30 C
Yangon
spot_img

CATEGORY

Politics

ပခုက္ကူတွင် ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်ရေးနှင့် အတုအယောင် ပြည်ထောင်စု အလိုမရှိ ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေးနှင့် အတုအယောင် ပြည်ထောင်စု အလိုမရှိဟု ပခုက္ကူပြည်သူများက ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ဆန္ဒထုတ်ဖော်ကြသည်။ (မှတ်ချက်- အကြမ်းဖက်စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ထားခြင်းကြောင့် သပိတ်များ နောက်ကျမှ တင်ရခြင်းဖြစ်ပါသည်)

အင်တာနက်ဖြတ်​တောက်ထား​သော်လည်း ယင်းမာပင်တွင် ပြည်သူရာ​ပေါင်းများစွာ ချီတက်သပိတ်​မှောက်

ရန်ကုန်၊ ​ဖေ​ဖော်ဝါရီ ၁၃စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ်တွင်း ကျေးရွာ၃ရွာပေါင်း ​ဖေ​ဖော်ဝါရီလ ၁၂ ရက်​နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း လူထုအင်အားများစွာဖြင့် အောင် မြင်စွာ ချီတက်နိုင်ခဲ့ ပြီး ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီအဖွဲ့ဝင်များ ပူးပေါင်းဝန်းရံကာ သပိတ်တရားများ ဟောပြော ခဲ့ ကြပါသည်

တန့်ဆည်မြို့နယ်တွင် စစ်အာဏာရှင် ပြုတ်ကျ​ရေး ချီတက် ​ကြွေး​ကြော်(ရုပ်/သံ)

ရန်ကုန်၊ ​ဖေ​ဖော်ဝါရီ ၁၂ စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ် ပင်မသပိတ်စစ်ကြောင်း စစ်အာဏာရှင် ပြုတ်ကျရေး ယ​နေ့ည​နေပိုင်း ကြွေးကြော်ဆန္ဒပြသည်။(-မှတ်ချက် - မိုဘိုင်းလ် အင်တာနက်လိုင်းများကို အကြမ်းဖက်စစ်ကောင်စီက ဖြတ်တောက်ထား၍ သပိတ်ပုံနှင့်ဗီဒီယိုများ တင်ရန် နောက်ကျခြင်းဖြစ်ပါသည်) https://youtu.be/KGIOtPC-zAI

စိုင်ပြင်တွင် “ခွေးရူးကောင်းစား တစ်မွန်းတည့် မွန်းတည့်ချိန်ထိ အသက်ရှင်ခွင့်မပြု” စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ တစ်နေရာတွင် ယနေ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့၌ "ခွေးရူးကောင်းစား တစ်မွန်းတည့် မွန်းတည့်ချိန်ထိ အသက်ရှင်ခွင့်မပြု" စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲခဲ့ကြောင်းသိရသည်။ Photo - ဒီပဲယင်းမြို့နယ်တော်လှန်ရေးစစ်ကြောင်းဦးဆောင်ကော်မတီ

ဆားလင်းကြီးတွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ဆားလင်းကြီးတွင် လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် "ပင်လုံကတိကဝတ် အရင်းတည် ဖက်ဒရယ်ပြည်ထောင်စုသို့ရဲရဲချီ" စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ထားဝယ်တွင် တယ်လီနောကို Investcom ကုမ္ပဏီ(ရွှေဗျိုင်းဖြူ)ထံရောင်းချခြင်းမပြုရန်တယ်လီနော၏ တာဝန်ရှိသူများထံ တောင်းဆိုသည့် ကမ်ပိန်းပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိလူငယ်များက တယ်လီနောကို စစ်အုပ်စုလက်ဝေခံ Investcom ကုမ္ပဏီ(ရွှေဗျိုင်းဖြူ)ထံရောင်းချခြင်းမပြုရန်၊ သုံးစွဲသူပြည်သူများ၏ အချက်အလက်များကို အကြမ်းဖက် စစ်အုပ်စုထံ လွှဲပြောင်းပေးခြင်းမပြုရန် ဖေဖော်ဝါရီလ ၁၂ရက်တွင် တယ်လီနော၏ တာဝန်ရှိသူများထံ တောင်းဆိုသည့် ကမ်ပိန်းပြုလုပ်ခဲ့ကြသည်။

“အနိုင်ရဖို့နီးစပ်နေတာကို ဘာကြောင့်သွေးအေးနေမှာလဲ” ခေါင်းစဉ်နှင့် လူမဲ့သပိတ်ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ မြဝတီမြို့တွင် အကြမ်းဖက် စစ်ကောင်စီများ တင်ကျပ်သည့်ကြားမှမြဝတီမြို့တွင်း LPDF ကနေ လူမဲ့သပိတ်ကို"အနိုင်ရဖို့နီးစပ်နေတာကို ဘာကြောင့်သွေးအေးနေမှာလဲ" ခေါင်းစဉ်နှင့် ယနေ့ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

လက်ပံတောင်းတောင် ဒေသတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်းစုတည်ဆောင်ရေး၊ ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး သပိတ်ချီတက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂လက်ပံတောင်းတောင် ဒေသတွင် ပြည်သူများ စုစည်း၍ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သည့် (၇၅) နှစ်ပြည့်မြောက်နေ့တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို ရှေးရှုရေးနှင့် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လက်ပံတောင်းတောင်ဒေသလူထုက ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်ေန့တွင် ချီတက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်…

နမ္မတီးမြို့တွင် ပြည်ထောင်စု သပိတ်ပြုလုပ်

ရန်ကုန်၊ဖေဖော်ဝါရီလ ၁၂ကချင်ပြည်နယ် နမ္မတီးမြို့တွင် ပြည်သူများ စုပေါင်း၍ ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် " ၄၇ ပင်လုံကတိကဝတ်အား အကောက်အထည်ဖော်၍ စစ်မှန်သော ပြည်ထောင်စုလောကနိဗ္ဗာန်တည်ဆောက်မည်" ဟူသည့် ကြွေးကြော်သံဖြင့် နမ္မတီးပြည်သူများက ပြည်ထောင်စုနေ့သပိတ်ကို ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်တွင် လက်သုံးချောင်းထောင်စုရုံး၍ စစ်အာဏာ ရှင်ကိုဆန့်ကျင်​ရေးလှုပ်ရှား

ရန်ကုန်၊ဖေဖော်ဝါရီ ၁၂ ရန်ကုန်တွင်ယနေ့ညနေပိုင်း အတုအယောင်ပြည်ထောင် စုဆန့်ကျင်း​ရေးနှင့် စစ်အာဏာရှင် ကျဆုံး​ရေး ကြွေးကြော်သံများဖြင့် လက်သုံးချောင်းထောင် စုရုံး ကာစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ကြသည်။ဖေဖော်ဝါရီ ၁၂ လူထုလူပ်ရှားမူကို ပြည်သူအများပါဝင်ခဲ့သလို စစ်အာဏာရူး ဗိုလ်ရှုသဘင်ကို တီဗီ စောင့်ကြည့်ခြင်း၊ ထိုပွဲကို လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြခြင်း၊ ဖြန့်ဝေခြင်း၊ မှတ်ချက်ပေးခြင်းတို့ကို မပြုလုပ်ဘဲ စစ်အာဏာရှင်အား...

Latest news

- Advertisement -spot_img