24.9 C
Yangon
spot_img

CATEGORY

News

မြ၀တီ-ဝေါ်လေကားလမ်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ၊ လက်နက်များလည်း သိမ်းဆည်းရမိ

ရန်ကုန်၊ ဩဂုတ် ၁၉ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီ-ဝေါ်လေကားလမ်းတွင် တိုက်ပွဲများ ဆက် တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ၊ လက်နက်များလည်း သိမ်းဆည်းရမိကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ် ပြန်သည်။ အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ...

မဘသနှင့် အမျိုးသားရေးလှုပ်ရှားမှုများကို အဓိက ကြိုးကိုင်ထောက်ပံ့သူ၊ ကြံ့ဖွတ် ဒုဥက္ကဋ္ဌ ခင်ရီနှင့် ချစ်နိုင် (စိတ်ပညာ) တို့ကို ဝန်ကြီးရာထူးများမှ မင်းအောင်လှိုင် ဖယ်ရှား

ရန်ကုန်၊ ဩဂုတ် ၁၉ အမျိုးဘာသာသာသနာ လှုပ်ရှားမှုနှင့် အစွန်းရောက် အမျိုးသားရေး လှုပ်ရှားမှုများတွင် အဓိက ကြိုးကိုင်ထောက်ပံ့ခဲ့သူ ကြံ့ဖွတ်ဒုဥက္ကဋ္ဌ လ၀က ဝန်ကြီး ခင်ရီ နှင့် အမှတ် ၂ စစ်ကောင်စီရုံးဝန်ကြီး ချစ်နိုင် စိတ်ပညာတို့ကို မင်းအောင်လှိုင်က ယနေ့ ရာထူးမှ ဖယ်ရှားလိုက်သည်။ အကြမ်းဖက်စစ်ကောင်စီ အာဏာစတင်သိမ်းရန်...

လက်ပံတောင်းတောင်ဒေသ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ် ချီတက် ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၁၉ လက်ပံတောင်းတောင်ဒေသခံ ပြည်သူများ ဦးဆောင်သော လက်ပံတောင်းတောင် သပိတ် စစ်ကြောင်း ယနေ့ သြဂုတ်လ ၁၉ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ လူထု သပိတ်စစ်ကြောင်းသည် "စစ်ကျွန်စနစ်က လွတ်မြောက်ရေး ရုန်းကြ ထကြ တော်လှန်ကြဟေ့" ကြွေး​ကြော်သံများဖြင့်...

တန့်ဆည်တွင် ယနေ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၁၃ ဦးထက်မနည်းသေကာ ၁၆ ဦးဒဏ်ရာရ၊ Faw ကားများဖြင့် အလောင်းနှင့် လူနာသယ်သွား

ရန်ကုန်၊ ဩဂုတ် ၁၉ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဝရငယ်မူးဘောင်တွင် စစ်ကောင်စီတပ်နှင့် တန့်ဆည် PDFတို့ ယနေ့နံနက် ၈ နာရီခန့်က တိုက်ပွဲ၂ ကြိမ် ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်သား၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိကြောင်း သိရသည်။ တန့်ဆည်မြို့ အနောက်ဘက်သို့ စစ်ကြောင်းထိုးလာသော ခမရ(၁၁၃)တပ်ရင်းကို...

စစ်ကောင်စီ ထုတ်တဲ့ လျှို့ဝှက်စာတွေရဲ့ လုံခြုံရေးကုတ် ဆိုတာ ဘယ်လိုမျိုးလဲ၊ ဖရဲသီး နှိမ်နင်းရေး ဆိုတဲ့ စစ်တပ်ရဲ့ စီမံချက် အောင်မြင်နိုင်မှာလား

By ရန်ကုန်ခေတ်သစ် စစ်ကောင်စီက ထုတ်တဲ့ လျှို့ဝှက်စာတွေမှာ တိုင်းနဲ့ ပြည်နယ်အလိုက် လုံခြုံရေးကုတ်တွေ ထည့်သွင်းလေ့ရှိပါတယ်။ အဲဒီ စာလုံးလေးတွေက အတော်ကို သေးလွန်းပြီး သေချာကြည့်မှ မြင်ရပါတယ်။ ရုံးစည်းတံဆိပ်တွေ၊ ညွှန်ကြားစာတွေ ၊ ရုံးလက်မှတ်ထိုးသူ အရာရှိတွေက ပုံစံမျိုးစုံနဲ့ အမှတ်အသားပြုလုပ်ကြတာလည်းဖြစ်ပါတယ်။ အခုနောက်ပိုင်း နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီက ညွှန်ကြားတဲ့...

