24.6 C
Yangon
spot_img

CATEGORY

News

စစ်ကောင်စီနှင့်ပူးပေါင်း၍ ရေနံနှင့်သဘာ၀ဓာတ်ငွေ့ လုပ်ငန်းလုပ်ကိုင်နေသော ထိုင်း PTTEP ရန်ကုန် ရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ရန်ကုန်မြို့လယ်ခေါင်တွင် ဗုံးများ ထပ်မံပေါက်

ရန်ကုန်၊ ဇူလိုင် ၂၂ အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်း၍ ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်းများ လုပ်ကိုင်နေသော ထိုင်း PTTEP ရေနံကုမ္ပဏီ၏ ရန်ကုန်ရုံးခွဲတွင် ယနေ့ ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ ကျော်အချိန် မရမ်းကုန်းမြို့နယ်၊ ဆည်မြောင်းရိပ်သာလမ်း၊...

ရန်ကုန်မြို့လယ်၊ ကုန်သည်လမ်းပေါ်ရှိ ကျောက်တံတားနှင့်ပန်းဘဲတန်း လျှပ်စစ်ရုံး ၂ ခု လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ လူနာတင်ကားများ ရောက်ရှိပြီး လမ်းများကို စစ်တပ်က ပိတ်ဆို့ထား

ရန်ကုန်၊ ဇူလိုင် ၂၂ ရန်ကုန်မြို့လယ်ခေါင်၊ ကုန်သည်လမ်းပေါ်၊ ၃၉ လမ်းထိပ်ရှိ ကျောက်တံတားနှင့်ပန်းဘဲတန်းမြို့နယ်လျှပ်စစ်ရုံးကို ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့ထံမှ သိရှိရသည်။ "ကုန်သည်လမ်းမပေါ်....၃၉လမ်းထိပ်က EPC ရုံးဗုံးပေါက်တယ်...ကုန်သည်လမ်းကိုတော့ ဗိုလ်အောင်ကျော်လမ်းထိပ်ကနေ ပိတ်လိုက်ပါပြီ။...

ပုသိမ်ကြီးမြို့နယ်တွင် လျှပ်စစ်မီတာလာဖြုတ်သည့်ကား ၂ ကြိမ်မိုင်းခွဲခံရပြီး EPC ဝန်ထမ်း၏ အမျိုးသားလိင်အင်္ဂါ ဖွာထွက်ဒဏ်ရာရ၊ လုံခြုံရေးလိုက်ပါသူ စစ်သား လက်မိုင်းစထိမှန်ပြီး လမ်းသွားလမ်းလာ ဘုန်းကြီးတစ်ပါးလည်း မိုင်းစထိမှန်

ရန်ကုန်၊ ဇူလိုင် ၂၂ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် မီတာမဆောင်သော အိမ်များထံမှ လျှပ် စစ်မီတာများ လာဖြုတ်သည့် ကား ၂ ကြိမ် မိုင်းခွဲခံရပြီး EPC ဝန်ထမ်း၏ အမျိုး သားလိင်အင်္ဂါ မိုင်းစထိမှန်ကာ ဖွာထွက်သွားကြောင်း ၊ လုံခြုံရေးလိုက်ပါသူ စစ်သား ၁ ဦးလည်း...

မိုးမိတ်မြို့နယ်၊ သရက်ချိုကျေးရွာ (ဂျန်ဂန်) အနီးတွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်ကြား တိုက်ပွဲဖြစ်ပွားနေ၊ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ၈ နှစ်အရွယ် ကလေးငယ်သေဆုံးကာ မိခင် ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ် အရှေ့မြောက်ဘက်ရှိ သရက်ချိုကျေးရွာ (ဂျန်ဂန်) အနီးတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ယမန်နေ့ ဇူလိုင်လ ၂၁ ရက်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ မိုးမိတ်အခြေချ စစ်ဗျူဟာက လက်နက်ကြီး ပစ်ခတ်သဖြင့် အသက် ၈...

