25.8 C
Yangon
spot_img

CATEGORY

News

ပြည်ပမှ မြန်မာနိုင်ငံသို့ မိုဘိုင်းဖုန်း ယူဆောင်လာပါက လူ ၁ ဦးလျှင် ၁ နှစ်အတွင်း ဖုန်း ၂ လုံးသာ ယူ ဆောင်ခွင့်ပြုပြီး မှတ်ပုံမတင်သော ဖုန်းများ ဆက်သွယ်ရေးကွန်ရက် အသုံးပြုခွင့်ပိတ်ပင် ဒဏ်ရိုက်မည်

ရန်ကုန်၊ ဇူလိုင် ၁၄ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ မိုဘိုင်းလက်ကိုင်ဖုန်း ယူဆောင်လာသည့် ခရီးသည်တစ်ဦးလျှင် တစ်နှစ်အတွင်း မိုဘိုင်းဖုန်း ၂ လုံးအထိသာ ယူဆောင်မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ပြီး စစ်တပ်၏ CEIR စနစ်တွင် မှတ်ပုံတင်ခြင်းမရှိသော ဖုန်းများကို ပြည်တွင်းဆက်သွယ်ရေးကွန်ရက်တွင် အသုံးပြုခွင့် ပိတ်ပင်မည်ဖြစ်ကြောင်း စစ်တပ်က အသိပေးကြေညာသည်။ ပြည်ပမှ မိုဘိုင်းဖုန်း ယူဆောင်လာသူများအနေဖြင့်...

မကွေးဖက်ဒရယ်ယူနစ်အတွင်း စစ်တပ် စစ်ကြောင်းများကို တိုက်ဖျက်ရန် ယာယီကာကွယ်ရေးစစ်ကြောင်းသစ် ၃ ကြောင်း ထပ်မံတိုးမြှင့်ဖွဲ့စည်း

ရန်ကုန်၊ ဇူလိုင် ၁၄ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက နယ်မြေအတွင်း လက်တလော ဖြစ်ပေါ်နေသော စစ်တပ်၏ ကျူးကျော်တိုက်ခိုက်မှုများကို ပိုမိုထိရောက်စွာ ခုခံတွန်းလှန်နိုင်ရန်၊ စစ်ဆင်ရေးစွမ်းရည်ကို မြှင့်တင်ရန်နှင့် ဒေသတွင်း တည်ငြိမ်ရေးကို အလေးထားဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယာယီကာကွယ်ရေးစစ်ကြောင်းသစ်များကို ထပ်မံ တိုးမြှင့် ဖွဲ့စည်းလိုက်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်...

ပေါက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းက ထောက်ရှာပင်ရွာကို ထပ်မံ မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀ ခန့် မီးလောင်ပြာကျ၊ ကျေးရွာ ၉ ရွာမှ ပြည်သူ ၇၀၀၀ ခန့် စစ်ရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

ရန်ကုန်၊ ဇူလိုင် ၁၄ မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ စစ်ဘေးတိမ်းရှောင်နေရကာ စားနပ်ရိက္ခာများ အရေးပေါ် အကူအညီလိုအပ်နေကြောင်း ပေါက်မြို့နယ် လူသားစာနာဌာန ထုတ်ပြန်ချက်နှင့် ဆိပ်ဖြူတစ်ကိုယ်တော်ကျားဇိုး ပြောဆိုချက်အရ သိရသည်။ ပေါက်မြို့နယ်အရှေ့ပိုင်းရှိ ထောက်ရှာပင်ကျေးရွာတွင် ရောက်ရှိတပ်စွဲထားသည့် အင်အား...

ရန်ကုန်တွင် ဆယ်ကျော်သက် လူငယ်စုံတွဲ ၂ ဦး ကားဖြင့် နေအိမ်မှ ထွက်ခွာသွားပြီး ၁ လနီးပါးကြာသည်အထိ အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးနေ၍ မိသားစုက အရေးပေါ်ရှာဖွေနေ၊ လူငယ်များကို လိုက်လံဖမ်းဆီး ငွေညှစ်ပြီး ငွေမပေးနိုင်ပါက စစ်တပ်ထံ ရောင်းစားသည့်အုပ်စုများ ပေါ်ပေါက်နေဟု သတိပေး

ရန်ကုန်၊ ဇူလိုင် ၁၄ ရန်ကုန်မြို့တွင် ဆယ်ကျော်သက် လူငယ်စုံတွဲဖြစ်သည့် ဥက္ကာ ခေါ် အောင်သူရိန်ထွန်းနှင့် မမေသက် သက်မွန်တို့ လူငယ် ၂ ဦးသည် ကားဖြင့် နေအိမ်မှ ထွက်သွားပြီးနောက် ယနေ့အချိန်အထိ ၁ လနီးပါးကြာ အဆက်အသွယ် လုံး၀ပြတ်တောက်ကာ ပျောက်ဆုံးနေသဖြင့် မိသားစုဝင်များက အရေးပေါ်ရှာဖွေနေကြောင်း...

အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရို ဦးဆောင်၍ ယခုနှစ်ကုန်ပိုင်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု ကူညီရေး မစ်ရှင် သွားရောက်မည်

ရန်ကုန်၊ ဇူလိုင် ၁၄ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်လည်းဖြစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ မာရီယာ သီရီဆာ ပီ လာဇာရို ဦးဆောင်၍ ယခု ၂၀၂၆ ခုနှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသော ဒေသများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်တစ်ခု သွားရောက်ရန် စီစဉ်နေကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့...

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရန် နီးကပ်လာစဉ် ရာအိမ်မှူးများနှင့် ပြည်သူများ ဖမ်းဆီးခံရ၊ မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခံခဲ့ရသော အုပ်ချုပ်ရေးမှူးဟောင်း ဇော်လွင် ပြန်လည်အာဏာရရေး ကြိုးစားနေ

ရန်ကုန်၊ ဇူလိုင် ၁၄ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ အမှတ် ၈၈ ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်မှု နီးကပ်လာစဉ် ပြည်သူများဘက်မှ ရပ်တည်ပေးနေသည့် ရာအိမ်မှူးများနှင့် ဒေသခံပြည်သူအချို့ကို ညအချိန်မတော် ဖမ်းဆီးခေါ်ဆောင်မှုများ ဖြစ်ပွားနေကြောင်း ရပ်ကွက်နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။ ဇူလိုင်လ ၁၃ ရက်နေ့ ည ၁၁...

တောင်ငူလေ့ကျင့်ရေးတပ်တွင် မူးယစ်ဆေးဝါးစွဲနေသော စစ်သားက မိသားစုဝင်များကို သေနတ်ဖြင့် ပစ်သတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်၊ ပြည်မြို့နယ်တွင်လည်း ရဲတပ်သား ၁ ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ် အဆုံးစီရင်မှုဖြစ်ပွား

ရန်ကုန်၊ ဇူလိုင် ၁၄ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ တောင်ငူလေ့ကျင့်ရေးတပ်တွင် စစ်သား ၁ ဦးက မိသားစုဝင်များကို သေနတ်ဖြင့် ပစ်သတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း တပ်တွင်းသတင်းရင်းမြစ်များနှင့် နီးစပ်သူများထံမှ သိရသည်။ ဇူလိုင်လ ၁၂ ရက်နေ့တွင် တောင်ငူမြို့ရှိ လေ့ကျင့်ရေးတပ်အတွင်း၌ စစ်သား လင်မယား ၂ ဦး...

အကြမ်းဖက် စစ်တပ်နှင့် စစ်ခေါင်းဆောင်များ၏ ဗေဒင်ယတြာ အခါတော်ပေး ဒေါက်တာဖေဉာဏ်ကို သတ်ဖြတ်သူ ၅ ဦး ဖမ်းမိ၊ နိုင်ငံရေးကြောင့်မဟုတ်ဘဲ လောဘဖြင့် ငွေရယူရန် ကြိုတင်ကြံစည် သတ်ဖြတ်ခဲ့ဟုဆို

ရန်ကုန်၊ ဇူလိုင် ၁၄ အကြမ်းဖက် စစ်တပ်နှင့် စစ်ခေါင်းဆောင်များ၏ ဗေဒင်၊ ယတြာနှင့် အခါတော်ပေးအဖြစ် လူသိများသော ဒေါက်တာဖေဉာဏ် ခေါ် ဦးပညာဝံသကို သတ်ဖြတ်၍ ငွေနှင့် လက်ကိုင်ဖုန်းများ လုယက်ယူ ဆောင်ခဲ့သူ ၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ သတ်ဖြတ်မှုမှာ နိုင်ငံရေးကြောင့်မဟုတ်ဘဲ ငွေရယူရန်...

မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုအကျပ်အတည်း ကမ္ဘာ့အဆိုးရွားဆုံးအခြေအနေ ဆိုက်ရောက်နေပြီး ပြည်သူ ၁၆ သန်းကျော် အရေးပေါ်အကူအညီလိုအပ်နေဟု ကုလသမဂ္ဂ သတိပေး

ရန်ကုန်၊ ဇူလိုင် ၁၄ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်း ကြုံတွေ့နေရသည့် နိုင်ငံများအနက် တစ်နိုင်ငံအဖြစ် ဆက်လက်ရှိနေပြီး နိုင်ငံတစ်ဝန်း ပြည်သူ ၁၆ သန်းကျော်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN Office...

မြန်မာ့အရေး အဖြေရှာရန် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် လူကိုယ်တိုင် ပထမဆုံးအကြိမ် လျှို့ဝှက်တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၁၄ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို အရှိန်လျှော့ချ၍ နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရေး ကြိုးပမ်းမှုအဖြစ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွမ်ကက်ကီယိုတို့က မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ၊ ပတ္တယားမြို့တွင် တံခါးပိတ် လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Bilyonaryo...

Latest news

- Advertisement -spot_img