36 C
Yangon
spot_img

CATEGORY

Politics

ယင်းမာပင်ရှိ ကျေးရွာများတွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၈ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာများတွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၈ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် နိုဝင်ဘာ ၈ ရက် ယနေ့တွင် ၆၀၇ ရက်မြောက် အဖြစ် ချီတက်ဆန္ဒပြကြသည်။

“ဖားကန့်အတွက် သွေးကြွေး ဆပ်ကြ” ကြွေးကြော်သံများဖြင့် ကနီပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၈ ကနီမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ နိုဝင်ဘာလ ၇ ရက်နေ့တွင် "တပ်ပေါင်းစု နှင့် စစ်အနိုင်တိုက်ရေး ရှေးရှူကြ ၊ ဖားကန့်အတွက် သွေး ကြွေး ဆပ်ကြ" ကြွေးကြော်သံများ စာတန်းများ ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“ဘယ်တော့မှမရှုံး တော်လှန်တန်ဆောင်မုန်း” စာတန်း ကိုင်ဆောင်ကာ ဝက်လက် ဒေသခံများ ညသပိတ် ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၇ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ဦးဆောင်ကာ "ဘယ်တော့မှမရှုံး တော်လှန်တန်ဆောင်မုန်း" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ တော်လှန်ရေးအတွင်း ကျဆုံးခဲ့သည့် အာဇာနည်ရဲဘော်များနှင့်‌ နွေဦးတော်လှန်ရေး ဒီမိုကရေစီတိုက်ပွဲ မှာမြင့်မြတ်စွာအသက်ပေးလှူခဲ့ကြသော သူရဲကောင်းများအား...

ထိုင်းနိုင်ငံ၊လိပ်ကျွန်းတွင် မြန်မာစစ်အာဏာရှင် ကျဆုံးရေး မီးထွန်းသပိတ်ပြုလုပ်

ရန်ကုန်၊နိုဝင်ဘာ ၈ ထိုင်းနိုင်ငံ တောင်ပိုင်း ကော့စမွေခရိုင် လိပ်ကျွန်း (koh tao island) မြန်မာ ရွေ့ပြောင်းလုပ်သား မိသားစုက နိုဝင်ဘာလ ၇ ရက်နေ့ညပိုင်း စစ်အာ ဏာရှင် ကျဆုံးရေး တန်ဆောင်တိုင် မီးထွန်းသပိတ်ပြုလုပ်ကြသည်။

ဆားလင်းကြီးတွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၇ ဆားလင်းကြီးတွင် လက်ပံတောင်းတောင်ဒေသ ပင်မ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းမာပင်တွင် ဗကသ ကျောင်းသားများက မဟာအောက်တိုဘာ တော်လှန်ရေး ၁၀၅ နှစ်ပြည့် အထိမ်းမှတ်ပွဲပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၇ ယင်းမာပင်မြို့နယ်​ ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင် ကျောင်းသားများ ဦးဆောင်ကာ "မဟာ​အောက်တိုဘာ​ တော်လှန်​ရေး (၁၀၅) နှစ်ပြည့် အထိမ်းမှတ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ "ယနေ့သည် တော်လှန်သောတန်ဆောင်တိုင်နေ့လည်း ဖြစ်သည်။ အဖိနှိပ် ခံလယ်သမားများ ကျောင်းသားများ တသားတည်းညီကာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ တိုက်ပွဲဝင်သွားကြရန်...

ဝက်လက် ဒေသခံများ တော်လှန်ရေးအတွင်း ကျဆုံးခဲ့သူများအတွက် ဆီမီး တစ်သောင်းဖြင့် ဆုတောင်းပွဲပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၇ ဝက်လက် ဒေသခံပြည်သူများ ဦးဆောင်ကာ တော်လှန်ရေးအတွင်း မြင့်မြတ်စွာ ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းများအတွက် တန်ဆောင်မုန်းလပြည့်နေ့တွင် ဆီမီး တစ်သောင်း ပူဇော်လှူဒါန်း၍ ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆုတောင်းပွဲတွင် ဝက်လက်မြို့နယ် လူထုသပိတ် တိုက်ပွဲဦးဆောင် ကော်မတီ၏ သပိတ်ခေါင်းဆောင်များမှ သပိတ်တရားများ ဟောပြောခဲ့ကြောင်း သိရသည်။

ယင်းမာပင်တွင် ကျေးလက် သူပုန် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၇ ယင်းမာပင်မြို့နယ်တွင် ကျေးလက် သူပုန် စစ်ကြောင်းမှ လူငယ်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် "ထုကိုစုစည်း၊ ထုနဲ့တိုက်၊ ထုနဲ့ဖြို၊ ထုနဲ့တည်ဆောက်" စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

သရက်ချောင်းတွင် တော်လှန် တန်ဆောင်တိုင် ညသပိတ် ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၇ သရက်ချောင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေး အဖွဲ့များနှင့် တော်လှန်ရေး လူငယ်များ ပူးပေါင်းကာ ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် တော်လှန် တန်ဆောင်တိုင် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img