရမှု စသည့် ဖြစ်စဥ်များ ဖြစ်ပွားခဲ့သည်။ ဓာတ်ပုံ-  ဇွန် ၂၈ ရက်နေ့ ရက္ခိုင့်တပ်တော် AA က တွေ့ဆုံမေးမြန်းနေသည်ကို တွေ့ရစဉ်။

ရဲတံခွန် သဘာဝဓါတ်ငွေ့စီမံကိန်းမှ ရေနံကုမ္ပဏီများ တာဝန်မဲ့ထွက်ခွာသွား၊ Gulf Petroleum Myanmar ကိုလုပ်ငန်းရှင်သစ်အဖြစ် အကြမ်းဖက်စစ်ကောင်စီ ခန့်အပ် 

ရန်ကုန်၊ ဇွန် ၂၉ မြန်မာစစ်ကောင်စီဟာ ရဲတံခွန်သဘာဝဓါတ်ငွေ့စီမံကိန်းကို တာဝန်ယူ ကြီးကြပ်လုပ်ကိုင်မယ့် ကုမ္ပဏီအဖြစ် Gulf Petroleum Myanmar (GPM) ကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ သိရှိရကြောင်း Justice For Myanmar ကထုတ်ပြန် ပြောဆိုလိုက်ပါတယ်။  Petronas နဲ့ မိတ်ဖက်တွေရဲ့ ခုလိုတာဝန်မဲ့ ရုပ်သိမ်းထွက်ခွာတဲ့လုပ်ရပ်က အကြမ်းဖက် မြန်မာစစ်အုပ်စုအတွက်အခွန်ဝင်ငွေရင်းမြစ် ဆက်လက် ပေးအပ်နေရာရောက်ပြီး၊ မကြာခင် ကုန်ခမ်းတော့မယ့် ဒီဓါတ်ငွေ့တွင်းကို ပိတ်သိမ်းတဲ့အခါ ဖြစ်လာမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တွေကိုလည်း မြင့်တက်စေမှာ ဖြစ်ပါတယ်လို့JFM က ဆိုပါတယ်။ PTTEP နဲ့ ENEOS တို့ ပေါင်းထားတဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Nippon Oil Exploration (Myanmar) နဲ့ မိတ်ဖက်သဘောတူညီချက် တစ်ရပ်အရ Petronas ဟာ ရဲတံခွန်ဓါတ်ငွေ့စီမံကိန်းရဲ့ လက်ရှိကြီးကြပ် လုပ်ကိုင်ရတဲ့ ကုမ္ပဏီဖြစ်တယ်လို့ သိရပါတယ်။ ရဲတံခွန်ဓါတ်ငွေ့စီမံကိန်းရဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဒီစီမံကိန်းကနေ တာဝန်ယူမှုအပြည့်နဲ့ နှုတ်ထွက်ပေးကြဖို့Friends of the Earth Japan, Justice For Myanmar နဲ့ Mekong Watch တို့က အကြိမ်ကြိမ် တောင်းဆိုတိုက်တွန်းခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ တာဝန်ယူမှုအပြည့်နဲ့ နှုတ်ထွက်တယ်ဆိုတာမှာ အကြမ်းဖက် မြန်မာစစ်အုပ်စုဆီကို အခွန်ဝင်ငွေတွေ အနာဂတ်မှာမစီးဆင်းအောင် သေသေချာချာစီစဉ်ဖို့နဲ့ လက်ရှိ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေကိုရှောင်ရှားနိုင်မယ့် နည်းလမ်းတွေနဲ့ ဓါတ်ငွေ့တွင်းကို ပိတ်သိမ်းဖို့ သင့်လျော်တဲ့ နည်းလမ်းအဆင့်ဆင့်နဲ့ လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ်ခတ်ပိတ်ဆို့ကြဖို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တစိုက်မတ်မတ် တောင်းဆိုမှုတွေကိုလည်း လျစ်လျူရှုခဲ့ကြပြီး ဒီနေ့အချိန်အထိ ဥရောပသမဂ္ဂ တဖွဲ့တည်းကသာ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ခဲ့တယ် လို့လည်း ဆိုပါတယ်။ Gulf Petroleum Myanmar (GPM) က ဘယ်သူလဲ? ============= GPM ကုမ္ပဏီဆိုတာ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝါထရာရဲ့ စီးပွားရေးလုပ်ငန်း