38 C
Yangon

မန္တလေး၊ ပုသိမ်ကြီးမြို့နယ် NLD ရုံးကို စစ်တပ်နှင့် အရပ်ဝတ်များက ဝင်ရောက်ဖျက်ဆီး၊ ပါတီဆိုင်းဘုတ်ကို ဖြုတ်ချပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည် ပိုစတာကို ဖျက်ဆီးသွား

Must read

မန္တလေး၊ ပုသိမ်ကြီးမြို့နယ် NLD ရုံးကို စစ်တပ်နှင့် အရပ်ဝတ်များက ဝင်ရောက်ဖျက်ဆီး၊ ပါတီဆိုင်းဘုတ်ကို ဖြုတ်ချပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည် ပိုစတာကို ဖျက်ဆီးသွား

ရန်ကုန်၊ ဧပြီ ၆

မန္တလေး၊ ပုသိမ်ကြီးမြို့နယ် NLD ရုံးကို စစ်တပ်နှင့် အရပ်ဝတ်များက ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ပါတီဆိုင်းဘုတ်ကို ဖြုတ်ချကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည် ပိုစတာကို ဖျက်ဆီးသွားကြောင်း NLD လူငယ်အဖွဲ့က အတည်ပြု ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်အချိန် ယူနီးဖောင်းဝတ် စစ်သားများ၊ အရပ်ဝတ်များက ပုသိမ်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ဝင်ရောက်ဖျက်ဆီးခဲ့ကြကြောင်း၊ နံနက် ၁ နာရီဝန်းကျင်မှ ပြန်သွားခဲ့ကြကြောင်း ၊ NLD ပါတီ ဆိုင်းဘုတ်ကို သယ်ယူသွားပြီး ရုံးအတွင်း ပိုင်း အခြေအနေကို မသိရှိရသေးကြောင်း NLD လူငယ်အဖွဲ့က ဆက်လက် အတည်ပြုသည်။

“ည ၁၁ကျော်လောက်မှာ တပ်ရော အရပ်ဝတ်ရော လာဖျက်တယ်လို့ပဲ သိရတယ်ဗျ။ ဘယ်လို ဖျက်ဆီးလဲဆိုတော့ ရုံးဝင်းထဲထိ ဝင်ပြီး ဖျက်ဆီးတယ်ပဲသိရတယ်။ ကျနော်တို့လည်း တိတိကျကျ စုံစမ်းဖို့ မလွယ်သေးပါဘူး။ လောလောဆယ် သိသလောက်က ပါတီဆိုင်းဘုတ်ဖြုတ်ချသွားတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်’ပုံ ကပ်ထားတဲ့ မှန်ကို ခွဲသွားကြတယ်။ ပြတင်းပေါက်တွေ ခွဲသွားတယ်။ ရုံးအတွင်းက အခြေအနေကတော့ မသိရသေးပါဘူး” ဟု NLD လူငယ်အဖွဲ့က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက မတ်လနှောင်းပိုင်းတွင် NLD ၊ SNLA အပါအဝင် ပါတီ ၄၀ တို့ကို နိုင်ငံရေးပါတီ အဖြစ်မှ ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီးနောက် ရန်ကုန် အပါအဝင် မန္တလေးတို့တွင် NLD ပါတီ ဆိုင်းဘုတ်ဖြုတ်ချခြင်းများကို စစ်ကောင်စီဘက်က လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article