24 C
Yangon
spot_img

CATEGORY

News

ရေစကြိုမြို့နယ် ၊ ဖြုံဘူးကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး၊ အမျိုးသမီးတစ်ဦးကို ပစ်သတ်

ရန်ကုန်၊ ဧပြီ ၃ မကွေးတိုင်း ရေစကြိုမြို့နယ် ဖြုံဘူးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီမှ ယနေ့ ဧပြီ ၃ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ဝင်ရောက် ပစ်ခတ်ကာ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးပြီး အမျိုးသမီးတစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ရေလယ်ကျွန်း သတင်း ၂ ထံမှ သိရှိရသည်။ သေဆုံးသူ...

ခင်ဦးမြို့နယ်၊ ငါးတင်းကြီးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ကာ ပြည်သူပိုင်နေအိမ်များကို မီးတင်ရှို့

ရန်ကုန်၊ ဧပြီ ၃ စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ် ၊ ငါးကြီးတင်းကြီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ အင်အား ၈၀ ခန့်သည် ယနေ့ ဧပြီ ၃ ရက်နေ့ မနက် ၈ နာရီဝန်းကျင်တွင် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်ကာ ပြည်သူများ နေအိမ်ကို မီးတင်ရှို့နေကြောင်း...

စစ်ကောင်စီက ပြုလုပ်မည့် အတုအယောင် သင်္ကြန်ပွဲကို မပူးပေါင်းဘဲ သပိတ်မှောက်ကြရန် ပြည်သူလူထုကို GSCB တိုက်တွန်းနှိုးဆော်

ရန်ကုန်၊ ဧပြီ ၃ အကြမ်းဖက်စစ်ကောင်စီက စီစဉ်နေသည့် အတုအယောင် 'အပျော်သင်္ကြန်နှင့် သင်္ကြန်အကြောင်းပြ ပျော်ပွဲရွှင်ပွဲအစီအစဉ်များကို လုံးဝ မပူးပေါင်း၊ မပါဝင်ခြင်းဖြင့် သပိတ်မှောက်ကြရန် ပြည်သူလူထုကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က တိုက်တွန်းနှိုးဆော်သည်။တော်လှန်ရေးအတွင်း ကျဆုံးလေပြီးသော အာဇာနည်ပုဂ္ဂိုလ်များ၊ အဓမ္မ ဖမ်းဆီးခံထားရသော အကျဉ်းကျ သူရဲကောင်းများ၊ အပိုမပါ...

နတ်မောက်၊ကုလားရှင်စံပြကျေးရွာ၊ ဝိဇ္ဇာမဟိဒ္ဂိကျောင်းမှ အရှင် ဝီရိယာစာရ (ပထမကြီးတန်း) ကို စစ်ကောင်စီက အတင်းအဓမ္မလူဝတ်လဲ ဖမ်းဆီးခေါ်ဆောင်

ရန်ကုန် ၊ ဧပြီ ၂ မကွေးတိုင်း နတ်မောက်မြို့နယ် ကုလားရှင်စံပြကျေးရွာ ဝိဇ္ဇာမဟိဒ္ဓိကျောင်းတွင် သီတင်းသုံးနေသည့် အရှင် ဝီရိယာစာရ (ပထမကြီးတန်း) ကို ဧပြီလ ၁ ရက်နေ့ည ၇ နာရီ ခွဲအချိန်တွင် အကြမ်းဖက် စစ်ကောင်စီမှ သိက္ခာမချဘဲ အတင်းအဓ္ဓမလူဝတ်လဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း...

ပြည်သူနှင့်အတူ ပူးပေါင်းလာသော ခမရ ၅၈၅ ဒု- တပ်ရင်းမှူး ဗိုလ်မှူး တင်လင်းအောင်က ၎င်း ဆိတ်လစေ့မဟုတ်ဘဲ မင်းအောင်လှိုင်က ပြည်သူကို ရန်သူအဖြစ်သတ်မှတ်သည့်အပြင် ရဲဘော်များ၏ဘ၀ကို စတေးနေဟုဆို

ရန်ကုန်၊ ဧပြီ ၃ ကရင်အမျိုးသားအစည်းအရုံး KNU ထံဝင်ရောက်ပြီး ပြည်သူနှင့်အတူ ပူးပေါင်းလာသော ခမရ ၅၈၅ ဒု- တပ်ရင်းမှူး ဗိုလ်မှူး တင်လင်းအောင်က ၎င်း ဆိတ်လစေ့မဟုတ်ဘဲ မင်းအောင်လှိုင်က ပြည်သူကို ရန်သူအဖြစ်သတ်မှတ်သည့်အပြင် ရဲဘော်များ၏ဘ၀ကို စတေးနေဟုဆို ပြောဆိုလိုက်သည်။NUG အစိုးရ၏ ပြန်ကြားရေး...

