28 C
Yangon
spot_img

CATEGORY

News

မြင်းခြံ၊ ဖက်ပင်အိုင်ရွာတွင် စစ်တပ်က ပြည်သူနှင့် PDF ၁၁ ဦးကို သတ်ဖြတ်ပြီး မိခင်အလောင်းလာသယ်သော သားဖြစ်သူကိုပါ ဒရုန်းဖြင့် ထပ်မံဗုံးကျဲ သတ်ဖြတ်

ရန်ကုန်၊ ဧပြီ ၉ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဖက်ပင်အိုင်ကျေးရွာတွင် စစ်ကောင်စီတပ်က ကျေးရွာနေပြည်သူများနှင့် ကာကွယ်ပေးနေသည့် PDF ရဲဘော် စုစုပေါင်း ၁၁ ဦးကို အစုလိုက် အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ ဧပြီလ ၁ ရက်နေ့ ညနေပိုင်း...

မင်းပြားတွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၁ ဦး သေဆုံး၊ လေ ကြောင်း ရန်ကြောင့် သင်္ကြန်ကာလ လိုက်နာရမည့် စည်းကမ်းချက်များကို အာရက္ခအစိုးရ ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၉ အာရက္ခပြည်နယ်အတွင်း စစ်ရေးအရ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် အရပ်သားများရှိရာ နေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး မင်းပြားမြို့နယ်တွင် လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် APM သတင်းအရ သိရှိရသည်။ ယမန်နေ့ ဧပြီလ ၈ ရက် နံနက် ၈...

အင်ဒိုနီးရှားတွင် မင်းအောင်လှိုင်အပေါ် တိုင်ကြားသည့်အမှုအပေါ် ရှေ့နေချုပ်ရုံးက စတင်ကိုင်တွယ်သည့်အနေဖြင့် ကြီးလေးသော ရာဇဝတ်မှုများ စစ်ဆေးသည့်ဌာနသို့ လွှဲပြောင်း

ရန်ကုန်၊ ဧပြီ ၉ မြန်မာစစ်ခေါင်းဆောင်အပေါ် တရားစွဲဆိုထားသည့် အမှုကို အင်ဒိုနီးရှား ရှေ့နေချုပ်ရုံးက တရားဝင်လက်ခံလိုက်ပြီ ဖြစ်ပြီး ယင်းအမှုကို ကြီးလေးသော ရာဇဝတ်မှုများကို အထူးပြုစစ်ဆေးသည့် ဌာနခွဲသို့ လွှဲပြောင်းပေးကာ စတင်ကိုင်တွယ်နေပြီဖြစ်ကြောင်း ရှေ့နေချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနထံသို့ အတည်ပြု ပြောကြားသည်။ ဧပြီလ ၆ ရက်နေ့...

မင်းအောင်လှိုင်က ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် တိုင်းရင်းသားများကို နေရာပေးရန် ငြင်းပယ်ပြီး တိုင်း/ပြည်နယ် ဝန်ကြီးချုပ်နေရာများကို ငယ်ကျွန် လက်မရွံ့ သစ္စာရှိသူများကိုသာ ပြန်လည်ခန့်အပ်

ရန်ကုန်၊ ဧပြီ ၉ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် တိုင်း ရင်းသားများကို နေရာပေးမည်ဟု မကြာ ခဏ ဆိုသလို ထုတ်ဖော်ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် ယင်းပြောဆိုမှုကို ငြင်းပယ်ပြီး တိုင်း/ပြည်နယ် ဝန်ကြီးချုပ်နေရာများကို ငယ်ကျွန် လက်မရွံ့ သစ္စာရှိသူများကိုသာ ပြန်လည်ခန့်အပ်လိုက်သည်။ အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်က ခန့်အပ်လိုက်သော တိုင်းနှင့်ပြည်နယ်ဝန်ကြီး...

သုံးစွဲသူအချက်အလက်များ စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့မှုဖြင့် တယ်လီနောကုမ္ပဏီကို မြန်မာသုံးစွဲသူများက နော်ဝေနိုင်ငံ၌ သမိုင်းဝင် တရားစွဲဆို

ရန်ကုန်၊ ဧပြီ ၈ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးစွဲသူတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စစ်ကောင်စီထံသို့ ပေးအပ်ခဲ့မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှသုံးစွဲသူများက တယ်လီနောကုမ္ပဏီကို နော်ဝေနိုင်ငံ၌ တရားစွဲဆိုလိုက်ပြီဖြစ်သည်။ ဤအမှုသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် လုံခြုံမှုထက်မကဘဲ၊ စစ်အာဏာရှင်၏ အကြောက်တရားအောက်တွင် အရေးကြီးအချက်အလက်များ ထုတ်ဖော်ခံရခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဖမ်းဆီးခံရမှု၊ နှိပ်စက်ညှဉ်းပန်းမှု၊...

နတ်မောက်နှင့် မြို့သစ်မြို့ နယ်တို့တွင် စစ်တပ် စစ်ကြောင်းများကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၈ မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့မှ ဗိုလ်အောင်ဒင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယနေ့ ဧပြီလ ၈ ရက်နေ့တွင် နတ်မောက်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန်...

ရွှေကျင်နှင့် ဆားလင်းကြီး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၈ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ ဧပြီလ ၄ ရက်နေ့တွင် ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးရွာသစ် အတွင်းကို...

သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာရှိ စစ်တပ် စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၈ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း RMA-Ramonnya Mon Army အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဧပြီလ ၇ ရက်နေ့ နံနက် ၄ နာရီခန့်တွင် သံဖြူဇရပ်မြို့နယ်၊...

တောင်သာမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာများကို ဆက်တိုက် မီးရှို့နေပြီး ဒရုန်းဖြင့်လည်း စစ်ရှောင်ပြည်သူများကို လိုက်လံ ဗုံးကျဲ တိုက်ခိုက်နေ

ရန်ကုန်၊ ဧပြီ ၈ မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက် မီးရှို့နေပြီး ဒရုန်းဖြင့်လည်း စစ်ရှောင်ပြည်သူများကို လိုက်လံ ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၈ ရက်နေ့ နံနက် ၇...

စစ်ခေါင်းဆောင်အတွက် ဒေါ်လာရှာပေးခဲ့သည့် ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေ ရာထူးမှ ဖယ်ရှားခံရပြီး ပါမောက္ခချုပ်ဟောင်း ဒေါက်တာ ခင်နိုင်ဦးကို အစား ထိုးခန့်အပ်ရန် မင်းအောင်လှိုင် အဆိုပြု

ရန်ကုန်၊ ဧပြီ ၈ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် ဒေါ်လာရရှိရေးနှင့် ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး တာဝန်များကို အစွမ်းကုန် ထမ်းဆောင်ခဲ့သော်လည်း ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေသည် အကြမ်းဖက် အစိုးရအဖွဲ့သစ်တွင် ပါဝင်ခွင့် မရတော့ဘဲ ရာထူးမှ ဖယ်ရှားခံလိုက်ရသည်။ ၎င်း၏နေရာတွင် အငြိမ်းစား ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဖြစ်၊ စာရင်း စစ်ချုပ်လည်းဖြစ်သူ ဒေါက်တာ...

Latest news

- Advertisement -spot_img