ရန်ကုန်-အင်းစိန်လမ်းတွင် ချထားခဲ့သော မင်းအောင်လှိုင် ပုံစံတူ တုတ်ထိုးရုပ်မှ ဗုံး ၂ လုံးပေါက်ကွဲ၊ လူထိခိုက်မှုမရှိ

ရန်ကုန်၊ ဩဂုတ် ၁၉ ရန်ကုန်-အင်းစိန်လမ်းမကြီး၊ ခဝဲခြံမှတ်တိုင်နှင့် ကုလားကျောင်းမှတ်တိုင်အကြား အောင်သိဒ္ဓိလမ်း မီးပွိုင့်တွင် မင်းအောင်လှိုင်ပုံစံတူ တုတ်ထိုးရုပ်ကို စစ်အင်္ကျီဝတ်ပေးပြီး လမ်းလယ်တွင် ချထားခဲ့ရာ ယင်းအရုပ်အောက်တွင် ဗုံး ၂ လုံးပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် အဆိုပါ...

အာရှလမ်းမကြီး၊ မြ၀တီ-ကော့ကရိတ်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းနှင့်ဂိတ်များ ကို ဝင်တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးအပါအဝင် ၆ ဦးသေဆုံး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၁ ဦး ကျဆုံး

ရန်ကုန်၊ ဩဂုတ် ၁၉ ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းနှင့်ဂိတ်များ ကို ကျားသစ်နက်စစ်ကြောင်းက ဝင်တိုက်ရောက်တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၁ ဦး ကျဆုံးကြောင်း ကျားသစ်နက်စစ်ကြောင်းက သတင်းထုတ်ပြန်သည်။ ဩဂုတ်လ ၁၈ ရက်နေ့ နံနက်၅နာရီ၄၀အချိန်တွင် KNU/KNLA...

အကြမ်းဖက် စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးက လျှို့ဝှက်စာများ ပေါက်ကြားလျှင် ထောင်ချမည်ဟုခြိမ်းခြောက်၊ လျှို့ဝှက်စာများကို လူမှုကွန် ရက် တင်မည် ဆိုလျှင် စာအမှတ်၊ လုံခြုံရေးကုတ်နံပါတ်များ ဖျက်ပြီးမှ တင်ရန် ဌာနဆိုင်ရာ ဖရဲသီးများက အသိပေး

ရန်ကုန်၊ ဩဂုတ် ၁၉ စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးက လျှို့ဝှက်စာများ ထပ်မံ မပေါက် ကြားရေး အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာများကို ယမန်နေ့က ခေါ်ယူသတိပေးလိုက်ပြီး လျှို့ဝှက်စာ ပေါက်ကြားလျှင် ဌာနတစ်ခုလုံးကို အရေးယူ မည်ဟု ပြောဆိုကြောင်း သိရှိရသည်။ စစ်ကောင်စီ၏ လျှို့ဝှက် ရုံးစာများ ပေါက်ကြားနေသဖြင့် လက်ရှိတွင်...

စစ်တပ်၏ ဒေါက်တိုင် လေတပ် အရာရှိဆိုးများ (သို့မဟုတ်) အကျင့်ပျက်ခြစားမှုများဖြင့် ကြောက်တတ်လွန်းသော ဒုဗိုလ်မှူးကြီး နေမင်းနှင့် ဗိုလ်ကြီး အောင်ကိုကိုထက်

By မိုက်ကယ် (CDM) အကြမ်းဖက်စစ်တပ်၏ ဒေါက်တိုင်များတွင် လေတပ်သည် အဓိက အခန်းကဏ္ဍမှပါဝင်သည်။ စစ်ပွဲမနိုင်လျှင် လေတပ်ကို သုံး၍ ရမ်းကားသည်။ လေတပ်ကို သုံး၍ ဗိုလ်ကျ အနိုင်ကျင့်သည်။ လေတပ်ကို သုံး၍ ပြည်သူကို သတ်ဖြတ်သည်။ လေတပ်တွင် ကောင်းသူများရှိသကဲ့သို့ မကောင်းသူများကလည်း ဒုနှင့်ဒေးရှိနေကြသည်။ လေတပ်မှ အရာရှိဆိုးများက...

မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေတဲ့ Creative Exploration အပါအဝင် စစ်လက်နက်ပွဲစားတွေကို ပစ်မှတ်ထား အရေးယူပိတ်ဆို့ရန် လိုအပ်

ရန်ကုန်၊ ဩဂုတ် ၁၉ Creative Exploration ကုမ္ပဏီ (ယခင် နာမည် mySpace International) ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ မြန်မာပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေမှာ ကြံရာပါ ပါဝင်တဲ့အနေနဲ့ အိန္ဒိယနိုင်ငံက စနက်တံဖျူးစ်တွေကို ဝယ်ယူတင်ပို့ပေးခဲ့တယ်ဆိုတာကို စုံစမ်းသိရှိခဲ့ရကြောင်း Justice For Myanmar အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ စနက်တံဖျူးစ်တွေဟာ...

Latest news

- Advertisement -spot_img