မြောင်မြို့နယ်၊ ရွှေလှံရွာနှင့်မြစ်ဆုံရွာအကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ၄ ဦး သေဆုံး၊ မုံရွာစီးပွားရေးတက္ကသိုလ်ကို PDF တပ်ပေါင်းစုက ပစ်ခတ်တိုက်ခိုက်မှု စစ်သားနှင့်ရဲ ၁၀ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဧပြီ ၂ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွှေလှံရွာနှင့်မြစ်ဆုံရွာအကြားတွင် ယနေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း မြောင်ဒေသမှ တော်လှန်ရေးအဖွဲ့တချို့ထံမှ သိရှိရသည်။ ဧပြီလ ၂ ရက်နေ့ မြောင်မြို့နယ်၊ ရွှေလှံရွာနှင့် မြစ်ဆုံရွာအကြားတွင် ထိတွေ့မှုဖြစ်ပွားကြောင်း၊ စစ်တပ်က ၆၀...

တောင်ပျောက် တိုက်နယ်ကို စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ် စစ်ရှောင်များရှိရာ နေရာနှင့် ရွာထဲသို့ ကျရောက်ပြီး ပြည်သူ ၁ဦး ထိမှန် စိုးရိမ်ရ၊ မယ်ကဲရွာသား ၇ဦးကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၂ တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက် တိုက်နယ် အတွင်းသို့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၂နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ပြီး စစ်ရှောင်ပြည်သူများနှင့် ကျေးရွာများ အတွင်းသို့ ကျရောက်ခဲ့သော...

KNU တပ်မဟာ ၅ နယ်မြေတွင် မတ်လတစ်လအတွင်း တိုက်ပွဲ ၃၅၉ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီမှ တပ်ရင်းမှူး ၁ ဦး၊ ဒု-တပ်ရင်းမှူး ၁ ဦး အပါအဝင် ၁၁၈ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၂ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅၊ မူတြော် (ဖာပွန်) ခရိုင်တွင် ၂၀၂၂ ခုနှစ် မတ်လ ၁ လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ လက်ပါးစေ BGF တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား တိုက်ပွဲပေါင်း ၃၅၉ ကြိမ်...

စစ်ကောင်စီတပ်ရင်း ခမရ ၅၈၅ မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်နှင့် တပ်သား ၁ ဦး လက်နက်များနှင့်အတူ KNLA ထံ အလင်းဝင်

ရန်ကုန်၊ ဧပြီ ၂ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသသို့ ထိုးစစ်ဆင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်၏ ခမရ ၅၈၅ မှ ဒု-တပ်ရင်းမှူး ဗိုလ်မှူး တင်လင်းအောင်နှင့် တပ်သားဟိန်းမင်းထွေးတို့ ၂ ဦးသည် KNLA ကော်ဘရာစစ်ကြောင်းထံ သေနတ် ၃...

မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဆေးတပ်ဖွဲ့ကို ၄၀ မမ ဗုံးသီးဖြင့်ပစ်ခတ်၊ မန္တလေးတွင် ၇၈ လမ်းမြ၀တီဘဏ်ကို သေနတ်ဖြင့် ပစ်ခတ်

ရန်ကုန်၊ ဧပြီ ၂ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဆေးတပ်ဖွဲ့ကို ယနေ့ ညနေ ၄ နာရီအချိန်တွင် ၄၀ မမ ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြစ်ကြီးနားမြို့ပေါ် အခြေစိုက် ပျောက်ကြားတပ်ဖွဲ့တစ်ခုထံမှ သိရှိရသည်။ "ဒီနေ့ ညနေ ၄နာရီခွဲခန့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဆေးတပ်ကို...

Latest news

- Advertisement -spot_img