27 C
Yangon

အထက်မင်းလှတွင် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက်တိုက် တိုက်ခိုက်မှု စစ်သား ၇ ဦးထက် မနည်း သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပြည်သူ့လွတ်လပ်ရေးတပ်တော် – PIA တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ အထက်မင်းလှမြို့နယ်၊ ရှမ်းတပ်စခန်းနှင့် တစ်မိုင်ခွဲခန့်အကွာ၊ ပုသိမ် – မုံရွာ ကားလမ်းမကြီး တစ်နေရာတွင် အကြမ်းဖက်စစ်ကောင်စီမှ တွဲကားများဖြင့် ပုံဖျက် ချီတက် လာ စဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်လည်း အထက်မင်းလှမြို့နယ်၊ ပုသိမ် – မုံရွာ ကားလမ်း ပိုင်း၊ ရှမ်းတပ်ကြီးရဲစခန်းမှ ချဉ်းကပ်ချီတက်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပြည်သူ့ ကာ ကွယ်ရေး ပူးပေါင်းတပ်များ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ပြည်သူ့လွတ် လပ်ရေး အဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO / PIA) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် မင်းလှမြို့နယ်အတွင်း ခရီးသွားလာလှုပ်ရှားမှုများအား နံနက် ၆ နာရီ မှ ညနေ ၆ နာရီအတွင်း သွားလာလှုပ် ရှားကြရန်၊တော်လှန်ရေးတပ်ဖွဲ့များ၏ လုံခြုံရေး အစီ အမံများအား တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တော်လှန်ရေးတပ်များက မေတ္တာရပ်ခံတိုက်တွန်းထားသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ သရက်မြို့ ကပစ ၁၂ မှ စစ်ကူပေးရန် လက်နက်ခဲယမ်းများ တင်ဆောင်၍ ထွက်လာသည့် စစ်ကား ၁ စီးသည် မင်းလှမြို့နယ်၊ ထန်းကိုင်းကျေးရွာအနီးအရောက် မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားကာ ကားပေါ် စီးနင်းလိုက်ပါလာသော စစ်သား ၈ ဦး အနက် ၂ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article