30 C
Yangon
spot_img

CATEGORY

News

စစ်တပ်က ဒုတိယအကြိမ် အပစ်ရပ်ကြေညာပြီးနောက် ဖားကန့်ဘက်သို့ အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီး မိုးညှင်းနှင့် ဗန်းမော်တို့ကို လေကြောင်းတိုက်ခိုက်နေ

ရန်ကုန်၊ ဧပြီ ၂၄ အကြမ်းဖက်စစ်ကောင်စီက ဒုတိယအကြိမ် အပစ်ရပ်သည်ဟု ကြေညာပြီးနောက် ကချင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ကြောင်းထိုးလှုပ်ရှားမှုများတောက်လျှောက်လုပ် ဆောင်လျက်ရှိကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။ ဧပြီလ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊...

စစ်ကောင်စီအနေဖြင့် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ပြီး မတရားဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ပေးရန် အမေရိကန်က ထပ်ပြောပြန်

ရန်ကုန်၊ ဧပြီ ၂၄ အကြမ်းဖက် စစ်ကောင်စီအနေဖြင့် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ပြီး မတရားဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ပေးရန် အမေရိကန်ပြည်ထောင်စု၊အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၏ အကြီးတန်းအရာရှိ Sean O'Neill က ပြောဆိုလိုက်သည်။ ဧပြီလ ၂၂ ရက်နေ့ ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ၃၇ ကြိမ်မြောက် အမေရိကန်-အာဆီယံ ဆွေးနွေးပွဲတွင် ၎င်းက...

ဆိပ်ဖြူမြို့နယ်တွင် ကပစ ၂၂ က လူငယ်များကို ဖမ်းဆီးပြီး တစ်ဦးလျှင် သိန်း ၂၀ ဖြင့် ပြန်ရွေးခိုင်း၊ လှည်းကူးမှ အုပ်ချုပ်ရေးမှူးများက လူငယ်များကို အလုပ်ရရှိမည်ဟုလိမ်လည်ပြီး လူစားထိုးစစ်မှုထမ်းများအဖြစ် စစ်ထဲသွင်း

ရန်ကုန်၊ ဧပြီ ၂၄ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် ကပစ ၂၂ က လူငယ်များကို ဖမ်းဆီးပြီး တစ်ဦးလျှင် သိန်း ၂၀ ဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်...

ဖယ်ခုံမြို့နယ်၊ မြင်းမထိတောင်တွင် ဒေသတိုင်းရင်းသားများက ကန့်ကွက်နေသည့်ကြားမှ တရုတ်နှင့်လေးပွင့်ကြယ်ကုမ္ပဏီတို့က အတင်းအကျပ် ဝင်ရောက် သတ္တု တူးဖော်နေ

ရန်ကုန်၊ ဧပြီ ၂၃ ရှမ်းပြည်နယ်နှင့်ကရင်နီပြည် အစပ် ဖယ်ခုံမြို့နယ်၊ မြင်းမထိတောင်တွင် ဒေသတိုင်းရင်းသားများက ကန့်ကွက်နေသည့်ကြားမှ တရုတ်နှင့်လေးပွင့်ကြယ်ကုမ္ပဏီတို့က အတင်းအကျပ် ဝင်ရောက် သတ္တု တူးဖော်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုနှစ် မတ်လမှစတင်၍ ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာအုပ်စုအတွင်းရှိ မြင်းမထိတောင်ရှိ ပရာဒေါင်းဆွေမျိုးစုနယ်မြေတွင် လေးပွင့်ကြယ်ကုမ္ပဏီက တရုတ်ကုမ္ပဏီနှင့်ပူးပေါင်း၍ သတ္တုတူးဖော်ခြင်းများ...

ဗိုလ်ချုပ်ဟောင်း စိုးသိန်းနှင့်သား အေးချမ်းတို့က ပြည်သူ ၁၅ ဦးထက်မနည်းကို ကမာရွတ်၊ ဗဟန်းနှင့်ပန်းဘဲတန်းမြို့နယ်တို့တွင် ပုဒ်မ ၅၀၅ (က)၊ ၆၆ (ဃ) ဖြင့် အမှုဖွင့်သည့်အပြင် တရားမကြောင်းဖြင့် ပြည်သူ ၁ ဦးလျှင် ငွေကျပ် သိန်း ၃၀၀၀ စီ လျှော်ကြေးပေးရန်...

ရန်ကုန်၊ ဧပြီ ၂၄ အကြမ်းဖက် စစ်တပ်မှ ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သော ဝန်ကြီးဟောင်း စိုးသိန်းနှင့် သားဖြစ်သူ အေးချမ်းတို့က ပြည်သူ ၁၅ ဦးထက်မနည်းကို ကမာရွတ်မြို့နယ်၊ ဗဟန်းမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်တို့တွင် ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် အမှုဖွင့်သည့်အပြင် တရားမကြောင်းဖြင့်ပါ...

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ စစ်တပ် ခြေကုပ်စခန်းကို လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ စစ်တပ် ခြေကုပ်စခန်းကို လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး ရန်ကုန်၊ ဧပြီ ၂၃ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ စစ်တပ် ခြေကုပ်စခန်းကို လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Fire Dragon...

စစ်ကိုင်းမြို့ပေါ်မှ မင်းကွန်းဒေသသို့ သောက်စားမူးရူးပြီး ပြန်လာသော ပျူစောထီးများ လိုက်လာသည့် ကားကို ပစ်ခတ် တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် နေလင်း (ခ) ရဲဘော်ကြီး အပါအဝင် ၇ ဦး သေဆုံး

စစ်ကိုင်းမြို့ပေါ်မှ မင်းကွန်းဒေသသို့ သောက်စားမူးရူးပြီး ပြန်လာသော ပျူစောထီးများ လိုက်လာသည့် ကားကို ပစ်ခတ် တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် နေလင်း (ခ) ရဲဘော်ကြီး အပါအဝင် ၇ ဦး သေဆုံး ရန်ကုန်၊ ဧပြီ ၂၃ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှ မင်းကွန်းဒေသသို့ သောက်စားမူးရူးပြီး ပြန်လာသော...

ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၄ နေရာကို ထမင်းတစ်နပ်လှူဒါန်း

ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၄ နေရာကို ထမင်းတစ်နပ်လှူဒါန်း ရန်ကုန်၊ ဧပြီ ၂၃ ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၄ နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းတစ်နပ်သွားရောက်လှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။

လောင်းလုံးမြို့နယ်တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူး သုံးစွဲနေသူများကို ပအဖ က ဖမ်းဆီး အရေးယူထား

လောင်းလုံးမြို့နယ်တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူး သုံးစွဲနေသူများကို ပအဖ က ဖမ်းဆီး အရေးယူထား ရန်ကုန်၊ ဧပြီ ၂၃ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူး သုံးစွဲနေသူများကို ဖမ်းဆီး အရေးယူထားကြောင်း လောင်းလုံးမြို့နယ် ပအဖ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၁၆ ရက်နေ့...

အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆို

အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆို ရန်ကုန်၊ ဧပြီ ၂၃ အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF အမှတ် ၃ စစ်ကြောင်း ၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များကို ပြည်သူများက အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။ ရှစ်လ ဝန်းကျင်ကြာမြင့်ခဲ့သည့်...

Latest news

- Advertisement -spot_img