25.2 C
Yangon
spot_img

CATEGORY

News

စလင်းမြို့နယ်၊ တညောင်ရဲစခန်း နှင့် သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်းတို့ကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို ဒရုန်းဖြင့် ၂ ရက်ဆက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း နယ်စည်းမခြား ဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် ၈ နာရီ...

စစ်ကိုင်းမြို့ လင်းလက်ပါဝါ KTV တွင် သောက်စားပျော်ပါးနေသော တပ်မ ၃၃ မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၄ ဦး ဝင်ရောက်ပစ်ခတ်မှု ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ လင်းလက်ပါဝါ KTV တွင် သောက်စားပျော်ပါးနေသော တပ်မ ၃၃ မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၄ ဦး ဝင်ရောက်ပစ်ခတ်ရာ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း...

TNLA နှင့် စစ်ကောင်စီတပ်များ အကြား အပစ်ရပ်ရေး ဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံးဟု TNLA က ထုတ်ပြန်ကြေညာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ပြုလုပ်သည့် တအာင်း TNLA နှင့် စစ်ကောင်စီတပ်များအကြား ဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံးသွားကြောင်း TNLA က ယနေ့ ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၊...

အထက်မင်းလှတွင် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက်တိုက် တိုက်ခိုက်မှု စစ်သား ၇ ဦးထက် မနည်း သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပြည်သူ့လွတ်လပ်ရေးတပ်တော် - PIA တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ အထက်မင်းလှမြို့နယ်၊ ရှမ်းတပ်စခန်းနှင့်...

နွေဦးတော်လှန်ရေးကို သွေးခွဲရေးလမ်းစဉ်ဖြင့် အင်အားချိနဲ့စေရန် လုပ်ဆောင်လာမှုများ သတိပြုရန် NUG ဝန်ကြီးချုပ် သတိပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ စစ်အဏာရှင်တော်လှန်ရေးကို သွေးခွဲရေးလမ်းစဉ်ဖြင့် အင်အားချိနဲ့စေရန် လုပ်ဆောင်လာမှုများကို သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေး ပြောဆိုသည်။ ယမန်နေ့ ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၆/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း သတိပေးလာခြင်းဖြစ်သည်။ ယခုအချိန်သည် စစ်အာဏာဏာရှင်ကို အမြစ်ဖြတ်ရန် အချိန်မဆွဲကြဘဲ အားလုံး အတူတူ...

ချောင်းဦးမြို့နယ်၊ ကျီးကုန်းကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ၂ ဦးသေဆုံးပြီး အသက် ၅ နှစ်အရွယ် ကလေး အပါအဝင် ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ စစ်တပ်၏ မြပုလဲဂိတ်စခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျီးကုန်းကျေးရွာမှ ပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Chaung U Revolution news မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့...

လောင်းလုံး စခန်းကြီးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်၊ ကြို့ပင်ကောက် ဘော်ဘင်ဆည်တွင် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး ဆည်ဝန်ထမ်း ၁ ဦး ခြေထောက်ပြတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညပိုင်းတွင် လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာကို အကြမ်းဖက် စစ်တပ်က...

ပေါက်မြို့နယ်၊ ကပစ ၂၄ အနီး စစ်သား ၂ ဦး မိုင်းလာဖြုတ်စဉ် အဝေးထိန်းဖြင့် မိုင်းခွဲတိုက်ခိုက်မှု ဒုတပ်ကြပ် အောင်ဇော်မြင့် သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်စက်ရုံ - ကပစ ၂၄ အနီးတွင် မိုင်းဖြုတ်ယူ သွား သည့် စစ်သား ၂ ဦးကို အဝေးထိန်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ဒုတပ်ကြပ် အောင်ဇော်မြင့် သေဆုံးသွားကြောင်း ဆိပ်ဖြူ တကိုယ်တော်ကျားဇိုးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့...

တောင်သာ၊ ထနောင်းကုန်း ပျူစောထီးရွာကို တိုက်ခိုက်မှု စစ်သား အလောင်း ၂ လောင်းနှင့် သေနတ် ၃ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ထနောင်းကုန်း ပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား အလောင်း ၂ လောင်းနှင့် သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း PLA အနောက်မြောက်စစ်ဒေသမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၉...

ချောင်းဦးမြို့နယ်၊ မြပုလဲ စစ်တပ်အထိုင်စခန်းကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်သား ၂ ဦး သေဆုံးကာ ၅ ဦးဒဏ်ရာရရှိဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် အတွင်းရှိ အကြမ်းဖက်စစ်တပ်၏ ခင်မွန်(မြပုလဲ) အထိုင်စခန်းကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Snipe Rangers Force (Local -...

Latest news

- Advertisement -spot_img