26.4 C
Yangon
spot_img

CATEGORY

News

သာစည်မြို့နယ်၊ အုတ်တွင်းကျေးရွာတွင် လူစုလူဝေးလုပ်သည်ဟုဆိုကာ စစ်တပ်နှင့်ရဲက ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာများဖြင့် ဖမ်းဆီးခံရ

ရန်ကုန်၊ ဇွန် ၁၁ မန္တလေးတိုင်း၊ သာစည်းမြို့နယ်၊ အုတ်တွင်းကျေးရွာတွင် လူစုလူဝေးလုပ်သည်ဟုဆိုကာ စစ်တပ်က ဝင်ရောက်ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦးကို ဒဏ်ရာများဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဇွန်လ ၉ ရက်နေ့ ညပိုင်း...

ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်မှ ဆောင်ဒူလာကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်၊ ပြည်သူ ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁၁ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၀၂ တပ်ရင်းက ယမန်နေ့ ဇွန်လ ၁၀ ရက် ည ၉ နာရီခန့်တွင် ဆောင်ဒူလာကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးကာ ၃...

Khit Thit သတင်းဌာန၏ ဇွန် ၁၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၁၁ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့-အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်ဆင်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄ ဦးအားသေဒဏ်ပေးမှုကို ပြန်လည်စဉ်းစားသုံးသပ်ရန် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ မနေ့ကစာပေးပို့ တောင်းဆိုလိုက်တယ်လို့သိရပါတယ်။- မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ ဇွန်လ...

ရေစကြိုတွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံး၊ စစ်ကိုင်းတွင် စစ်ကား မိုင်းဆွဲခံရမှု သေဆုံးမှု များနိုင်၊ ဂန့်ဂေါတွင်လည်း တိုက် ပွဲ ဖြစ်ပြီး စစ်သား ၄ ဦးသေဆုံးကာ YDF ရဲဘော် ၂ ဦးကျဆုံး

ရန်ကုန်၊ ဇွန် ၁ဝ မကွေးတိုင်း ရေစကြိုမြို့နယ် ဇရပ်နီရွာနှင့် ရွှေလှံရွာကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၉ ရက်နေ့တွင် ၂ ကြိမ် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တလုပ် ပြည်သူ့ကာကွယ်ရေး...

ရေစကြို၊ သစ်ကြီးတောရွာနှင့် ခင်ဦး၊ ကံသစ်ရွာကို စစ်တပ်က မီးတင်ရှို့နေ၊ ပြည်သူများ ထွက်ပြေးနေရ

ရန်ကုန်၊ ဇွန် ၁ဝ မကွေးတိုင်း ရေစကြိုမြို့နယ် သစ်ကြီးတောရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၁ဝ ရက်နေ့ ညနေ ၅ နာရီခန့်က စတင်ကာ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။အကြမ်းဖက် စစ်တပ်သည် သစ်ကြီးတောရွာအတွင်း သေနတ်များ...

ဂန့်ဂေါတွင် စစ်တပ်က ညောင်လယ်ရွာမှ ပြည်သူ ၅ ဦးကို သံကြိုးဖြင့် ချည်နှောင်ပြီး မီးရှို့သတ်ဖြတ်၊ နေအိမ် ၇ လုံးကို မီးတင်ရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁ဝ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ညောင်လယ်ရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၃ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူ ၅ ဦးကို သံကြိုးဖြင့် ချည်နှောင်ကာ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများနှင့်ဒေသကာကွယ်ရေးတပ် PDF - GANGAW -...

ထီးချိုင့်တွင် ဗိုလ်ကြီး ထက်လွင်အောင်က နယ်ထိန်းရဲ ကျော်ကျော်ဦးကို သေနတ်ဖြင့်ပစ်ခတ်၊ လှည်းကူးတွင် ဗိုလ်ကြီး သက်ဇော်ထွန်းက “ဘာကြံ့ခိုင်ရေးလဲ -ီး ကြံခိုင်ရေး” ဟု ဆိုကာ ကြံ့ဖွတ်ပါတီဝင် ဇော်ဦးကို လက်ပြန် ကြိုးတုပ် ရိုက်နှက်

ရန်ကုန်၊ ဇွန် ၁၀ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် ထီးချိုင့်မြို့နယ် ရဲစခန်းမှ နယ်ထိန်းရဲ ကျော်ကျော်ဦးကို စစ်တပ်မှ ဗိုလ်ကြီးထက်လွင်အောင်က ဇွန်လ ၈ ရက်နေ့တွင် သေ နတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် နယ်ထိန်းရဲ ကျော်ကျော်ဦး ဒဏ်ရာရရှိပြီး ဆေးရုံတက် ကုသမှု ခံယူနေရကြောင်း ထီးချိုင့်သတင်းရင်းမြစ်က ပြောသည်။...

ကျိုက်ထိုတွင် လူနာတင်ကား ၁ စီးကို စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံး၊ PDF များ ပစ်ခတ်သည်ဟု မဟုတ်မမှန် သတင်းလွှင့်နေ

ရန်ကုန်၊ ဇွန် ၁၀ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ လက်ပံပင်သင်္ချိုင်းအရှေ့တွင် ကျိုက်ထိုဘက်သို့ မောင်းနှင်လာသော စစ်တောင်းလူမှုကူညီရေးအသင်းမှ လူနာတင်ကား ၁ စီးကို ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ရာ ကားပေါ်ပါလာသူ မောင်ပြည့်ဖြိုးအောင်မှာ ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့က အော်ဟစ်ဆဲဆိုပြီး ၄၀...

မင်းအောင်လှိုင် ဦးဆောင်သော စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေးအခြေအနေ ခန့်မှန်း၍ မရသည်အထိ မသေချာမရေရာသဖြင့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖယ်ထုတ်ထားရ

ရန်ကုန်၊ ဇွန် ၁၀ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးအခြေအနေမှာ ခန့်မှန်း၍ မရသည်အထိ မသေချာ မရေရာတော့ကြောင်း ကမ္ဘာ့ဘဏ်၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး သုံးသပ်မှု အစီရင်ခံစာတွင် ဖော်ပြလိုက်သည်။...

မင်းအောင်လှိုင် ရန်ကုန်ရောက်ရှိနေချိန် ထောက်ကြန့်နယ်မြေရဲစခန်း ဗုံးကွဲ၊ ရန်ကုန်တစ်မြို့လုံး လုံခြုံရေးများ တင်းကျပ်ထား

ရန်ကုန်၊ ဇွန် ၁၀ အကြမ်းဖက် လူသတ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်မြို့တွင် ရောက်ရှိနေချိန် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေရဲစခန်းတွင် ယနေ့ နံနက် ၉ နာရီအချိန် ဗုံးပေါက်ကွဲသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ " ဗုံးကွဲသံက အရမ်းကိုကျယ်တာ။ အိမ်တွေပါ တုန်သွားတယ်။ ထောက်ကြန့်ရဲစခန်းမှာ ကွဲတာ။...

Latest news

- Advertisement -spot_img