28 C
Yangon

ရွှေဘိုတွင် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် စစ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

Must read

ရွှေဘိုတွင် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် စစ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှ စစ်ကြောင်းထွက်လာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Black Wolf Army ထံမှ သိရသည်။

ယမန်နေ့ မေလ ၃ ရက် နံနက် ၆ နာရီဝန်းကျင်ခန့်က ရွှေဘိုမြို့၊ တက္ကသိုလ်ကျောင်းအတွင်း အခြေပြု တပ်စွဲထားသည့် အကြမ်းဖက်စစ်သား ၄၅ ဦးခန့်သည် ရွှေဘိုမြို့နယ် တအုံကျေးရွာသို့ ထွက်ခွာလာပြီး ပြည်သူများကို လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးကာ အုံးပေါက်ကျေးရွာဘက်သို့ ဦးတည်ထွက်ခွာကြောင်း၊ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ပွဲဖော်ဆောင်ခြင်းမရှိပဲ ရှောင်ရှားနေခဲ့ရာ အုံးပေါက် ရွာ အလယ်ဘုရား၌ ဖမ်းဆီးလာသော လူသားဒိုင်းကာများကို လွှတ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လွှတ်ပေးပြီး အုံးပေါက်ကျေးရွာ၏ အရှေ့ဘက်သို့ ဆက်လက်ထွက်ခွာလာစဉ် အသင့်စောင့် ကြို နေသော Black Wolf-Army နှင့် မဟာမိတ် Who am i – Army ပူးပေါင်း တပ်ဖွဲ ဝင်များမှ မိုင်းဆွဲ ပြီး ၄၀ မမ ကျည်များ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်နေချိန်တွင် ရွှေဘိုမြို့၊ လေ့ကျင့်ရေး ၈ မှ ကျောက်မြောင်းမြို့ရှိ ခမရ ၁၂ တပ်အတွင်းသို့ ဝင်ရောက်ရန် ပိတ်မိနေသော အကြမ်းဖက်စစ်သား ၄၂ ဦးလိုက်ပါလာသည့် ၁၂ ဘီကား ၂ စီးမှာ လမ်းပွင့် သွားပြီး ဝင်ရောက်သွားချိန်တွင် တိုက်ခိုက်ခံရသော အကြမ်းဖက်စစ်သားများသည်လည်း အုံးပေါက် ကျေးရွာအတွင်းသို့ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။

ပြန်လည်ဆုတ်ခွာသွားသော အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းဖြင့် လိုက်လံတိုက်ခိုက်ခဲ့သည့်အပြင် ကျောက်မြောင်းမြို့မှ ရွှေဘိုမြို့သို့ ပြန်လည်ထွက်ခွာလာသော ၁၂ ဘီးကား ၂ စီးကိုလည်း ကင်းပုန်း အများအပြားရှိနေသည့်ကြားမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု မသိရသေးကြောင်း Black Wolf Army မှ ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း People’s knight Defense Force Myinmu မှ တာဝန်ရှိသူ ဗိုလ်အေးချမ်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၄ ရက်နေ့ နံနက် ၁ နာရီခန့်တွင် စစ်ကိုင်း မှ မုံရွာသို့ ထွက်ခွာလာသည့် အင်အား ၉၀ ခန့်ပါ စစ်ကား ၃ စီးကို ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာ အကြားတွင် ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ပထမအကြိမ် မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်ကား ၁ စီး ကိုထိမှန်ခဲ့ပြီး ဒုတိယအကြိမ် မိုင်းဆွဲ တိုက်ခိုက်မှုတွင် တတိယ မြောက် စစ်ကားကို ထိမှန်ခဲ့ကြောင်း၊ စစ်ကား ၂ စီး ထိမှန်ခဲ့သော်လည်း သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးပဲ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU) ၊ Dog Killers Defense Force ( DKPDF -MMU) ၊၊ D.B.B.F-MMU တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက် ခံရစဉ်။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article