30.1 C
Yangon
spot_img

CATEGORY

News

စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲစာရင်းများ ကွဲလွဲမှု၊ မပြည့်စုံမှုနှင့် လိုအပ်ချက်များ ရှိနေဟု လူဝင်မှုကြီး ကြပ်ရေး ဝန်ကြီး မြင့်ကြိုင်ဆိုသူ ဝန်ခံ

ရန်ကုန်၊ အောက်တိုဘာ ၁၁ အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲစာရင်းများ အချက်အလက်ကွဲလွဲမှု ၊ မပြည့်စုံမှုနှင့် လိုအပ်ချက်များရှိနေကြောင်း စစ်တပ်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး မြင့်ကြိုင်ဆိုသူက ဝန်ခံလိုက်သည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု...

စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု ဘန်ကာတစ်လုံးသာ ကျန်ချိန် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၍ ပြန်ဆုတ်ခွာရ ၊ နတ်တလင်းတွင်လည်း စစ်တပ်နှင့်တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ၁၁ မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု ဘန်ကာတစ်လုံးသာ ကျန်ချိန် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ၍ ပြန်ဆုတ်ခွာရကြောင်း မင်းဘူးခရိုင်တပ်ရင်း ၅ က သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊...

ရခိုင်တွင် စစ်တပ်၏ တိုက်ခိက်မှုများ အရှိန်မြှင့်လာသည့်အပြင် ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်မှုများ တိုးမြှင့်လာ၍ စစ်ရေး သတိရှိကြရန် AA က သတိပေး

ရန်ကုန်၊အောက်တိုဘာ ၁၁ ရခိုင်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများ အရှိန်မြှင့်လုပ်ဆောင်နေသည့်အပြင် ပြည်သူများကို ဖမ်းဆီးမှုများ တိုးမြှင့်လာ၍ စစ်ရေး သတိရှိကြရန် AA က သတိပေးချက် ထုတ်ပြန်လိုက်သည်။ ရခိုင်ရှိ ပင်လယ်ကမ်းနီး မြို့၊ ရွာများမှ ပြည်သူများအနေဖြင့် ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်၏ ရေကြောင်း၊ လေ ကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပါရန်နှင့်...

မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်တွင် ပြောဆိုခဲ့မှုများကိုအသေးစိတ် သတင်းထုတ်ပြန်လိုက်သဖြင့် မြန်မာစစ်တပ်၏ လိမ်လည် သတင်း ထုတ်ပြန်မှု ထင်ရှားပေါ်ပေါက်

စစ်တပ်၏ ရွေးကောက်ပွဲကို ဝမ်းမြောက်ဝမ်းသာနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မပြောဆိုခဲ့ဘဲ စစ်တပ်က လိမ်လည် ဝါဒဖြန့်ခဲ့ ရန်ကုန်၊ အောက်တိုဘာ ၁၁ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟက်ဆန်၏ နေပြည်တော်ခရီးစဉ်တွင် ပြောဆိုခဲ့မှုများနှင့်ပတ်သက်၍ အသေးစိတ် သတင်းထုတ်ပြန်လိုက်သဖြင့် မြန်မာစစ်တပ်၏ လိမ်လည် သတင်း ထုတ်ပြန်မှု ထင်ရှားပေါ်ပေါက်သွားသည်။ မြန်မာစစ်တပ်၏ ရွေးကောက်ပွဲ...

လောင်းလုံးမြို့အနီးရှိ ကျေးရွာများမှ ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးရန် လာရောက်သည့် စစ်တပ် စစ်ကြောင်းကို ပိတ်ဆို့ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

ရန်ကုန်၊ အောက်တိုဘာ ၁၀ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့အနီးရှိ ကျေးရွာများမှ ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးရန် လာရောက်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပိတ်ဆို့ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့...

မိုင်းလုံမြို့နယ် မန်ဟုန်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် သေဆုံးသူ ၁၃ ဦးထိရှိလာ၊ မိုးမိတ်မြို့နယ် အောင်မြေရွာအနီးကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရှမ်းပြည်နယ်၊ မိုင်းလုံမြို့နယ် မန်ဟုန်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် သေဆုံးသူ ၁၃ ဦးထိရှိလာကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။ အောက်တိုဘာ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ...

တနင်္သာရီ၊ တကူရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းသားများ အပါအဝင် ပြည်သူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရပြီး ၅ ဦး စိုးရိမ်ရ

ရန်ကုန်၊ အောက်တိုဘာ ၁၀ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တကူရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျောင်းသားများ အပါအဝင် ပြည်သူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရပြီး ၅ ဦး စိုးရိမ်ရကြောင်း တနင်္သာရီမြို့နယ် ပကဖ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်...

ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်ရှိ ဆေးဆိုးပန်းရိုက်စက်ရုံတွင် အကြောင်းမဲ့ အလုပ်ထုတ်ခံရသည့် မြန်မာ အလုပ်သမား ၃၈ ဦးကျော်ကို ထိုက်သင့်သည့် ရပိုင်ခွင့်များ ရရှိရေး NUG အလုပ်သမားဝန်ကြီးဌာနနှင့် MHAC အဖွဲ့က ညှိနှိုင်းနေ

ရန်ကုန်၊ အောက်တိုဘာ ၁၀ ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်ရှိ ဆေးဆိုးပန်းရိုက် စက်ရုံတွင် အကြောင်းမဲ့ အလုပ်ထုတ်ခံရသည့် မြန်မာ အလုပ်သမား ၃၈ ဦးကျော်ကို ထိုက်သင့်သည့် ရပိုင်ခွင့်များ ရရှိရေး NUG အလုပ်သမားဝန်ကြီးဌာနနှင့် MHAC အဖွဲ့က ညှိနှိုင်းပေးနေကြောင်း MHAC မဟာမိတ်အဖွဲ့မှ အမှုစိစစ်စီစဥ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံ...

မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်တပ် ယာဉ်တန်း လုံခြုံရေးအတွက် ကင်းယူပေးရန် ထွက်လာသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု အလောင်း ၃ လောင်းနှင့် သေနတ် ၃ လက် သိမ်းဆည်း ရရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၀ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်း လုံခြုံရေးအတွက် ကင်းယူပေးရန် ထွက်လာသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ အလောင်း ၃ လောင်းနှင့် သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Chaung U...

အကြမ်းဖက်စစ်တပ် အခြေစိုက်ရာ နေပြည်တော်တွင် စစ်ဆင်ရေး အရှိန်အဟုန် တိုးမြှင့်နိုင်ရေး ဗျူဟာ အမှတ် ၁၉ ကို ဖွဲ့စည်းဟုဆို

ရန်ကုန်၊ အောက်တိုဘာလ ၁၀ အကြမ်းဖက်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် စစ်ဆင်ရေးများ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင် ရွက်ရန်အတွက် ဗျူဟာအမှတ် ၁၉ ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း နေပြည်တော်တိုင်းကွပ်ကဲရေးမှူး ဗိုလ်လက်ျာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်း နေပြည်တော်အနီး စစ်တောင်းမြစ်ဝှမ်းဒေသ၊ နေပြည်တော် တိုင်းစစ်ဌာန စစ်ရေးလှုပ်ရှားစိုးမိုးနယ်မြေ၌...

Latest news

- Advertisement -spot_img