လေတပ်အရာရှိ ဗိုလ်ကြီးဝေလင်းခိုင် အပါအဝင် လေတပ် တပ်ဖွဲ့ဝင် ၅ ဦးကို စစ်တပ်က စစ်ကြောရေးတွင် ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်နေ

ရန်ကုန်၊ ဇူလိုင် ၂၂ အကြမ်းဖက်စစ်တပ်က လေတပ်အရာရှိ ဗိုလ်ကြီးဝေလင်းခိုင် အပါအဝင် လေ တပ်တပ်ဖွဲ့ဝင် ၅ ဦးကို ဖရဲသီးအဖြစ် ပြင်ပသို့ သတင်းပေါက်ကြားစေမှု၊ လုံခြုံ ရေး ပေါ့လျှော့မှု ၊ CDM စစ်သားများနှင့် ဆက်သွယ်မှု အပါအဝင် စွပ်စွဲချက် ပေါင်းများစွာဖြင့် ဖမ်းဆီး...

ရန်ကင်းရှိ စစ်တပ်ပိုင် မိုးကောင်းရတနာဆေးရုံနှင့် မြ၀တီမီဒီယာ စင်တာ ရှော့တိုက်ဒုံးဖြင့် အပစ်ခံရပြီး လူထိခိုက်မှု မရှိဟုဆို

ရန်ကုန်၊ ဇူလိုင် ၂၂ ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းရှိ ယခင် စစ်တပ်မှတ်တမ်းရုံးကို အသွင်ပြောင်းထားသော စစ်တပ်ပိုင် မြ၀တီမီဒီယာစင်တာနှင့် မိုးကောင်းရတနာဆေးရုံကို ဇူလိုင်လ ၂၁ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန် ရှော့တိုက်ဒုံးဖြင့် အပစ်ခတ်ခံရသည်ဟု စစ်တပ်ဘက်တော်သား သတင်းဌာနတချို့က သတင်းဖော်ပြကြသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက...

စစ်အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးတိုးတက်မှု ပြောင်းပြန်လှန်လိုက်ပြီး သန်း ၅၀ ကျော်သော မြန်မာပြည်လူဦးရေ၏ ၄၀ ရာခိုင်နှုန်း ဆင်းရဲနွမ်းပါးမှု အောက်သို့ ရောက်ရှိဟု ကမ္ဘာဘဏ်ပြော

ရန်ကုန်၊ ဇူလိုင် ၂၁ အကြမ်းဖက် စစ်တပ်က အာဏာသိမ်းပြီးနောက် မူဝါဒတင်းကျပ်မှုများ မြန်မာ့စီးပွားရေးတိုးတက်မှု ပြောင်းပြန်လှန်လိုက်ပြီး သန်း ၅၀ ကျော် မြန်မာပြည်လူဦးရေ၏ ၄၀ ရာခိုင်နှုန်း ဆင်းရဲနွမ်းပါးမှု အောက်သို့ ရောက်ရှိနေပြီဟု ကမ္ဘာ့ဘဏ်က ယနေ့ သတင်းထုတ်ပြန်သည်။ နိုင်ငံခြားငွေများကို ကျပ်ငွေသို့ မဖြစ်မနေ ပြောင်းလဲရမည်ဟူသည့် အကြမ်း...

ယင်းမာပင်မြို့နယ်၊ ကံစုတောပြင်ရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က မီးတင်ရှို့ပြီး ပြည်သူများလည်း ဖမ်းဆီးခံထားရ

ရန်ကုန်၊ ဇူလိုင် ၂၁ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘွန့်ဘွေးရွာ အနောက် မြောက်ဘက် ကံစုတောပြင်ရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းအချိန် စစ်တပ်က မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။ ကံစုတောပြင်ရှိ ပြည်သူပိုင် နေအိမ်များသည်...

မင်းဘူးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၃၃ ဦးထက် မနည်း သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၁ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းတွင် အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်း နှင့် PDF - အနောက်ပိုင်းတိုင်းတို့ ဇူလိုင်လ ၂၀ ရက်တွင် တိုက်ပွဲ ဖြစ်ပွားမှု နှင့် ဇူလိုင်လ ၂၁ ရက်နေ့တွင် PDF ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃...

ချောင်းဦးမြို့နယ်တွင် တစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့များ ၃ ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရပြီး ၁၄ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၁ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ဇူလိုင်လ ၁၉ ရက် တစ်ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ၃ ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရပြီး ၁၄ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများလည်းရှိကြောင်း ချောင်းဦး PDF က သတင်းထုတ်ပြန်သည်။ ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းတွင် မုံရွာမြို့မှ ချောင်းဦးမြို့ဘက်သို့...

Latest news

- Advertisement -spot_img