25.9 C
Yangon
spot_img

CATEGORY

News

မြ၀တီမြို့နယ်၊ ကျားဖြန့် လုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရသည့် ထိုင်းနိုင်ငံသား ၁၆ ဦးကို ထိုင်းအစိုးရက ပြန်လည် လက်ခံ

ရန်ကုန်၊ အောက်တိုဘာ ၇ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်လည်သော ကျန်ားဖြန့်လုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင် ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရသည့် ထိုင်းနိုင်ငံသား ၁၆ ဦးကို ထိုင်းအစိုးရက ပြန်လည် လက်ခံထားကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။ မြ၀တီမြို့နယ်သို့ လိမ်လည်လှည့်ဖြားခံရကာ တရားမဝင် ငွေလိမ်လည်သော ကျားဖြန့်ဂိုဏ်းများတွင် အလုပ်လုပ်ခဲ့ရသည့် ထိုင်းနိုင်ငံသား...

ဒိုက်ဦးထောင်၊ အမျိုးသမီး ဦးစီးအရာရှိ ဇင်မာကြည်အောင်က နိုင်ငံရေး အကျဥ်းသူများကို အကြောင်းမဲ့တိုက်ပိတ် ညှင်းပန်းနှိပ်စက်နေ

ရန်ကုန်၊ အောက်တိုဘာ ၇ ပဲခူးတိုင်း၊ ဒိုက်ဦးထောင်၊ အမျိုးသမီးဆောင်တွင် ဦးစီးအရာရှိ ဇင်မာကြည်အောင်က နိုင်ငံရေး အကျဥ်းသူများကို အကြောင်းမဲ့တိုက်ပိတ် ညှင်းပန်းနှိပ်စက်နေကြောင်း Justice Network Political Prisoners-JNPP မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဒိုက်ဦးအကျဥ်းထောင်မှ ဦးစီးအရာရှိ ဇင်မာကြည်အောင်က နိုင်ငံရေး အကျဥ်းသူများကို...

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၅ ဦး အပါအဝင် ၁၂ ဦး သေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၇ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၅ ဦး အပါအဝင် ၁၂ ဦး သေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း Chindwin Rocket...

ထိုင်းနိုင်ငံ၊ ဆေးဆိုးပန်းရိုက်စက်ရုံတစ်ခုတွင် တရားဝင် မြန်မာအလုပ်သမား ၆၀ ကျော်ကို အကြောင်းပြချက်မရှိဘဲ အလုပ် ထုတ်

ရန်ကုန်၊ အောက်တိုဘာ ၇ ထိုင်းနိုင်ငံ နခွန်ပထုံခရိုင် အုန်းယိုင်ရှိ ပိတ်စဆေးဆိုးပန်းရိုက် စက်ရုံတစ်ခုတွင် တရားဝင် မြန်မာအလုပ်သမား ၆၀ ကျော်ကို အကြောင်းပြချက်မရှိဘဲ မတရား အလုပ်ထုတ်ခံလိုက်ရပြီး အဆိုပါ အလုပ်သမားများ၏ နစ်နာမှုများ ပြန်လည် ရရှိရေး ကူညီပေးလျက်ရှိကြောင်း 𝐌.𝐇.𝐀.𝐂 (မဟာမိတ်အဖွဲ့) ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီမှ အမှုစိစစ်စီစဉ်ရေးနှင့်...

ထားဝယ်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး သေဆုံးမှုမှာ စစ်တပ်က ဆေးကုသခွင့်မပေး၍ နာတာရှည် ရောဂါများဖြင့် ကွယ်လွန်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၇ တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး သေဆုံးမှုမှာ စစ်တပ်က ဆေးကုသခွင့် မပေးခဲ့၍ နာ တာရှည်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဦးဆောင် အဖွဲ့ဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၃ ရက်နေ့တွင်...

ကြို့ပင်ကောက်၊ ဒေါင်းလေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ၊ မြေပြင်တွင် စစ်တပ် စစ်ကြောင်းက ကျေးရွာများကို ဆက်တိုက် မီးရှို့နေ

ရန်ကုန်၊ အောက်တိုဘာ ၇ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဒေါင်းလေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၆ ရက်နေ့ ည ၁၀ နာရီ...

မြန်မာနိုင်ငံတွင် နူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေးအတွက် စစ်အရာရှိအများအပြားကို ရုရှားသို့ ပညာတော်သင်များအဖြစ် မင်းအောင်လှိုင်က အဆက်မပြတ်စေလွှတ်

ရန်ကုန်၊ အောက်တိုဘာ ၇ မြန်မာနိုင်ငံတွင် တည်ဆောက်ရန် ရှိနေသည့် နူကလီးယားဓာတ်ပေါင်းဖို စီမံကိန်းအတွက် မင်းအောင်လှိုင်က စစ်အရာရှိအများအပြားကို ရုရှားနိုင်ငံသို့ ဘွဲ့လွန်ပညာတော်သင်များအဖြစ် အဆက်မပြတ်စေလွှတ်လျက်ရှိကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မြန်မာနိုင်ငံတွင် ရုရှားကမဂ္ဂါဝပ် ၁၁၀ အသေးစား နူကလီးယားဓာတ်ပေါင်းဖိုကို တည်ဆောက်မည်ဖြစ်ပြီး ယင်းနောက် မဂ္ဂါဝပ် ၃၃၀ အထိ...

ရန်ကုန်နှင့် ကရင်တို့တွင် စစ်မှုထမ်း တပ်သားများ လက်နက် ယူဆောင်လာပြီး အလင်းဝင်၊ မြင်းခြံတွင်လည်း ပျူစောထီး ၂ ဦးကို အရှင်ဖမ်းမိ

ရန်ကုန်၊ အောက်တိုဘာ ၇ ရန်ကုန်တိုင်းတွင် ဗျူဟာစစ်ကြောင်း ၁ ထံ စစ်မှုထမ်း တပ်သားသစ် ၂ ဦး လက်နက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ရန်ကုန်ဗျူဟာစစ်ကြောင်း ၁ က ထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၆ ရက်နေ့တွင် ရန်ကုန်ဗျူဟာ စစ်ကြောင်း ၁ ထံသို့ စစ်မှုထမ်း တပ်သားသစ်...

ဂန့်ဂေါမြို့၊ ခလရ ၅၀ တပ်ရင်းနှင့် မြို့မရဲစခန်းအတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သားနှင့်ရဲများ ထိခိုက်သေ ဆုံးမှုရှိနိုင်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၇ မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းနှင့် မြို့မရဲစခန်းအတွင်းသို့ ရှော့တိုက်ဒုံးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ အောက်တိုဘာလ ၆ ရက် ညနေ ၆ နာရီ...

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး သားဖြစ်သူကိုထိန်လင်း အီတလီလွှတ်တော်သို့ သွားရောက် အရေးဆို

ရန်ကုန်၊ အောက်တိုဘာ ၇ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သားဖြစ်သူကိုထိန်လင်း(ခေါ်) ကင်မ်အဲရစ်က အီတလီလွှတ်တော်သို့ သွားရောက် အရေးဆိုခဲ့ကြောင်း သူ၏ လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၂ ရက်နေ့ တွင် အီတလီလွှတ်တော်သို့ သွားရောက်ခဲ့​ပြီး အီတလီအမျိုးသားလွှတ်တော် (Senate)တွင် ဥက္ကဋ္ဌ အီညာဇီယို လာ ရူစ်ဆာ...

Latest news

- Advertisement -spot_img