35 C
Yangon

တောင်ကိုရီးယားနိုင်ငံ၊ ဆိုလ်းမြို့တွင် မြန်မာ နိုင်ငံသားများ ဦးဆောင်ကာ ဒီမိုကရေစီရေး လှုပ်ရှားသူ ၄ ဦးကို ဥပဒေမဲ့ သတ်ဖြတ်ခဲ့သော စစ်တပ်အား ကန့်ကွက် ရှုတ်ချကြောင်း ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဒီမိုကရေစီရေး လှုပ်ရှားသူ ၄ ဦးကို ဥပဒေမဲ့ သတ်ဖြတ်ခဲ့သော စစ်တပ်ကို ကန့်ကွက် ရှုတ်ချကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

ချီတက် ဆန္ဒပြပွဲကို မြန်မာ့ ဒီမိုကရေစီ အရေးကို ထောက်ခံ အားပေးသော အဖွဲ့အစည်းများနှင့် တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများ ပူးပေါင်း ပါဝင်ခဲ့ပြီး ဆန္ဒပြသူများသည် ဝမ်းနည်း ပူဆွေးသည့် အနေဖြင့် အနက်ရောင် အင်္ကျီနှင့် နှင်းဆီပန်း တပွင့်ဆီ ယူဆောင်လာကြကာ ဆိုလ်းမြို့ရှိ ဂွမ်ဟွာမွန်ဘူတာ ထွက်ပေါက် ၆ အဆောက်အဦး ရှေ့တွင် လူစုကြပြီးနောက် ဆန္ဒပြ ချီတက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြပွဲကို မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံသော ကိုရီးယား အဖွဲ့အစည်းများနှင့် တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများ စုစုပေါင်းအင်အား ၁၀၀၀ ကျော်နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး အစိုးရ၏ ကိုရီးယား သမ္မတ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကလည်း အတူတကွပူးပေါင်း ချီတက်ခဲ့ကာ ည ၇ နာရီအချိန်တွင် ဆိုလ်းမြို့ အွန်စု ဘူတာအနီးရှိ မြန်မာ စစ်အုပ်စု၏ စစ်သံရုံးရှေ့တည့်တည့်တွင် စစ်သံရုံးအား ဆက်လက် ဆန္ဒပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article