ဒါရိုက်တာအဖွဲ့မှာအုပ်ချုပ်မှုဒါရိုက်တာ တစ်ဦးဖြစ်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ချာဗလစ် ယောင်ချိုင်ယုရဲ့ အကြံပေးဖြစ်ခဲ့တဲ့ ထိုင်းသူဌေးကြီး ချတ်ချိုင်း ယမ်ဘန်ရွန်းက ကျောထောက်နောက်ခံ ပေးထားတဲ့ ပုဂ္ဂလိက ရေနံနဲ့ဓါတ်ငွေ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။  အဆိုပါ ကုမ္ပဏီဟာ စင်ကာပူနိုင်ငံနဲ့ ဩစတြေးလျနိုင်ငံတို့မှာ စီးပွါးရေးလုပ်ငန်းတွေရှိတဲ့ Northern Gulf Petroleum group ရဲ့ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ပါတယ်။ ယမ်ဘန်ရွန်းရဲ့ အကြမ်းဖက် မြန်မာစစ်အုပ်စုနဲ့ စီးပွါးရေးဆက်နွယ်မှုဟာ ၁၉၉၅ ခုနှစ် အစောပိုင်းကာလMyanmar Yellow...

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးသစ် Penny Wong ထံသို့ NUG ကို အသိ အမှတ်ပြုရေး၊ စစ်အုပ်စုကို အရေးယူရေး၊ စစ်တပ်အားပေး အာဆီယံ မူဝါဒကို အသိအမှတ်မပြုရေး အပါအဝင် အချက် ၁၅ ချက်  အရပ်ဘက်အဖွဲ့၆၈၈ ခုက တောင်းဆို 

ရန်ကုန်၊ ဇွန် ၂၉ ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာသူ  Penny Wong ထံသို့ NUG ကို အသိအမှတ်ပြုရေး၊ စစ်အုပ်စုကို ဒဏ်ပိတ်ဆို့ရေး အပါအဝင် အချက် ၁၅ ချက် ကို မြန်မာနှင့်ဒေသတွင်းနိုင်ငံတကာ အရပ်ဘက်အဖွဲ့ ၆၈၈ ခုကယနေ့  တောင်းဆိုလိုက်ကြသည်။  မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၆၈၈ ဖွဲ့က သင့်အား နိုင်ငံခြားရေးဝန်ကြီးအဖြစ်ရာထူးခန့်အပ်ခြင်းကို ကြိုဆို ထောက်ခံ ကြောင်းနှင့် အစိုးရအဖွဲ့တွင် ပါဝင်သည့်အခါ မြန်မာပြည်သူလူထုနှင့်အတူတကွ ခိုင်မာပြီး တည်တံ့သော ဆက်ဆံရေးဖော်ဆောင်ရန် ဩစတြေးလျ လုပ်သား ပါတီ (Australian Labor Party) ၏ ကြိုးပမ်းအားထုတ်မှုကို အလေးထား အသိအမှတ်ပြုပါကြောင်း အိတ်ဖွင့်ပေးစာတွင် ပထမဦးစွာဖော်ပြထားသည်။  ဩစတြေးလျအနေဖြင့် မြန်မာ့ဒီမိုကရေစီ အရေးအပေါ် တိုက်ရိုက် တိုက်ခိုက်မှု ကို ဘေးမှရပ်ကြည့်မနေသင့်ကြောင်း သင်၏ ယခင် မှတ်ချက်များနှင့် ဩစ တြေး လျ အစိုးရအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် မားမား မတ်မတ် ရပ်တည်ပြီး ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများ ဆောင်ရွက်ရန် သင်၏ တိုက်တွန်း တောင်းဆိုချက်ကိုလည်း ဂရုပြုမိပါကြောင်း ၊အရှေ့တောင် အာရှ ရေးရာ အထူးသံတမန် ခန့်အပ်ရန်၊ အရှေ့တောင်အာရှဒေသတွင်းသို့ အကူအညီ များ တိုးချဲ့ပေးပို့ရန်နှင့် “First Nations Foreign Policy” ကို အကောင် အထည် ဖော်ရန်ဩစတြေးလျနိုင်ငံ အစိုးရ၏ ကြိုးစားအားထုတ်မှုကိုလည်း အသိ အမှတ်ပြုကြောင်း အရပ်ဘက်အဖွဲ့များက ဆိုကြသည်။  လက်ရှိ တရားမဝင်စစ်အုပ်စု၏ ထိတ်လန့်စို့းရွံ့ဖွယ်ရာ ခြိမ်းခြောက်မှုကို ခံနေရ သော မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုများ၊ အသက်မွေးဝမ်းကြောင်း ရပ်တည် လှုပ် ရှား မှုများနှင့် ထိရှပျက်စီးလွယ် ဂေဟစနစ်များကို ကာကွယ်စောင့်ရှောက် ရန် နှင့် လူသားအားလုံးအတွက် လူ့အခွင့်အရေးများ ထိန်းသိမ်းကတိပြုသော အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တစ်ခုအတွက် ရုန်းကန်ကြိုးပမ်း နေကြ သည့်  အသံများ၊ ရပ်တည်တောင်းဆိုချက်များကိုနားဝင်ကြား သိစေရန် အတွက် ယခုအိတ်ဖွင့်ပေးစာကို ရေးသားရခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှု မှစတင်ပြီး တရားမဝင် စစ်အုပ်စုသည် နေရာအနှံ့မှ လူထုလူတန်းစား အရပ် ဘက် အင်အားစုအသီးသီးက ခုခံတော်လှန်ကြသည့် မြန်မာပြည် သူလူထု အပေါ် အကြမ်းဖက်စစ်ပွဲ ဆင်နွှဲလျက်ရှိကြောင်း၊  စစ်အုပ်စုသည် ပြည်သူ လူထုအပေါ် တိုက်ခိုက်ခြင်းများနှင့် တရားလက်လွတ် ပစ်ခတ် တိုက်ခိုက် ခြင်း များအပါအဝင် လက်နက်ကိုင်တိုက်ပွဲပေါင်း ၁၀,၀၀၀  ကျော် ဆင်နွှဲခဲ့ပြီး ပြည်သူဦးရေ ၂,၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ဖြစ်သည်ဟု အခြေအနေကို ရှင်းပြထားသည်။  အာဏာသိမ်း ကြိုးပမ်းချိန်ကစပြီး နိုင်ငံတဝန်းစစ်အုပ်စု၏ သွေးအေးအေး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများ၊သတ်ဖြတ်မှုများ၊  ညှဉ်းပန်းနှိပ်စက်မှုများ၊ မုဒိန်းကျင့်မှုများ၊ ကျေးရွာ အိုးအိမ်နှင့် စားနပ်ရိက္ခာများ မီးရှို့ဖျက်ဆီးမှုများ ကြောင့် ပြည်သူပေါင်း ၄၄၀,၀၀၀ ခန့်သည် အိုးပစ်အိမ်ပစ် ထွက်ပြေးရသည့် အဖြစ်သို့ ရောက်ရှိခဲ့ရကြောင်း၊၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလ အတွင်း မှာပင် စစ်ကိုင်းတိုင်းအတွင်းရှိ အိမ်ခြေပေါင်း ၅,၆၀၀ ကျော်ကို စစ်အုပ်စု တပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း၊  စစ်အုပ်စု၏ ရာဇဝတ်မှုများသည် စစ်ရာဇဝတ်မှုများနှင့်လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု မြောက်ပြီး၊ ဤရာဇဝတ်မှုများကို စစ်ကောင်စီသည် အပြစ်ပေးဒဏ်ခတ် အရေးယူခံရခြင်း အလျဉ်းမရှိပဲ ကျူးလွန်ခွင့် ရနေကြောင်း ရှင်းပြသည်။  စစ်အုပ်စုက ဖျက်ဆီးခဲ့သဖြင့် နိုင်ငံ့စီးပွားရေးသည် ၃၀ ရာခိုင်နှုန်း ကျုံ့သွားခဲ့ပြီး စားနပ်ရိက္ခာမလုံခြုံမှု (မလုံလောက်မှု) ဆိုးဆိုးရွားရွားကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ကြောင်း၊ စစ်အုပ်စုသည် ကြေးနန်း ဆက်သွယ်ရေးကိုလက်နက် သဖွယ်အသုံးပြုခဲ့ပြီး နိုင်ငံ၏ နေရာအနှံ့အပြားတွင် အင်တာနက် ဖြတ် တောက်ခြင်း၊ သတင်းရင်းမြစ်များကို တားဆီးပိတ်ပင်ခြင်းနှင့် ပြည်သူများကို စောင့်ကြည့် ပစ်မှတ်ထားခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း၊ ဂျာနယ်လစ်များအား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ နာမည်ဖျက်ခြင်း နှင့် အမုန်းစကားများ၊သတင်းအမှားများ ဖြန့်ဝေခြင်းတို့ဖြင့် ပစ်မှတ်ထား တိုက် ခိုက် ခဲ့ကြောင်း ဝေဖန်ထောက်ပြထားသည်။  အာဆီယံသည် စစ်အုပ်စုအကြမ်းဖက်မှုများတွင် ကြံရာပါ ပါဝင်ပတ်သက်နေပြီး စစ်အာဏာ သိမ်းရန် ကြိုးပမ်းခဲ့ချိန်မှစ၍ အာဆီယံသည် မြန်မာပြည်သူ လူထု ၏ အသံများကို လျစ်လျူရှုခဲ့ပြီး စစ်အုပ်စု တရားဝင်ဖြစ်ရေးကိုဆက်လက် လုပ်ဆောင်ခဲ့ကြောင်း၊ အာဆီယံ၏ အောင်မြင်မှုမရှိသော ဘုံသဘောတူညီချက် ငါးချက်သည်တရားမဝင် စစ်အုပ်စု တစ်ဖွဲ့တည်းနှင့်သာ ဆွေးနွေး သဘော တူညီခဲ့ကြခြင်း ဖြစ်သည့်အပြင်၊ ယင်းတို့ကိုအကောင်အထည်ဖော်ရန် ဂတိ ကဝတ် များကိုလည်း စစ်အုပ်စုဖက်က ပျက်ကွက်ခဲ့ကြောင်း၊ အာဆီယံသည်အစည်းအဝေးပွဲများ၊ အခမ်းအနားများ၊ စစ်ရေးလေ့ကျင့်မှုများသို့  စစ်အုပ်စုကို ထပ်ကာတလဲလဲ ဖိတ်ကြား တက်ရောက်စေခဲ့ကြောင်း ပြောဆိုသည်။  ထို့အပြင် စစ်ရာဇဝတ်ကောင်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဩစတြေး လျ နိုင်ငံတို့နှင့် ထိတွေ့ ဆက်ဆံနိုင်စေရန် အာဆီယံက အကာအကွယ်ပေးခဲ့ပြီး၊ ယင်းသည် ဩစတြေးလျနိုင်ငံ၏ အမည်ကို အလွဲသုံးစားပြု၍ရာဇဝတ်မှုများ ပြုလုပ်နိုင်ရန်အတွက် စစ်အုပ်စုအား ပိုမိုအတင့်ရဲစေခဲ့ကြောင်း၊  မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံအထူးသံတမန်သည်လည်း တရားမဝင် စစ်အုပ်စု၏ သဘော ဆန္ဒအပေါ် နာခံလိုက်လျောလျက် ရှိပြီးမြန်မာနိုင်ငံ၏ တရားဝင် အစိုးရ ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရန် ပျက်ကွက် လျက် ရှိကြောင်း ရှင်းလင်းပြောဆိုထားသည်။  အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပူးပေါင်း ဆောင်ရွက်ရေး စင်တာ (AHA Centre) သည် သဘာဝဘေး အန္တရာယ် ကြောင့် ဖြစ်သည့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအခြေအနေများအတွက် အစိုးရအချင်းချင်းကြား စီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဩစတြေး လျ နိုင်ငံသားများ၏ အခွန်ဘဏ္ဍာငွေများဖြင့် ပံ့ပိုးထားကြောင်း၊  AHA စင်တာ ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများဖြန့်ဝေပေးရန် ပင်မ မိတ်ဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် စစ်အုပ်စုသည် လက်ရှိပဋိပက္ခတွင် အဓိကရန်လိုသူ၊ ပြစ်မှုကျူးလွန်သူ ဖြစ်နေသည့်အတွက်  လက်ရှိ အခြေ အနေကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် စွမ်းဆောင်ရည်မရှိသည်ကို သိရှိရန် ပြောဆို ထားသည်။   စစ်အုပ်စုအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လက်နက် သဖွယ် အသုံးပြုခွင့် ပေးခြင်းဖြင့် ပြည်သူလူထု အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ခြင်း ဖြစ်စေသော အကြမ်းဖက်မှုများ၏ အဓိကကျူးလွန် သူဖြစ်သည့် စစ်အုပ်စုကို တရားဝင်မှု သာမက နည်းဗျူဟာအရ၊ နိုင်ငံရေးအရ  အခွင့်အရေး ပေးရာရောက်ပြီး  မြန်မာနိုင်ငံရှိ အကျပ်အတည်းကို ပိုမိုဆိုးရွား လာစေကြောင်း၊  တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ တစ်ခုချင်းစီနှင့် သီးခြားတွေ့ဆုံပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသား ညီညွတ် ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ထိတွေ့ ဆက်ဆံရန် ပျက်ကွက်သည့် AHA စင်တာ ၏ သွေးခွဲဆက်ဆံသော ချဉ်းကပ်မှုပုံစံကို  အရပ်ဘက်လူမှုအဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ကန့်ကွက်ပယ်ချကြောင်း အိတ်ဖွင့်ပေးစာတွင် ပြောဆိုထားသည်။  ယခင်မော်ရစ်ဆင်အစိုးရသည် ဩစတြေးလျနိုင်ငံ၏ စံနှုန်းများနှင့် ဒီမိုကရေစီ နှင့်လူ့အခွင့်အရေးဆိုင်ရာကတိကဝတ်များကို လေးစားလိုက်နာကျင့်သုံးရန် ပျက်ကွက်ခဲ့သည်မှာ ရှက်ဖွယ်ရာအတိဖြစ်ကြောင်း၊ ရှေ့ယခင်ဝန်ကြီးသည် မြန်မာစစ်အုပ်စုကို ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်၊ တာဝန်ခံ မှုအတွက် နိုင်ငံတကာကြိုးပမ်းမှုတွင် ပူးပေါင်းပါဝင်ရန်၊ အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) ကို တရားဝင်အစိုးရအဖြစ်နှင့်အမျိုးသား ညီညွတ်ရေး အတိုင်ပင် ခံကောင်စီ (NUCC) ကို မြန်မာနိုင်ငံ၏ အမြင့်ဆုံးအတိုင် ပင်ခံ အဖွဲ့ အစည်းအဖြစ် အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့ကြောင်း ဝေဖန်ထောက် ပြထား သည်။   ထို့အပြင် မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုကို နှစ်နိုင်ငံနှင့်နိုင်ငံစုံ ထိတွေ့ ဆက်ဆံမှုများမှတစ်ဆင့် တရားဝင်အသိအမှတ်ပြုသည့် လုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေကြောင်း၊  ဩစတြေးလျနိုင်ငံ၏ Future Fund သည်မြန်မာစစ်အုပ်စုကို စစ်လက်နက်နှင့် အမြတ်အစွန်းများ ပေးနေသည့် စီးပွားရေး လုပ်ငန်းများတွင် ဆက်လက်ရင်းနှီးမြုပ်နှံထားကြောင်း၊  မြန်မာ နိုင်ငံ ကို ချေမှုန်းဖျက်ဆီးနေသည့် စီးပွားရေးလုပ်ငန်းများမှ အမြတ်ထုတ် နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်  ဩစတြေးလျနိုင်ငံ၏ မြန်မာ့အရေးအတွက် လက်ရှိ ဦးတည်ရာလမ်းကြောင်းပြောင်းလဲပါရန် အချက် ၁၅ ချက်တောင်း ဆိုပါကြောင်း အရပ်ဘက်အဖွဲ့များက တောင်းဆိုသည်။  အရပ်ဘက်အဖွဲ့များ တောင်းဆိုသော အချက် ၁၅ ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။  ၁။ မြန်မာအာဏာသိမ်းစစ်အုပ်စု၊ ၎င်း၏စီးပွားရေးလုပ်ငန်းများနှင့် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူအားလုံးကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ချမှတ် ပေးရန်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ အနေဖြင့် လည်းကောင်း၊အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အား အမြင့်ဆုံး အတိုင်ပင်ခံ အဖွဲ့အစည်းအနေဖြင့်လည်းကောင်း အသိအမှတ်ပြု ထောက်ခံအားပေးရန်။ ၃။ တရားမဝင်စစ်အုပ်စု၏ ဩစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ခန့်အပ်မှုကို ပယ်ချပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သံအမတ် ခန့်အပ်မှုကို လက်ခံပေးရန်။ ၄။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားအတိုင်ပင်ခံကောင်စီ (NUCC) နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) များနှင့် တိုင်ပင်၍ ယုံကြည်စိတ်ချရသော ပြည်တွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရပ်ရွာလူထုအခြေပြု အဖွဲ့အစည်းများမှ တစ်ဆင့် ဩစတြေးလျနိုင်ငံက ပေးအပ်သောအကူအညီများကို နယ်စပ်ဖြတ်ကျော် ဖြန့်ဝေ ပေးခြင်းဖြင့် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကျပ်အတည်းအတွက် ပံ့ပိုးကူညီမှုများ ပိုမို ပြုလုပ်ရန်။ ၅။ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရာဇ၀တ်မှုများအတွက် တာဝန်ခံမှု အပြည့်အ၀ ရရှိရန်အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံအပေါ် တရားစွဲထားသည့်အမှုတွင် ပါဝင် ဆောင်ရွက်ရန်။ ၆။ စစ်အုပ်စုအတွက် ၀င်ငွေရင်းမြစ်ဖြစ်သည့်အပြင် တိုင်းရင်းသားလူမျိုးစု အသိုင်းအဝန်းများနှင့်သဘာ၀ပတ်ဝန်းကျင်ကို ထိခိုက်ခြိမ်းခြောက်နေသည့် သတ္ထုတွင်းထွက်များ ရှာဖွေခြင်းနှင့် တူးဖော် ခြင်းများကိုဩစတြေးလျ သတ္တုတွင်းကုမ္ပဏီများက ဆက်လက် လုပ်ဆောင်ခြင်းမှ တားဆီးအရေးယူဆောင်ရွက်ခြင်းများပြုလုပ်ရန်။ ၇။ မြန်မာအာဏာသိမ်းစစ်အုပ်စု၊ ၎င်း၏ခရိုနီများနှင့် စီးပွာရေးလုပ်ငန်းလုပ်ခြင်းမှ ရှောင်ရှားနိုင်ရန် ဩစတြေးလျစီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြုပ်နှံသူများအတွက် အကြံပေးတစ်ဦး ထားရှိ ခန့်အပ်ရန်။ ၈။ အာဏာသိမ်းစစ်အုပ်စုကို စစ်လက်နက်နှင့် ဝင်ငွေအမြတ်အစွန်းများ ပံ့ပိုးပေးနေသည့် စီးပွားရေးလုပ်ငန်းများအားလုံးမှ Future Fund ၏ ရင်းနှီးမြုပ်နှံမှု ရပ်ဆိုင်းစေရန်။ ၉။ မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချမှု ပိတ်ဆို့ အရေးယူမှု ချမှတ်ရေးနှင့် မြန်မာနိုင်ငံအခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) သို့ လွှဲပြောင်းပေးရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်းရန်။ ၁၀။ မြန်မာ့အရေးအား အရေးယူရန်ပျက်ကွက်မှုအပေါ် အာဆီယံ၏ နောက်ကွယ်တွင် ဆင်ခြေပေး ပုန်းကွယ်နေခြင်းကို ရပ်တန့်ရန်။ ၁၁။ မြန်မာအာဏာသိမ်းစစ်အုပ်စုကို အစည်းအဝေးများ၊ အစီအစဉ်များနှင့် စစ်ရေးလေ့ကျင့်မှုများ အားလုံးမှဖယ်ထုတ်ရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို အသိအမှတ်ပြုရေး၊ စစ်အုပ်စု ကိုယ်စားလှယ်များ တက်ရောက်မည့် အစည်းအဝေးပွဲများအားလုံး ဆန့်ကျင်သပိတ်မှောက်ရေး အာဆီယံကို တိုက်တွန်းရန်။ ၁၂။ မြန်မာပြည်အကျပ်အတည်းအတွက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အခြေခံမူများကို လိုက်နာသည့် တာရှည်ခံ၍ ခိုင်မြဲသော အစားထိုးအဖြေကို ရှာဖွေရန် ဘုံသဘောတူညီချက် ငါးချက်ကို ကျော်လွန်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အတူလက်တွဲ အလုပ်လုပ်ရန်။ ၁၃။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အတိုင်ပင်ခံအစည်းအဝေးတွင် ချမှတ်ပြီး ဖြစ်သော အာဏာသိမ်းစစ်အုပ်စုကို အကူအညီများ ဖြန့်ဝေပေးရေးတွင် ထိန်းချုပ်ခွင့်ပေးသည့် ဆုံးဖြတ်ချက်ကို ပြန်လည် ရုတ်သိမ်းရေး အာဆီယံအားတိုက်တွန်းရန်။ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများအတွက် အာဆီယံ၏ ပူးပေါင်း ဆောင်ရွက်ရေးစင်တာ (AHA Centre)၏ သွေးခွဲဆက်ဆံသည့် ချဉ်းကပ်ပုံကို ရပ်တန့်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (EROs)၊အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အားလုံးပါဝင်သည့် ဆွေးနွေးညှိနှိုင်း မှုကို စတင်ရန်။ ဤအချက်များအား အာဆီယံက လုပ်ဆောင်ရန် ပျက်ကွက်ပါက မြန်မာ့အရေး အတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အတွက် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်ရေး စင်တာ (AHA Centre) ကိုပေးအပ်လျက်ရှိသော အကူအညီနှင့် နည်းပညာပိုင်းဆိုင်ရာအထောက်အပံ့များ ရပ်ဆိုင်းရန်။ ၁၄။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြေရှင်းရာတွင်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ကုလသမဂ္ဂနှင့် အာဆီယံ ပူးပေါင်းဆောင်ရွက် နိုင်ရေး အာဆီယံအထူးသံတမန်၊ ကုလသမဂ္ဂအထူးသံတမန်တို့နှင့်ထိတွေ့ဆက်ဆံနိုင်ရန် ဩစတြေးလျနိုင်ငံ၏ အရှေ့တောင်အာရှဆိုင်ရာ အထူးသံတမန် တာဝန်ပေး ခန့်အပ်ရန်။ ၁၅။ Quad အဖွဲ့ဝင် ဂျပန်နှင့် အိန္ဒိယတို့က စစ်အုပ်စုနှင့် စီးပွားရေးလုပ်ကိုင်နေမှုကို ချက်ချင်း ရပ်တန့်ရေး၊လက်နက်ရောင်းချမှု ပိတ်ဆို့ရေးနှင့် စစ်အုပ်စုအတွက် စစ်ရေးပံ့ပိုးမှု အားလုံးကို အဆုံးသတ်ရေး တိုက်တွန်းရန်။Quad သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင် အစိုးရအဖြစ်နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို  မြန်မာနိုင်ငံ၏ အမြင့်ဆုံးအတိုင်ပင်ခံအဖွဲ့အဖြစ် အသိအမှတ်ပြုထောက်ခံရန်။

Latest news

- Advertisement -spot_img