30 C
Yangon
spot_img

CATEGORY

Politics

ကျားဖြူ တပ်ခွဲ ၃ တွင် ဆဲဗင်းဇူလိုင် နှစ် ၆၀ ပြည့်နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ကမ်ပိန်းပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၇ ကျားဖြူ တပ်ခွဲ ၃ တွင် ဆဲဗင်းဇူလိုင် နှစ် ၆၀ ပြည့်နေ့အဖြစ် ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။

တောင်ငူတွင် ဗကသ ကျောင်းသားများ “ဆဲဗင်းဂျူလိုင်စိတ်ဓာတ် ကိုင်စွဲ၊ တိုက်ပွဲအလီလီ ဆင်နွှဲ” စာတန်း ချိတ်ဆွဲ

ရန်ကုန်၊ ဇူလိုင် ၇ တောင်ငူမြို့တွင် တောင်ငူခရိုင် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် အထက (၁) တောင်ငူ ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် 7 July နှစ် ၆၀ ပြည့်နေ့...

ရန်ကုန်တွင် ဆဲဗင်းဇူလိုင် အရေးခင်း နှစ် (၆၀) ပြည့်အထိမ်းအမှတ်အဖြစ် လူငယ်များဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၇ ရန်ကုန်တွင် ဆဲဗင်းဇူလိုင် အရေးခင်း နှစ် (၆၀) ပြည့်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ယနေ့ လူငယ်များ ဆန္ဒပြကြသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်)နှင့် North Dagon Oppressed People's Strike Coalition တို့ပူးပေါင်း၍ ဆဲဗင်းဇူလိုင် အရေးခင်း...

“7July-စိတ်ဓာတ် ကိုင်စွဲ တိုက်ပွဲဝင်ကြ” စာသားနှင့် အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်/ခွန်သပိတ်အင်အားစုသပိတ်ကျင်းပ

ရန်ကုန်၊ ဇူလိုင် ၇ ပြည်ကြီးတံခွန်ဆရာတော် ဦးဆောင်၍ ဆဲဗင်းဂျူလိုင် အရေးတော်ပုံ နှစ်(၆၀)ပြည့် အောက်မေ့ခြင်းအဖြစ် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)မှ ဝါဆိုသင်္ကန်းနှင့် ဆွမ်းကပ်လှု၍ အမျှပေးဝေခြင်း တော်လှန်ရေးအတွင်းမှာကျဆုံးသွားကြသော အာဇာနည်သူရဲကောင်းများအားအလေးပြုခြင်း ပြုလုပ်ခဲ့ကြပြီး "7July-စိတ်ဓာတ် ကိုင်စွဲ တိုက်ပွဲဝင်ကြ" စာသားနှင့် အကြမ်းဖက်စစ်အာဏာရှင်တော်လှန်ခဲ့ကြသည့် ပြည်/ခွန်သပိတ်ဆန္ဒပြခဲ့သည်။

အရာတော်တွင် “၇.၇.၆၂ မမေ့ကျနဲ့” ဘန်နာစာတန်းကိုင်စွဲကာ ကျေးလက်လူထုသပိတ်စစ်ကြောင်းချီတက်

ရန်ကုန်၊ ဇူလိုင် ၇ အရာတော်မြို့နယ်တွင် ယနေ့ ဇူလိုင် ၇ ရက်နေ့၌ မုံရွာပင်မသပိတ်မှ ကိုသန်းကျော်ဦး၊ အရာတော်မြို့နယ်ကျောင်းသားသမဂ္ဂဗကသများအဖွဲ့ချုပ်၊ အထကမလဲသာကျောင်းသားသမဂ္ဂ ဗကသများအဖွဲ့ချုပ် စုပေါင်း၍ “၇.၇.၆၂ မမေ့ကျနဲ့” ဘန်နာစာတန်းကိုင်စွဲကာ ကျေးလက်လူထုသပိတ်စစ်ကြောင်းချီတက်ခဲ့ကြသည်။

7th July နေ့ အထိမ်းအမှတ် စစ်အာဏာရှင်ချေမှုန်းရေး မုံရွာတွင် မီးတုတ်ရှို့ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၇ 7th July နေ့ အထိမ်းအမှတ် အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ တော်လှန်လူငယ်များသည် ယနေ့တွင် မီးတုတ်ရှို့ ဆန္ဒပြကြသည်။ 'သမဂ္ဂအဆောက်အဦးကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့မရပါဘူး' ဟု ကြွေးကြော်ဆန္ဒပြကြသည်။

မန္တလေး သပိတ် အင်အားစုများ ဆဲဗင်းဇူလိုင်နေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၇ မန္တလေး သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ဆဲဗင်းဇူလိုင် ကျောင်းသားအရေးတော်ပုံ နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် "၇.၇.၆၂ မမေ့ကြနှင့်" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း...

ကလေးမြို့ ပင်မသပိတ် အင်အားစုများ 7 July နေ့အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၇ ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် 7 July နေ့အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲ

ရန်ကုန်၊ ဇူလိုင် ၇ ထားဝယ်မြို့ တစ်နေရာတွင် ထား၀ယ်သပိတ်တက်ကြွ လှုပ်ရှားသူများ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် "ဖောက်ပြန်သူအပေါင်းတီးတဲ့စောင်းမှာ ခွပ်ဒေါင်းဘယ်ခါမကပါ"၊ "7July စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲ၀င်ကြ" စာတန်းများ ချိတ်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စာရွက်များဖြန့်ဝေခြင်း၊ဆေးနီများပက်ဖြန်းခြင်းနှင့် တော်လှန်သောသီချင်းများကိုဖွင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးတွင် သမဂ္ဂ ကျောင်းသားများ 7 July နေ့အဖြစ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၇ ဆားလင်းကြီးတွင် မုံရွာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့မှ ဦးဆောင်ကာ လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်းမှ သွားရောက်ပူးပေါင်းပြီး ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် 7 July နေ့ အထိမ်းအမှတ်အဖြစ် "၇.၇.၆၂မမေ့ကြနဲ့" စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး...

Latest news

- Advertisement -spot_img