29.6 C
Yangon

မင်းကင်းတိုက်ပွဲတွင် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီးနောက် စစ်တပ်က စနယ်ဗျင်းရွာကို မီးတင်ရှို့မှု အိမ်ခြေ ၁၀၀ နီးပါး ပြာကျ

Must read

မင်းကင်းတိုက်ပွဲတွင် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီးနောက် စစ်တပ်က စနယ်ဗျင်းရွာကို မီးတင်ရှို့မှု အိမ်ခြေ ၁၀၀ နီးပါး ပြာကျ

ရန်ကုန်၊ ဧပြီ ၆

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်သား ၁၀ ဦးထက်မနည်း သေဆုံးကာ စစ်တပ်က စနယ်ဗျင်းကျေးရွာကို မီးတင်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၅ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ဝန်းကျင် အချိန်မှစတင်၍ မင်းကင်းမြို့နယ်၊ စနယ်ဗျင်း ကျေးရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် PDF ပူးပေါင်းတပ်များအကြား ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီးနောက် စနယ်ဗျင်းကျေးရွာကို မီးတင်ရှို့ ခဲ့ကြောင်း သိရှိရသည်။

“မင်းကင်းမြို့နယ်မှာ ပျူစောထီး ရွာ ၁၅ ရွာရှိတဲ့အနက်မှာ တောင်ဖြူရွာမှာလည်း စစ်ကောင်စီတပ်က သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေနဲ့ ၂ရက်ဆက်တိုက် စစ်သားတွေကို ခေါ်ယူပြီး အင်အားဖြည့်တယ်။ ဒီနေ့ မနက်ပိုင်း တိုက်ပွဲဖြစ်ပြီးတော့ စစ်ခွေး ၁၂ ကောင်လောက် သေတယ်။ အဲဒါ စစ်တပ်က အထိနာတော့ စနယ်ဗျင်းကျေးရွာကို မီးတင်ရှို့တာပါ။ စနယ်ဗျင်းကျေးရွာဆိုတာကလည်း အိမ်ခြေ ၁၂၀ လောက်ရှိတာမှာ အိမ်ခြေ ၅၀ နဲ့ ၁၀၀ အကြား စစ်တပ်က မီးရှို့လို့ ပြာကျသါားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မင်းကင်းမြို့နယ် သက်ငယ်ကျင်းကျေးရွာတွင်လည်း ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ပြည်သူ ၄ ဦး ဖမ်းဆီးခံရကြောင်း ၊ ပြည်သူများမှာလည်း မိမိတို့ နေရပ် ကျေးရွာနှင့် နေအိမ်များကို စွန့်လွှတ်ပြီး တော၊ တောင်ထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ စစ်ဘေးရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများ အရေးပေါ် လိုအပ်နေသဖြင့် ကူညီကြရန် ပြည်သူထူထုကို မေတ္တာရပ်ခံထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article