25.6 C
Yangon
spot_img

CATEGORY

News

မင်းအောင်လှိုင်က ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်အဆင့်များကို သံအမတ်အဖြစ် ခန့်အပ်ပြီး စစ်အရာရှိတချို့ကိုလည်း ဌာနဆိုင်ရာ အကြီးအကဲများအဖြစ် ပြောင်းရွှေ့နေ၊ အရပ်ဘက်သို့ စစ်ဘက်မှ အရာရှိအများအပြား ဆက်တိုက် ပြောင်းရွှေ့

ရန်ကုန်၊ အောက်တိုဘာ ၁၄ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်များကို သံအမတ်အဖြစ် ခန့်အပ်လိုက်ပြီး စစ်အရာရှိတချို့ကိုလည်း ဌာနဆိုင်ရာ အကြီးအကဲများအဖြစ် ပြောင်းရွှေ့နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်တို့၏ ပြောဆိုချက်၊ စစ်တပ်က ထုတ်ပြန်သော ပြန်တမ်းများ အရ သိရှိရသည်။ ကြည်းတပ်မှ ဗိုလ်ချုပ်နေမျိုးဦး၊ လေတပ်မှ...

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနှင့် ဖယ်ခုံတို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်ဘက်မှ ၂၀ ဦးကျော်သေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၃ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးကျော်သေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်း ရရှိခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

ဖယ်ခုံမြို့နယ်၊ ဘောရန်ရွာကို စစ်တပ်နှင့် PNO အဖွဲ့က မီးရှို့ဖျက်ဆီးမှု နေအိမ်အများအပြား မီးလောင်ပြာကျ

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် အစပ်ရှိ ဖယ်ခုံမြို့နယ်၊ ဘောရန်ရွာကို အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့က မီးရှို့ဖျက်ဆီးမှု နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်၍ အကြမ်းဖက်...

နမ့်ဆန်ရှိ ကယားကြီးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ၊ မြိုင်မြို့နယ်ရှိ သပြေညိုမှော်ကိုလည်း စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ ကယားကြီးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅...

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ပျယ်ပြယ်သွားပြီဖြစ်၍ NCA နှစ်ပတ်လည်ပွဲ ကျင်းပရုံဖြင့် ဘာမှ ဖြစ်လာစရာ မရှိတော့ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီး အသိပေးပြောဆို

ရန်ကုန်၊ အောက်တိုဘာ ၁၃ မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ပျယ်ပြယ်သွားပြီဖြစ်၍ NCA စာချုပ်နှစ် ပတ်လည်ပွဲ ကျင်းပရုံဖြင့် ဘာမှ ဖြစ်လာစရာ မရှိတော့ကြောင်း ကရင်အမျိုးသားအစည်းအရုံး- KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အသိပေးပြောဆိုသည်။ ယနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်...

မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ရွာ ပျူစောထီး အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၃ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ရွာ ပျူစောထီး အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ ကြယ်တစ်ပွင့်တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်နေ့ မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ရွာရှိ ပျူသောထီး အထိုင်စခန်းကို...

ဩစတြေးလျတွင် ကျင်းပသည့် Nike Melbourne မာရသွန်ပြေးပွဲတွင် မြန်မာ ၂ ဦးနှင့် မလေးရှား ၁ ဦးတို့က ပင်နီဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်

ရန်ကုန်၊ အောက်တိုဘာ ၁၃ ဩစတြေးလျနိုင်ငံ၊ ကော့ဖာဟားဘားတွင် ပြုလုပ်သည့် Nike Melbourne Marathon Festival တွင် မြန်မာနိုင်ငံသား ၂ ဦး နှင့် မလေးရှားနိုင်ငံသား ၁ ဦးတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ပင်နီ ဝတ်စုံအပြည့်အစုံ၊ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ အမေစု...

ဆောမြို့နှင့် ကျောက်ထုအမြောက်တပ်ထဲမှ ထွက်ပြေးလာပြီး ပြည်သူကို သေနတ်ဖောက် ခြိမ်းခြောက် အရက်လုသောက်သည့် ဒုတပ်ကြပ် ၂ ဦးနှင့် တပ်ကြပ်ကြီး ၁ ဦးကို ဖမ်းမိ

ရန်ကုန်၊ အောက်တိုဘာ ၁၃ မကွေးတိုင်း၊ ဆောမြို့နယ်၊ ဆောမြို့နှင့် ကျောက်ထုတပ်တို့ထဲမှ ထွက်ပြေးလာပြီးနောက် ပြည်သူကို သေနတ် ပစ်ဖောက် ခြိမ်းခြောက်ကာ အရက်လုသောက်သည့် ဒုတပ်ကြပ် ၂ ဦးနှင့် တပ်ကြပ် ကြီး ၁ ဦးကို ဖမ်းမိခဲ့ကြောင်း ယောအလင်းတန်းမှ ကို အောင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် NGU အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ဖလားရန်ပုံငွေဘောလုံးပွဲ ကျင်းပ

ရန်ကုန်၊ အောက်တိုဘာ ၁၃ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် Free Burma Action Committee-Northern California က ကြီးမှူး၍ မြောက်ပိုင်းကယ်လီဖိုးနီးယားပြည်နယ်ရှိ ကျောင်းသားလူငယ်များ၊ တက်ကြွလှုပ်ရှားသော လူငယ်များနှင့် ထောက်ပို့ပြည်သူများစုပေါင်းကာ ၄ ကြိမ်မြောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ဖလားရန်ပုံငွေဘောလုံးပွဲကို အောက်တိုဘာလ ၁၂ ရက်နေ့တွင်...

ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းသား ၂ ဦးသေဆုံးပြီး ကျောင်းသားတချို့ ပျောက်ဆုံးနေ

ရန်ကုန်၊ အောက်တိုဘာ ၁၃ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျောင်းသား ၂ ဦးသေဆုံးပြီး ကျောင်းသားတချို့ ပျောက်ဆုံးနေကြောင်း Chinland Defense Force-Hakhaနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာ ၁၃...

Latest news

- Advertisement -spot_img