27 C
Yangon
spot_img

CATEGORY

News

ဖလမ်းတိုက်ပွဲကာလ ၂ လအတွင်း စစ်တပ်ဘက်မှ ဗိုလ်မှူး အဆင့်အထိ အရာရှိ ၉ ဦး အပါအဝင် စစ်သား ၂၀၀ ခန့်သေဆုံး၊ စစ်သုံ့ပန်းများနှင့်လက်နက်ခဲယမ်းများလည်း သိမ်းဆည်း ရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် တိုက်ပွဲကာလ ၂ လအတွင်း စစ်တပ်ဘက်မှ ဗိုလ်မှူးအဆင့်အထိ အရာရှိ ၉ ဦးအပါအဝင် စစ်သား ၂၀၀ ခန့်သေဆုံးပြီး စစ်သုံ့ပန်းများ၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးတာဝန်ခံ Salai Nai John...

မုံရွာတွင် စစ်ရေးတင်းမာနေ၍ မြို့တွင်းမြို့ပြင် လမ်းများ ညပိုင်း သွားလာမှု တော်လှန်ရေးတပ်များက ပိတ်ပင်၊ မုံရွာမြို့ပေါ်တွင်မူ စစ်တပ်က ၆ ရက်ဆက်တိုက် လူငယ် ၃၀၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ရေးတင်းမာနေပြီး အကြမ်းဖက် စစ်တပ်က အိမ်စီးကားများဖြင့် သွားလာလှုပ်ရှားနေ၍ မြို့တွင်းမြို့ပြင် လမ်းပိုင်းများကို ညအချိန် သွားလာခြင်းများကို တော်လှန်ရေးတပ်များက ပိတ်ပင်လိုက်ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ပြီး မုံရွာမြို့...

ခမောက်ကြီးမြို့နယ်တွင် စစ်တပ်က အသက် ၅၀ အရွယ် ဦးအောင်ထွေးကို ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်၊ ဆီအုန်းလုပ်သား ၄ ဦးအပါအဝင်လူငယ် ၁၀ ဦးကျော်ကိုလည်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်တွင် စစ်တပ်က အသက် ၅၀ အရွယ် ဦးအောင်ထွေးကိုသတ်ဖြတ်ပြီး ရုပ်အလောင်းကို မီးရှို့ဖျောက်ပစ်ခဲ့သည့်အပြင် ဆီအုန်းခြံလုပ်သား ၄ ဦးအပါအဝင်လူငယ် ၁၀ ဦးကျော်ကိုလည်း ဖမ်းဆီးထားကြောင်း ဒေသသတင်းရင်းမြစ်နှင့်ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။ ဖေဖော်ဝါရီလ ၄...

ကန့်ဘလူမြို့ကို စစ်တပ်နှင့်ပျူစောထီးများက ပိတ်ဆို့ထားသဖြင့် ကုန်ပစ္စည်းများ အဆမတန်ဈေးမြင့်တက်နေပြီး ပြည်သူများ ဆေးဝါးနှင့်ရိက္ခာပြတ်လပ်မှု ကြုံနေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ပေါ်တွင် ကုန်ပစ္စည်းများ အဆမတန်ဈေးမြင့်တက်နေသည့်အပြင် ဆေးဝါးရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်နေသည့်အတွက် ပြည်သူများအခက်တွေ့နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ကန့်ဘလူမြို့ပေါ်ကို အကြမ်းဖက်စစ်အုပ်စုက စိုးမိုးထားခြင်းဖြစ်ပြီး လမ်းပိတ်ထား၍ ပြည်သူများ အဝင်အထွက် လုပ်ဆောင်၍ မရကြောင်း ၊ အကြမ်းဖက်စစ်အုပ်စုက မြို့ကို...

နတ်တလင်းနှင့် ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရကာ ၄ ဦး စိုးရိမ်ရပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရပြီး ၄ ဦး စိုးရိမ်ရကာ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ...

မြန်မာ့နွေဦးတော်လှန်ရေးကို ထောက်ခံခဲ့သော နာမည်ကျော် DJ WUKONG မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ပိတ်ပင်ခံရပြီး ရန်ကုန်လေဆိပ်မှ လှည့်ပြန်ရ

DJ WUKONG ဖျော်ဖြေမည့် ရန်ကုန် Invasion Festival ဂီတပွဲစီစဉ်သော စစ်တပ်အသိုင်းအ၀ိုင်း၏ သားသမီးများကို စရဖက ခေါ်ယူစစ်ဆေး ပြန်လွှတ် ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည့် Invasion Festival ဂီတပွဲတော်သို့ လာရောက် သီချင်းဆိုဖျော်ဖြေမည့် ကမ္ဘာကျော် DJ တစ်ဦးဖြစ်သူ...

ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်း တစ်လျှောက် ရွှေတူးဖော်ရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် KIO က အမိန့်ထုတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်း တစ်လျှောက် ရွှေတူးဖော်ရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် ကချင်လွတ်လပ်ရေး-KIO က အမိန့်ထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၆ ရက်နေ့ ကချင်လွတ်မြောက်ရေးအစိုးရ၊ နောင်မွန်ခရိုင် ဗဟိုစီးပွားရေးဌာနက ရွှေကူမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းတစ်လျှောက် လုပ်ကိုင်နေသည့် ရွှေတူးဖော်ရေးလုပ်ငန်းအားလုံးကို ချက်ချင်းရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်လိုက်ကြောင်း၊ ရွှေတူးဖော်ရေး ပိတ်သိမ်းမည့်နေရာများတွင်...

မုံရွာ၊ နမခအနီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှုအတွင်း စစ်သား ၉ ဦး သေဆုံးပြီးနောက် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ အနီးအနားကျေးရွာများမှ လူငယ်များကို ရိုက်နှက်ဖမ်းဆီးစစ်ဆေးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီး စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်မှုအတွင်း စစ်သား ၉ ဦး သေဆုံးပြီးနောက် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ အနီးအနားကျေးရွာများမှ လူငယ်များကို ရိုက်နှက်ဖမ်းဆီးစစ်ဆေးနေကြောင်းBlack Falcon Guerilla Forces တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့...

တော်လှန်ရေး အောင်ပွဲ အဆုံးအဖြတ် ထိုးစစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ် ညွှန်ကြား

ရန်ကုန်၊ဖေဖော်ဝါရီ ၈ စစ်အာဏာရှင် တော်လှန်ရေး အောင်ပွဲ အဆုံးအဖြတ် ထိုးစစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြည်သူ့ကာ ကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ်က မှာကြားလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်မှူးကြီးများ အစည်း အဝေး (၁/၂၀၂၆) တွင်...

နွားထိုးကြီးမြို့နယ်တွင် စစ်တပ်က မြ၀တီရွာ၊ ကျွန်းဒေါင့်၊ ဝက်လူးကျေးရွာများကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးနေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်တပ်က မြ၀တီရွာ၊ ကျွန်းဒေါင့်၊ ဝက်လူးကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးနေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်ပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၇ ရက်နေ့တို့တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းက နွားထိုးကြီး မြို့နယ်၊...

Latest news

- Advertisement -spot_img