30.5 C
Yangon

ပုလဲ လူထုသပိတ် စစ်ကြောင်း ၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်ပြည့်နေ့ အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ ဩဂုတ် ၈

ပုလဲ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ၈၈၈၈လူထုအရေးတော်ပုံ ၃၄ နှစ်​ပြည့်နေ့ အဖြစ် ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင် “မပြီးဆုံးသေးတဲ့ ၈၈၈၈ လူထုလွတ်မြောက်ရေး တို့အတူရုန်း” စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

” စစ်အာဏာရှင်ကို တော်လှန်ခဲ့တဲ့လူထုအရေးတော်ပုံ တွေထဲမှာ ၈၈၈၈လူထုအရေးတော်ပုံဟာ ကြီးမားထင်ရှားခဲ့သလို စစ်အာဏာရှင်တော်လှန်ရေးဟာ အခုချိန်ထိမပြီးဆုံးသေးဘူးဆိုတာ အားလုံးအသိဖြစ်ပါတယ်။ ဒီတိုက်ပွဲဟာ NUGနဲ့PDF ကတဖက် စစ်ကောင်စီက တဖက် ရန်ဖြစ်နေတဲ့ ပဋိပက္ခမျိုးမဟုတ်ဘူး ပြည်သူက အကြမ်းဖက်စစ်ကြောင်စီကို လုံးဝလက်မခံကြောင်း တိုက်ပွဲဝင်နေတဲ့ပွဲဖြစ်တယ်။ဒီတော့ ကျနော်တို့ပြည်သူတွေက စစ်အာဏာရှင်တွေအမြစ်ပြတ်သည်အထိ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ်တော်လှန်နေဖို့လိုတယ်လို့ နှိုးဆော်တိုက်တွန်းလိုပါတယ်” ဟု ပုလဲ လူထု သပိတ် ဦးဆောင်သူများက ဟောပြောခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article