25.8 C
Yangon
spot_img

CATEGORY

News

ပေါက်နှင့် မြိုင်မြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်တပ်က နေ့စဉ်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေ

ရန်ကုန်၊ ဇူလိုင် ၁၃ မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က နေ့စဉ်ဆက်တိုက် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်နေပြီး ဇူလိုင်လ ၁၂ ရက်နေ့တွင်လည်း ဂျက်တိုက်လေယာဉ်နှင့် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တို့ဖြင့် ၇ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့မှ ဆရာထွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က နိုင်ငံတကာဥပဒေများကို ချိုးဖောက်ပြီး လူသားမဆန်သော ရက်စက်သည့်လုပ်ရပ်များ တိုးမြှင့်ကျူးလွန်နေမှု အမြန်ဆုံးအရေးယူရန် KHRW တောင်းဆို

ရန်ကုန်၊ ဇူလိုင် ၁၃ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က နိုင်ငံတကာဥပဒေများကို ချိုးဖောက်ကာ လူသားမဆန်သော ရက်စက်သည့်လုပ်ရပ်များကို တိုးမြှင့်ကျူးလွန်နေပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် ဆက်လက်ကျူးလွန်နေမှုအပေါ် နိုင်ငံတကာအသိုက်အဝန်းက အမြန်ဆုံး ထိရောက်စွာ အရေးယူဆောင်ရွက်ရန် ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က တောင်းဆိုလိုက်သည်။ ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် KHRW က...

SCEF နှင့် CDM အဖွဲ့ ၈ ခု တွေ့ဆုံပြီး CDM နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်နိုင်ရေးနှင့် လုံခြုံရေး ခိုင်မာသော အာမခံချက်များရှိစေရန် အပါအဝင် အချက် ၉ ချက် တင်ပြတောင်းဆို

ရန်ကုန်၊ ဇူလိုင် ၁၃ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် ဒေသဆိုင်ရာ CDM အဖွဲ့အစည်း ၈ ခုတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး တော်လှန်ရေးကာလနှင့် ကြားကာလအတွင်း CDM နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်နိုင်ရေးနှင့် လုံခြုံရေးအတွက် ခိုင်မာသော အာမခံချက်များရှိစေရန် အပါအဝင် CDM ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့်...

မင်းအောင်လှိုင်၏ ဆီခွဲတမ်းလျှော့ချမှုကြောင့် ဖြစ်ပေါ်လာသော စားအုန်းဆီဈေး တဟုန်ထိုးမြင့်တက်မှုအပေါ် ဖမ်းဆီးအရေးယူရန် အမိန့်ထွက်လာ၍ ဆီဈေးကွက်နှင့် ကုန်သည်များ ဝရုန်းသုန်းကားဖြစ်

ရန်ကုန်၊ ဇူလိုင် ၁၃ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စားအုန်းဆီဈေးနှုန်းမြင့်တက်မှုအပေါ် ဆီကုန်သည်များနှင့် တစ်ဆင့်ပြန်လည်ရောင်းချသူများကို ဖမ်းဆီးအရေးယူရန် အမိန့်ထုတ်လိုက်သဖြင့် ဆီကုန် သည်များ အရောင်းအဝယ်ရပ်ဆိုင်းကာ စားအုန်းဆီဈေးကွက်တစ်ခုလုံး ဝရုန်း သုန်းကားနှင့် ဂယောက်ဂယက်ဖြစ်ပေါ်နေကြောင်း ဆီကုန်သည်အသိုင်းအဝိုင်းထံမှ သိရှိရသည်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရန် အကြောင်းပြ၍ ပြည်ပမှ စားအုန်းဆီတင်သွင်းမှုကို...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နာမည်ကြီး ဖျော်ဖြေရေး ဘားတစ်ခုတွင် မီး လောင်ပေါက်ကွဲမှုကြောင့် လူ ၂၇ ဦး သေဆုံးပြီး ၆၃ ဦး ဒဏ်ရာရ၊ ၂၂ ဦး စိုးရိမ်ရ

ရန်ကုန်၊ ဇူလိုင် ၁၃ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လူသိများသော ဘားနှင့် စားသောက်ဆိုင်တစ်ခုတွင် မီးလောင်ပေါက်ကွဲမှု အကြီးအကျယ်ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး သေဆုံးပြီး ၆၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အတည်ပြုပြောဆိုသည်။ ဇူလိုင်လ ၁၂ ရက်နေ့ ညပိုင်းတွင် ဘန်ကောက်မြို့စွန်ရှိ Rong...

မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများကို အိန္ဒိယအရှေ့မြောက်ပိုင်းမှတစ်ဆင့် သယ်ယူရန် မှောင်ခိုသမားများက အမျိုးသမီးများနှင့် ကလေးသူငယ်များကို အသုံးချနေ

ရန်ကုန်၊ ဇူလိုင် ၁၃ မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှတစ်ဆင့် နိုင်ငံအတွင်းပိုင်းသို့ သယ်ယူပို့ဆောင်ရာတွင် မူးယစ်မှောင်ခိုသမားများက အမျိုးသမီးများနှင့် ကလေးသူငယ်များကိုပါ အသုံးချလာကြောင်း အာသံပြည်နယ် ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာန CID က ထုတ်ဖော်ပြောဆိုသည်။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ ဝင်ရောက်လာသည့် မူးယစ်ဆေးဝါးများကို ပူးပေါင်းနှိမ်နင်းရန် မြန်မာဘက်ထံ အကူအညီတောင်းခံခဲ့ပြီး ရက်ပိုင်းအကြာတွင်...

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် ၊ အကြမ်းဖက်မှုများအားလုံး ရပ်တန့်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြင်တွေ့လိုဟု မြန်မာစစ်တပ်ကို ပြော

ရန်ကုန်၊ ဇူလိုင် ၁၃ မြန်မာနိုင်ငံတွင် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းမှု ခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက တောင်းဆိုလိုက်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ပြောဆိုသည်။ ယမန်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာစစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီး...

ဖားကန့်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ဥရုချောင်းရေ မြင့်တက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များကို ရေများ စတင်ဝင်ရောက်နေ

ရန်ကုန်၊ ဇူလိုင် ၁၂ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ဥရုချောင်းရေ မြင့်တက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များကို ရေများ စတင်ဝင်ရောက်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် ဖားကန့်မြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ဥရုချောင်းရေ မြင့်တက်လာပြီး အနိမ့်ပိုင်းရပ်ကွက်များကို ရေများ...

မလေးရှားနိုင်ငံ၊ ဆလန်ဂေါ ပြည်နယ်ရှိ ကလန်ဘတ်စ်ကားဂိတ်ဝန်းကျင်တွင် အော်ပရာစီ စစ်ဆင်ရေးဖြင့် ဝင်ရောက် ဖမ်းဆီးရာ မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား ၁၀၀၀ ကျော် ဖမ်းဆီးခံရ

ရန်ကုန်၊ ဇူလိုင် ၁၂ မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်မြို့ (Klang) ရှိ နိုင်ငံခြားသားများ အဓိက စုဝေးရာ ကလန်ဘတ်စ်ကားဂိတ်ဝန်းကျင်တွင် အာဏာပိုင်များက အင်အားအလုံးအရင်းဖြင့် အော်ပရာစီ (Operasi) စစ်ဆင်ရေး ပြုလုပ်ကာ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား ၁၀၀၀ ကျော်...

ဝက်လက်တွင် စစ်တပ်က စစ်ရှောင်တဲများကို လိုက်လံ မီးရှို့ဖျက်ဆီးနေ၊ ကနီတွင်လည်း စစ်တပ် စစ်ကြောင်းထိုးနေ၍ ပြည်သူများ နေရပ်မပြန်နိုင်သေး

ရန်ကုန်၊ ဇူလိုင် ၁၂ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ရှောင်တဲများကို လိုက်လံ မီးရှို့ဖျက်ဆီးနေကြောင်း Wetlet Informational Network ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။ ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ အရှေ့မြောက်ခြမ်းရှိ ရှားကွဲရွာတွင် အထိုင်ချ တပ်စွဲထားသော...

Latest news

- Advertisement -spot_img